Preview

ကျောက်တော်အခြေစိုက် စစ်ကောင်စီတပ်က ယနေ့နေ့လယ်ပိုင်းတွင် အကြောင်းမဲ့လက်နက်ကြီးဖြင့် လူနေကျေးရွာများအနီး ထပ်မံပစ်ခတ်

အောက်တိုဘာ ၀၄/ ၂၀၂၂ | ကြည့်ရှုသူ :4350
ရခိုင် သတင်း

နိရဉ္စရာ၊အောက်တိုဘာ ၄၊ ၂၀၂၂

 

၇ခိုင်ပြည် ကျောက်တော်မြို့နယ်၊ ကန်စောက်အခြေစိုက်၅၃၉တပ်ရင်းမှ ယနေ့ နေ့လယ်က လက်နက်ကြီးများဖြင့် လူနေကျေးရွာများအနီးဝန်းကျင်ကိုအကြောင်းမဲ့ပစ်ခတ်ခဲ့သည်ဟု သိ၇သည်။

 

ကျောက်တော်မြို့နယ်၊ ကန်စောက်အခြေစိုက်၅၃၉တပ်မှ ကျောက်တော်၊ ပုဏ္ဏားကျွန်းနယ်ခွဲအနီးရှိ ရွက်မညှိုးတောင်နှင့်ဘုရားပေါ်တောင်များသို့ ယနေ့နေ့လယ်  ၁နာရီခွဲခန့် အချိန်မှ စတင်ပြီးတိုက်ပွဲများဖြစ်ပွားခြင်းမရှိပဲ လက်နက်ကြီးများဖြင့်အကြောင်းမဲ့ပစ်ခတ်နေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

 

" နေ့လယ် တစ်နာရီခွဲလောက်ကနေ စလို့ပစ်တာ။၅၃၉တပ်ကနေ လက်နက်ကြီးနဲ့ပစ်နေတာ။ စစ်တွေ-

ကျောက်တော်ကားလမ်းနားက ကပ်ရပ်ရှိတဲ့ ရွက် မညှိုးတောင်(ကျောင်းတောင်)နဲ့ ဘုရားပေါ်တောင်တန်းတွေကိုပစ်နေတာ။ ဟိုအရင် နေ့တွေကလည်း အကြောင်းမဲ့ပစ်တယ်။ အခုလည်းတိုက်ပွဲလည်းမဖြစ်ပဲ ဒီအတိုင်းအကြောင်းမဲ့ပစ်နေတာ ၁၅လုံးရှိပြီ။ ခုလည်းပစ်နေဆဲ" ဟု ဒေသ ခံတစ်ဦးက ပြောသည်။

 

စကစတပ်ကလက်နက်ကြီးများဖြင့် ထိုသို့အကြောင်းမဲ့ပစ်ခတ်နေ၍ လက်နက်ကြီးကျည်များ ကျမည်ကိုစိုးရိမ်ကာ  ရွက်မညှိုးတောင်၊ဘုရားပေါ်တောင်၊ ဒေဝန်း၊ ဒေဝန်းချောင်းမှာ အလုပ်အကိုင်မလုပ်နိုင်ဘဲ ရွာများမ ထွက်ကာ ဘေးလွတ်ရာတွင် တိမ်းရှောင်နေကြ၇သည်ဟုသိ၇သည်။

 

"ရွက်မညှိုးတောင်နဲ့လက်နက်ကြီးပစ်နေတဲ့ ၅၃၉ တပ်က အရမ်းမဝေးဘူး။ ပစ်သံနဲ့လက်နက်ကြီးကျသံတွေကအရမ်းကျယ်တယ်။ အခုလက်နက်ကြီးပစ်နေတဲ့ တပ်ရင်းက ရွက်မညှိုးတောင်ရွာကအရမ်းနီးတယ်။ တောင်အောက်မှာ ရွာရှိနေတာ။ အခြေအနေမကောင်းလို့။မတော်လို့ လက်နက်ကြီးတွေ ရွာထဲကျလာမှာကိုစိုးပြီး ရွာ သားတွေက ဘေးလွတ်ရာကိုရှောင်နေကြတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

 

စစ်ကောင်စီတပ်သည် လူနေကျေးရွာများ အနီးတဝိုက်ကို လက်နက်ကြီးများဖြင့်ပစ်ခတ်နေသည်မှာ အကြိမ်ကြိမ်ရှိနေပြီး ထိုပစ်ခတ်မှုကြောင့် ပြည်သူများကိုသာ ထိခိုက်မှုရှိနေသည်ဟုဆိုသည်။

 

ဒီနေ့ ရွက်ညိုးတောင်ရွာနဲ့ အဲဒီရွာအနီးကတောင်တွေကို လက်နက်ကြီး၁၈ လုံးပစ်တယ်။ နေ့လယ် ၁ နာရီခွဲ့နေ ပစ်တာ  ၂ နာရီ ၄၅ မိနစ်လောက်မှာ တန့်သွားတယ်။ ဘာကြောင့်ပစ်တယ်ဆိုတာ မသိရဘူး။ သူတို့ပစ်တာက သာမန် အရပ်ပြည်သူတွေကိုသာ ထိခိုက်နေပါတယ်။ အိမ်တွေပြိုတယ်။ကလေးငယ်တွေကအစ သေဆုံးဒဏ်ရာ၇ကြတယ်။ နွားတွေလည်း သေဆုံးနေတာပါပဲ ဟု ပြောဆိုသည်။

 

ထိုသို့လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်နေ၍ ကျောက်တော်နှင့် ပုဏ္ဏားကျွန်း မြို့နယ် အစပ်အနီးရှ ဒေးဝန်း၊ချောင်းတူကျေးရွာများမှ ရွာသားများထွက်ပြေးနေကြရပြီးလွန်ခဲ့သည့် ရက်အနည်း ငယ်ကလည်း ဗုဒ္ဓေါကျေးရွာ၊ ကွမ်းအုံစု၊ရွက်ညိုးတောင်(ဘုရားပေါ်) ကျေးရွာများမှ ရွာသားများလည်း ထွက်ပြေးခဲ့ကြရကြောင်းသိ၇သည်။

 

လက်ရှိအချိန်ထိအဆိုပါ ဒေသမှ ထွက်ပြေးရသူ စစ်ဘေးရှောင် ၁၀၀၀ ကျော်ရှိသွားပြီဟုလည်း သိ၇သည်။

 

ပြီးခဲ့သည့်စက်တင်ဘာ ၂၉ရက်နေ့ကလည်း ကျောက်တော်၊ ပုဏ္ဏားကျွန်းမြို့နယ် ၂ခုအစပ်ရှိဗုဒ္ဓေါကျေးရွာအနီး ရိက္ခာသွားယူသည့် စကစစစ်ကြောင်းကို AA ကဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီတပ်များ လက်နက်ကြီးများဖြင့်အနီးအနားကျေးရွာများကို ပစ်ခတ်ခဲ့၍ အိမ်များပျက်စီးကာ နွားများလည်း သေဆုံးမှုရှိခဲ့သည်။

 (NN-12)

#လက်နက်ကိုင်တော်လှန်ရေး#စစ်ကောင်စီ# မြန်မာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.