နိရဉ္စရာ၊ အောက်တိုဘာ ၄/၂၀၂၂
၇ခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ ဆန်စက်ပိုင်ရှင်တစ်ဦးကိုမြန်မာ့စစ်ကောင်စီတပ်က တွေ့ဆုံရန် ဖိတ်ခေါ်သဖြင့် အဖော်ဖြစ်သူနှင့် တွေ့ဆုံရန်လိုက်သွားပြီးနောက်လက်ရှိတွင် ၎င်းတို့ နှစ်ဦးစလုံး အဆက်အသွယ်မ၇ဘဲ ပျောက်ဆုံးနေကြောင်း မိသားစုများက ပြောကြားသည်။
ပျောက်ဆုံးနေသူ နှစ်ဦးမှာ ကျောက်တော်မြို့နယ်၊ ကာဒီ(ခ)သဇင်ရွာမှဆန်စက်ပိုင်ရှင် ဦးလှမောင်သန်း(၄၃)နှင့် အပေါက်၀ ကျေးရွာမှ မောင်ချေ(ခ) ဦးမောင်သာစိုး(၃၉)တို့ ဖြစ်ကြသည်။
အောက်တိုဘာ (၂) ရက် ညနေ ၅ နာရီခွဲတွင်ကျောက်တော်မြို့နယ် ကန်စောက် အခြေစိုက် (၅၃၉) တပ်ရင်း၊တပ်ရင်းမှူးက တွေ့ဆုံး ဆွေးနွေးစရာရှိသည်ဟုဆိုကာ ဦးလှမောင်သန်းကို ဖုန်းဆက်ခေါ်သဖြင့် အဖော်ဖြစ်သူ မောင်ချေ(ခ) ဦးမောင်သာစိုးနှင့်အတူ ၎င်းတပ်ရင်းသို့ သွားရောက်ခဲ့ကြသည်ဟု ဆိုသည်။
လက်ရှိတွင် သူတို့နှစ်ဦးမှာ အိမ်ကို ပြန်မရောက်ဘဲ အဆက်အသွယ်မ၇ဖြစ်နေကြောင်း ဦးလှမောင်သန်း၏ ဇနီး ဒေါ်လှအေးဆန်းက နိရဉ္စရာကို ပြောသည်။
"အရင်ကလည်း ခဏခဏခေါ်ဖူးပါတယ်။ ကျမကို အမျိုးသားက အဲ့ဒီကိုသွားတယ်လို့ အတိအကျ ပြောခဲ့ပါတယ်။ ပြန်မရောက်လို့ တစ်ညလုံးဖုန်းဆက်တာမကိုင်ပါဘူး။ နောက်နေ့မနက် ၁၀ နာရီလောက်ကျတော့ ပြန်ဆက်လာပြီး (၅၃၉) မှာလို့ပြောခဲ့ပါတယ်။ ဖုန်းထပ်ဆက်လို့လည်း မ၇တော့လို့ ကျမတို့တပ်ကိုသွားပြီးမေးပါတယ်။ တပ်ဂိတ်က ဒီကိုမရောက်ဘူးလို့ပြောပါတယ်။ ကျမတို့အထဲကို ဝင်လည်းမဝင်ခဲ့၇ပါဘူး" ဟု ပြောသည်။
(၅၃၉) တပ်ရင်းကိုသွားရောက်မေးမြန်းစဉ်တွင် တပ်တွင်မရှိဟု ပြောသည့်အပြင် အဆက်အသွယ်မ၇၍ ၎င်းတို့နှစ်ဦးလုံး၏ မိသားစုများမှာ လွန်စွာစိုးရိမ်မိကြောင်း ပြောသည်။
ဦးလှမောင်သန်းမှာ ကျန်းမာရေးမကောင်းသူဖြစ်ကာ လက်ရှိမည်သည့်နေရာတွင်ထိန်းသိမ်းထားပြီး မည်သို့အခြေအနေရှိသည်ကိုမသိ၇သည့်အတွက် စိုးရိမ်နေ၇ကြောင်း ဇနီးဖြစ်သူ ဒေါ်လှအေးဆန်းက ပြောသည်။
"ကျမအမျိုးသားက ကျန်းမာရေးလည်းမကောင်းပါဘူး။ အမြဲသွေးပေါင်ကျပြီး စိုးရိမ်၇အောင်အထိဖြစ်ပါတယ်။ တချိန်လုံးဆေးနဲ့ဝါးနဲ့နေနေ၇တာပါ။ ရောဂါနဲ့ရော စိတ်ဆင်းရဲတာတွေနဲ့ပါတခုခုဖြစ်မှာတွေ အဆက်အသွယ်လည်းမ၇တော့ စိတ်ပူပါတယ်။ ရှိတဲ့နေရာကိုလည်းသိချင်ပါတယ်။ ဖမ်းထားတယ်ဆိုရင် နှစ်ယောက်လုံးကို အမြန်ဆုံးပြန်လွှတ်ပေးစေချင်ပါတယ်"ဟု ပြောသည်။
မောင်ချေ(ခ) ဦးမောင်သာစိုး၏ဇနီးဖြစ်သူကလည်း ဖမ်းဆီးထားသည်ဆိုလျှင်လည်းဖမ်းဆီးထားကြောင်း အကျိုးအကြောင်း ပြောပြစေလိုပြီး၊ အပြစ်တစ်စုံတစ်ရာလုပ်ထားခြင်းမရှိ၍ အမြန်ဆုံးပြန်လွှတ်ပေးရန် ပြောသည်။
အောက်တိုဘာ (၃) ရက်နေ့က မြောက်ဦးမြို့မှ ဆေးဆိုင်ပိုင်ရှင်အမျိုးသားတစ်ဦးကို စစ်တပ်ကဖမ်းဆီးခဲ့သည်။
ယင်းအပြင် ၇ခိုင်ပြည်နယ်၊ ကျောက်တော်၊ မြောက်ဦး၊ မောင်တော၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ အမ်း စသည့်မြို့နယ်များမှ ဒေသခံ (၄၀) ခန့်ကို စစ်ကောင်စီက ဖမ်းဆီးထားကြောင်း သိ၇သည်။ (NN-7)