Preview

စစ်ကောင်စီတပ်ကပစ်ခတ်သည့် လက်နက်ကြီးကျည်စထိမှန်ကာ မင်းပြားကြမ်းတိုက်ရွာတွင် အမျိုးသမီးတစ်ဦးဒဏ်ရာရ

အောက်တိုဘာ ၀၅/ ၂၀၂၂ | ကြည့်ရှုသူ :2311
ရခိုင် သတင်း

နိရဉ္စရာ၊အောက်တိုဘာ ၅/၂၀၂၂

စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီးကျည်စထိမှန်ကာ မင်းပြားမြို့နယ်၊ ကြမ်းတိုက်ရွာတွင် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိသွားကြောင်းသတင်းရရှိသည်။

ယနေ့အောက်တိုဘာ ၅ ရက် ည ၈ နာရီခွဲခန့်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ကျည်စ ထိမှန်ကာ ထိခိုက်ဒဏ်ရာရရှိသွားခြင်းဖြစ်ကြောင်းဒေသခံတစ်ဦးက ပြောသည်။

"အ၀ရွာအုပ်စု၊ မင်းရွာတောင်ကုန်းမှာရှိတဲ့စစ်တပ် ၁၄၄ကုန်းကနေ ၈ နာရီခွဲလောက်က လက်နက်ကြီး ၃ လုံးပစ်တာပါ။ ရွာမှာလာကျပြီး အမျိုးသမီးတစ်ယောက်လက်မှာကျည်လာစဉ်ပြီး ထိခိုက်သွားပါတယ်"ဟုဆိုသည်။

ဒဏ်ရာရရှိသွားသည့်အမျိုးသမီးမှာမင်းပြားမြို့နယ်၊ ဖားပြိုရွာမှ ကြမ်းတိုက်ရွာသို့ စစ်ဘေးရှောင်ရန်ရောက်ရှိနေသည့် အသက်၄၀ ကျော်အရွယ် ဒေါ်စိန်အေးနု ဖြစ်ကြောင်း သိ၇သည်။

"သူကကြမ်းတိုက်ရွာက မဟုတ်ပါဘူး။ ဖားပြိုရွာကနေကြမ်းတိုက်မှာစစ်ဘေးရှောင်ဖို့ ပြောင်းရွှေ့နေတာ တစ်လလောက်ပဲရှိသေးတယ်"ဟု ၎င်းကဆက်ပြောသည်။

မင်းပြားမြို့အခြေစိုက်(၅၄၁)တပ်ရင်းနှင့် မယ်တော်တော်အပြင် တခြားစစ်တပ်တပ်ရင်းများမှ ညည့် ၈ နာရီခန့်တွင်လက်နက်ကြီးများပစ်ခတ်ခဲ့ခြင်းပြုလုပ်ခဲ့ကြောင်း မင်းပြားမြို့ခံတစ်ဦးက ညည့်၈ နာရီခွဲခန့်ကနိရဉ္စရာက ပြောသည်။

စစ်ကောင်စီတပ်သည်မင်းပြား၊ ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦးနှင့် မောင်တောမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအကြောင်းမဲ့လက်နက်ကြီးများ ပစ်ခတ်ခြင်းများ ဆက်တိုက်လုပ်ဆောင်နေသည့်အတွက် ဒေသခံများမှာသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှု၊နေအိမ်ထိခိုက်မှုများရှိနေပြီး စိုးရိမ်ကြောက်ရွံ့ကာ နေထိုင်နေ၇သည်ဟု ဒေသခံများက ပြောသည်။(NN-7)

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.