နိရဉ္စရာ၊အောက်တိုဘာ ၅/၂၀၂၂
ရခိုင်ပြည်နယ်၊၇သေ့တောင်မြို့နယ်မြောက်ပိုင်း၊ ရေစိုးချောင်းဗျူဟာနှင့် မညှင်းတောင်တွင်တပ်စွဲထားသော မြန်မာစစ်တပ်ကအနီးအနားရှိ ကျေးရွာများ အနီးဝန်းကျင်ကိုလက်နက်ကြီးများဖြင့်ယနေ့နံနက် ရ နာရီခန့်ကပင် စတင်ပစ်ခတ်နေကြောင်း သိ၇သည်။
ယင်းနောက်ပိုင်း ယနေ့ နံနက် ၁၀ နာရီခန့်တွင်မြန်မာစစ်တပ်မှ ဂျက်ဖိုက်တာတစ်စီးသည် မညှင်းတောင် အနီးဝိုက်ရှိ ကျေးရွာများအပေါ်မှဝဲပျံသန်းနေကာ ကုလားချောင်းနှင့် ကုန်တန်းကျေးရွာများသို့ လက်နက်ကြီး သုံးကြိမ် ပစ်ခတ်ခဲ့ပြီးထပ်မံပစ်ခတ်ရန် လေပေါ်၌ဝဲပျံသန်းနေဆဲဖြစ်ကြောင်းယင်းအနီးအနားရှိဒေသခံများကပြောသည်။
ကျေးရွာသားတစ်ဦးက " အခုသုံးခေါက်ပစ်ထားပါတယ်ဂျက်ဖိုက်တာကနေပြီးတော့၊ အဲဒီလက်နက်ကြီးတွေက လူနေတဲ့ရွာတွေနားကို သွားကျပါတယ်။ ထပ်ပြီးတော့လည်းလေပေါ်မှာဝဲပျံနေပါတယ်။ ရွာတွေမှာတော့ လူသိပ်မရှိတော့ဘူး ထွက်ပြေးသွားကြပြီ" ဟုပြောသည်။
မညှင်းတောင်ရှိစစ်တပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် မောင်ဖြူကျေးရွာမှ ရွာသားတစ်ဦးတွင် လက်မောင်း၌လက်မောင်းကြီးကျည်စထိမှန်သွားကြောင်း သိ၇သည်။
အဆိုပါရေစိုးချောင်းဗျူဟာနှင့်မညှင်းတောင်အနီးတဝိုက်ရှိ ပြိန်းတော၊ ညောင်ပင်လှာ မညှင်းတောင်၊ ဗောဓိကုန်း၊ ကုန်တန်း၊ကုလားချောင်း၊ ရေမျက်၊ သမီးလှ အစရှိသည့်ကျေးရွာများမှ ဒေသခံများမှာလည်း လက်နက်ကြီးပစ်ခတ်မှုများကြောင့်ယခင်ကည်းက ထွက်ပြေး တိမ်းရှောင်နေကြသည်။
အဆိုပါမညှင်းတောင်ပေါ်တွင်ယနေ့နံနက် ၆ နာရီကျော်ခန့်က အေအေနှင့်မြန်မာစစ်တပ်တို့ ထိတွေ့မှု အနည်းငယ်ဖြစ်ပေါ်ခဲ့ကြောင်းလည်း ဒေသခံတစ်ဦးကပြောသည်။
" တိုက်ပွဲဖြစ်ပွားတဲ့ နေရာက သေနတ်သံတွေ ဒီမနက် နည်းနည်းပါးပါးကြားခဲ့၇တယ်။ပီးတာနဲ့ ဒါကတစ်ဖက်သက် လူနေရွာတွေကိုလှမ်းပစ်နေတာ။ ဒေသခံတွေကိုခြိမ်းခြောက်နေတဲ့သဘောပါဘဲ။ သူတို့ကလှမ်းပစ်တော့ ဒီကလည်းကြောက်ပြီး ဘေးလွှတ်ရာကိုတိမ်းရှောင်နေ၇ပါတယ်"ဟုပြောသည်။
မြန်မာစစ်ကောင်စီတပ် ရေစိုးချောင်းဗျူဟာမှ ယမန့်နေ့ အောက်တိုဘာလ ၃ ရက်ကလည်း လက်နက်ကြီးများကိုလူနေကျေးရွာမှာသို့ တစ်ရက်လုံးနီးပါးပစ်ခတ်နေသခြင့် ဒေသခံများမှာ စိုးရိမ်ကြောက်လန့်နေရကြောင်းသိ၇သည်။ (NN-8)