Preview

ကျောက်တော်မြို့နယ် ခေါင်းတုတ်ရခိုင်ရွာကို စစ်ကောင်စီတပ်က သေနတ်များဖြင့် ဖြိုပစ်နေ

အောက်တိုဘာ ၀၅/ ၂၀၂၂ | ကြည့်ရှုသူ :4730
ရခိုင် သတင်း

နိရဉ္စရာ၊ အောက်တိုဘာ၅/၂၀၂၂

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ခေါင်းတုတ်(ရခိုင်)ရွာကိုစစ်ကောင်စီတပ်က သေနတ်များဖြင့် ဖြိုပစ်နေပြီး ရွာထဲက မီးခိုလုံးများထွက်လာသည်ကို မြင်ရ၍အထူးစိုးရိမ်နေကြောင်း ထွက်ပြေးလာသူ တစ်ဦးက နိရဉ္စ္စရာသတင်းဌာကို ဆက်သွယ်ပြောကြားသည်။

ခေါင်းတုတ်ကျေးရွာသားတစ်ဦးက "ကျနော်တို့လည်းထွက်ပြေးနေရပါတယ်။ စစ်သားတွေရွာမှာ ဖြိုပစ်နေလို့။ တစ်နာရီလောက်ရှိပြီ ပစ်နေတာက။ ရွာနဲ့လည်းအဆက်အသွယ်မရတော့ဘာတွေဖြစ်နေလဲမသိသေးဘူး။ မိန်းမတွေနဲ့ကလေးတွေကျန်ခဲ့သေးတယ် ရွာမှာဟုည ၈ နာရီကျော်က ပြောသည်။

စစ်ကောင်စီ စစ်ကြောင်း တစ်ခုသည် ညနေ ၄ နာရီခန့်ကလည်း ခေါင်းတုတ်ရွာကိုဝင်ရောက်ခဲ့ပြီး ဒုတိယ တစ်ကြိမ် ဝင်ရောက်လာစဉ် ရွာထဲကို သေနတ်များဖြင့် ဖြိုပစ်နေခြင်းဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။

" ညနေ ၄ နာရီကျော်လောက်မှာ ရွာထဲကို စစ်သားတွေဝင်ပြီးလူတွေကို ခေါ်တယ်စစ်တယ်။ အဲ့ဒီကတည်းက ရွာက ယောကျာ်းတွေက ရှောင်နေကြတာပါ။ပြီးတော့ သူတို့ရွာထဲကနေ ထွက်သွားကြတယ်။  နောက်တစ်ခေါက် ရွာထဲအတိုင်း ပြန်ဝင်လာပြီး တစ်ရွာလုံးကိုပတ်ပြီး သေနတ်နဲ့ပစ်ပါတယ်။ အဲ့ဒီအချိန်မှ ကျနော်တို့လည်း ထွက်ပြေးကြပါတယ်ဟု ပြောဆိုသည်။

ရွာထဲတွင် မီးလောင်မှုများရှိနေပြီး လက်ရှိတွင် မီးငြိမ်းသွားသည်ကိုတွေ့ရှိ၇သည်ဟု ဆိုသည်။

" ကျွန်တော်တို့ ထွက်ပြေးကြလာကြပြီး  ရွာဘက်ပြန်လှည့်ကြည့်တော့ မီးတွေလောင်နေတယ်။ ဘယ်အိမ်ဖြစ်မယ်မသိဘူး။ဘုန်းကြီးကျောင်းနားကပါ မီးလောင်နေတာက ။ ဘာမှလည်း တိုက်ပွဲဖြစ်တာမဟုတ်ဘဲ လုပ်တာပါ။ခဏအကြာတော့ မီးငြိမ်သွားတာကို တွေ့ရတယ်။ မနက်ကျမှပဲ ဘယ်အိမ်လဲ၊ ဘာတွေထိခိုက်မှုရှိလဲသိရမှာပါ။ ရွာကလူတွေကိုဆက်တာလည်း ဖုန်း ဆက်မ၇ ဖြစ်နေပါတယ်ဟု၎င်းက ပြောသည်။

လက်ရှိတွင် ရွာမှ ယောကျာ်းအများစုမှာထွက်ပြေးသွားကြပြီးသက်ကြီးရွယ်အိုများ၊ မိန်းမများနှင့် ကလေးငယ်များသာကျန်ရှိနေပြီး သေနတ်ပစ်ခတ်သံများအဆက်မပြတ်ကြားနေရ၍ အထူးစိုးရိမ်စရာ ဖြစ်နေသည်ဟု ၎င်းက ပြောဆိုသည်။

နိရဉ္စရာမှ ကျောက်တော်မြို့မှ လူမှုရေး လှုပ်ရှားသူ တစ်ဦးကိုဖုန်းဖြင့် ဆက်သွယ်မေးကြည့်ရာ ၎င်းက  ကျွန်တော်တို့ကြားတာက သေနတ်နဲ့ပစ်တယ်။ လူတွေကိုလည်း ဖမ်းနေတယ်လို့ကြားတယ်။ခေါင်းတုတ်ရွာက စိုးရိမ်စရာဖြစ်နေပါတယ်။ ခေါင်းတုတ်က ကျောက်တော်အထက် ရေမိုင်နဲ့ဆိုရင်၃ မိုင် ၄ ဖာလုံလောက်မှာ တည်ရှိပါတယ်ဟု ပြောသည်။

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.