Preview

ဘူးသီးတောင်မြို့နယ်မှကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦး အပြင်းအထန်နှိပ်စက်ခံ၇ပြီး ပုဒ်မ၁၇(၁)ဖြင့်တရားစွဲခံရ

အောက်တိုဘာ ၀၅/ ၂၀၂၂ | ကြည့်ရှုသူ :4390
ရခိုင် သတင်း

နိရဥ္စရာ၊စက်တင်ဘာ ၅/၂၀၂၂

၇ခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ်မှ ဖမ်းဆီခံထား၇သည့်  ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦးကို စစ်ကောင်စီတပ်က အပြင်းအထန် နှိပ်စက်စစ်ဆေးခဲ့သည့်အပြင်  မတရားအသင်းဆက်သွယ်မှုပုဒ်မ၁၇(၁)ဖြင့်လည်း အမှုဖွင့် တရားစွဲဆိုထားသည်ဟု သိ၇သည်။

၎င်းအုပ်ချုပ်ရေးမှူး၂ ဦးမှာ  အသက်(၆၆) အရွယ် တပ်မင်းချောင်းကျေးရွာ ဒိုင်းနက်လူမျိုးအုပ်ချုပ်ရေးမှူးဦးဦးကျော်လှနှင့် အသက် (၆၀) အရွယ် မီးကျောင်းဈေး မူလဆင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဟာမိတ်တူဆောင်းတို့ ဖြစ်သည်။

အဆိုပါအုပ်ချုပ်ရေးမှူး ၂ဦးကို နယ်ခြားစောင်ရဲတပ်ရင်း(၁၃)  ကို လွှဲပြောင်းပြီးနောက် မိသားစုဝင်များ သွားရောက်တွေ့ဆုံရာတွင်  စစ်ကြောရေးတွင်နှိပ်စက်မှုများကြောင့် ခန္ဓာကိုယ်များတွင် ဒဏ်ရာများနှင့်နာကျင်မှုဒဏ်ကိုခံစားနေရသည်ကို တွေ့မြင်ခဲ့၇သည်ဟု ၎င်းတို့က နိ၇ဉ္စရာသတင်းဌာနကို ပြောသည်။

" စစ်တပ်ကရဲလက်ကိုအပ်တော့ မိသားစုတွေကိုအကြောင်းကြားတော့ သွားတွေ့ခဲ့ပါတယ်။နှိပ်စက်ထားတာကပြောစရာမလိုပါဘူး။ သူတို့ထုံးစံဖြစ်နေပါပြီ။အသက်ကလည်းကြီးနေပါပြီ။အသက် ၆၀ တောင်ကျော်နေပြီ။ ခန္ဓာကိုယ်တစ်ကိုယ်လုံးရောင်ရမ်းနေတာပဲ။ နာကျင်ကိုက်ခဲဒဏ်တွေကို ခံစားနေ၇တာလေ။ မြင်၇တာစိတ်မချမ်းသာဘူး။ ခံစားနေ၇တဲ့ ဝဋ်ကြွေးတွေ၊ငရဲတွေကတော့ ပြောမနေပါနဲ့တော့" ဟုပြောသည်။

ဘူးသီးတောင်မြို့နယ် အခြေစိုက် (၂၃၄) တပ်ရင်း စစ်ဗျူဟာမှ တစ်ခြားအုပ်ချုပ်ရေးမှူး ၁၀ ဦးနှင့် အတူ ၎င်းအုပ်ချုပ်ရေးမှူးနှစ်ဦးကိုတွေ့ဆုံရန် စက်တင်ဘာ ၃ ရက်နေ့က ဖိတ်ခေါ်ခဲ့ပြီးနောက် ပြန်မလွှတ်ဘဲ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

သူတို့ ကျေးရွာအုပ်ချုပ်ရေးမှူး ၁၂ ဦးစလုံးကို စက်တင်ဘာ၃ ရက်နေ့က ဖိတ်ခေါ်ပြီး စစ်တပ်မှာ တစ်ညချုပ်တယ်။ ကျန်တဲ့လူတွေကို နောက်တစ်နေ့မှာ ပြန်လွှတ်ပေးခဲ့ပေမယ့်သူတို့နှစ်ဦးကို ဆက်လက်ဖမ်းဆီးထားခဲ့တယ်။ လွန်ခဲ့တဲ့ စက်တက်ဘာလ ၂၈ရက်နေ့အထိ အဆက်အသွယ် ရရှိခဲ့ပါဘူး။  စက်တင်ဘာ ၂၉ရက်နေ့ ညနေ ၅နာရီ တွင် ဘူးသီးတောင်နယ်ခြားစောင့်ရဲတပ်ရင်း ၁၃ သို့ လွှဲပြောင်းပေးခဲ့ပြီးမှ အဆက်အသွယ်၇ခဲ့ပါတယ်ဟု၎င်းက ဆက်ပြောသည်။

သူတို့နှစ်ဦးကို ရက္ခိုင့်တပ်တော် (AA) ကို ထောက်ပံ့ကြေးကောက်ခံ ပေးဆောင်သည်ဟု အတင်းဝန်ခံခိုင်းပြီးနောက်မှရဲလက်သို့ လွှဲပြောင်းပေးခဲ့သည်ဟု ပြောဆိုသည်။

" စက်တင်ဘာလ ၂၉ ရက်နေ့မှာနယ်ခြားစောင့်ရဲလက်ကို အပ်တယ်။ စက်တင်ဘာ ၃၀ ရက်နေ့မှာ  ဘူးသီးတောင်မြို့နယ် တရားရုံးမှာ၇မန်ယူခဲ့တယ်။ အောက်တိုဘာလ ၁၄ရက်နေ့ ရုံးထပ်ချိန်းဆိုထားပါတယ်"ဟု ၎င်းက ဆက်လက်ပြောသည်။

သူတို့နှစ်ဦးကို ဘူးသီးတောင်စစ်ကောင်စီတပ် အရာရှိတစ်ဦးက တရားလိုလုပ်ပြီးရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆိုကာမတရားအသင်းဆက်သွယ်မှုပုဒ်မနှင့် ၁၇(၁)ဖြင့် အမှုတွဲကို တစ်ခါတည်းလုပ်ပြီး ရဲလက်ကိုလွှဲပြောင်းပေးခဲ့သည်ဟု  သိ၇သည်။

ယခုကဲ့သို့ အုပ်ချုပ်ရေးမှူး၂ ဦးကိုအစည်းဝေးတက်ရောက်ရန် ဖိတ်ခေါ်ပြီးဖမ်းဆီးနှိပ်စက်ကာ တရားစွဲဆိုမှုအပေါ်ကျန်ူးသီးတောင်မြို့နယ်မ ကျေးရွာအုပ်ချုပ်ရေးမှူးများ အနေဖြင့်လည်း စိုးရိမ်နေကြ၇သည်ဟု သိ၇သည်

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.