နိရဥ္စရာ၊ အောက်တိုဘာ၆ /၂၀၂၂
၇ခိုင်ပြည်နယ်၊ ၇သေ့တောင်မြို့နယ်နှင့်ဘူးသီးတောင်မြို့နယ်တို့မှနေရာအချို့ကို စစ်ကောင်စီတပ်က ညဉ့် အချိန် ဂျက်တိုက်လေယာဉ်ဖြင့် လာရောက်တိုက်ခိုက်ပြီး တပ်ရင်းအချို့ကလည်းလက်နက်ကြီးများဖြင့်တစ်ညဥ့်လုံး ပစ်ခတ်ခဲ့သည်ဟု ဒေသခံများကပြောသည်။
ရသေ့တောင်မြို့နယ်ကုန်တန်း၊ ကုလားချောင်းစသည့်ကျေးရွာများ
“ဂျက်ဖိုက်တာနဲ့နှစ်ကြိမ်လာပစ်ပါတယ်။ မနေ့က ပစ်ခဲ့တဲ့နေရာပါ။ ၇သေ့တောင်မြို့နယ်ကုန်တန်း၊ ကုလားချောင်း၊ နောက်ပြီး အဲဒီနားမှာ လယ်သူကြီးတောင်လို့ရှိပါတယ်။အဲဒီနားတွေကို လှမ်းပစ်ခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာတွေတော့ မကြားမိဘူး”ဟု ပြောသည်။
ယင်းအပြင် ညဥ့် ၁ နာရီမိနစ် ၂၀ ခန့်တွင်လည်း ရသေ့တောင် ခမ၇ ၅၃၆ နှင့် ရေစိုးချောင်း ဗျူဟာတို့ကလည်း ယင်းနေရာများကိုလက်နက်ကြီးများဖြင့် လှမ်းပစ်ခတ်နေခဲ့သည်ဟု ဆက်ပြောသည်။
“လေယာဉ်ပျံသွားပြီးတဲ့နောက် ရသေ့တောင်ခမ၇ ၅၃၆ က လက်နက်ကြီးလှမ်းပစ်ပါတယ်။ နောက်ပြီးတော့ ရေစိုးချောင်းဗျူဟာကအဲဒီနေရာတွေကို လက်နက်ကြီးလှမ်းပစ်ပါတယ်”ဟု ဆိုသည်။
ယနေ့နံနက် ၉နာရီခန့်ကလည်း ယင်းရွာများအနီးဝန်းကျင်မှ လက်နက်ငယ်ပစ်ခတ်သံများ ကြား၇ကြော
ယခုပစ်ခတ်ခံခဲ့ရသည့်နေရာသည် ယမန်နေ့အောက်တိုဘာ ၅ ရက် နံနက် ၁၀ နာရီခန့်ကလည်း စစ်တပ်၏ဂျက်ဖိုက်တာတစ်စီး၏လက်နက်ကြီး ၃ ကြိမ်တိုင်တိုင် လာရောက်ပစ်ခတ်ခြင်း ခံခဲ့ရသည့်နေ
၇သေ့တောင်မြို့နယ် မညှင်းတောင်ပေါ်တွင်ယမန်နေ့ အောက်တိုဘာ ၅ ရက် နံနက် ၆ နာရီကျော်ခန့်က ရက္ခိုင့်တပ်တော်(AA)နှင့်မြန်မာစစ်တပ်တို့ ထိတွေ့မှုအနည်းငယ်ဖြစ်ပေါ်ခဲ့ပြီ
မြန်မာ စစ်ကောင်စီသည် ရသေ့တောင်မြို့နယ် မြောက်ပိုင်းမှ ဒေသအတွင်းမှအရေးပါသည့် ရေစိုးချောင်းဗျူဟာ ရက္ခိုင့်တပ်တော် (AA) လက်ထဲမကျရောက်ရန် အပြင်းအထန် ကာကွယ်နေရပြီး နေ့စဉ်နေတိုင်း လေယာဉ်များ အသုံးပြု၍ ပစ်ခတ်ခြင်း၊လက်နက်ကြီးများဖြင့် အေအေရှိနိုင်သည်ဟု ယူဆသည့် နေရာများကို အဝေးမှ လက်နက်ကြီးများဖြင့်လှမ်းပစ်ခတ်ခြင်းများ ပြုလုပ်နေရသည်ဟု ဒေသအတွင်း စစ်ရေးလေ့လာသူ တစ်ဦးက ပြောသည်။
အလားတူ ယနေ့အောက်တိုဘာ ၆ ရက် ညဥ့် ၂ နာရီ ၄၉ မိနစ်ခန့်မှစတင်ကာ ညဥ့် ၄ နာရီခန့်အထိဘူးသီးတောင်မြို့ရှိ ခမ၇ ၅၅၁ က ဘူးသီးတောင်မြို့နယ် သရက်တောင်ကျေးရွာနှင့်ဂူတာပြင် ကျေးရွာဘက်တို့ကိုလက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေခဲ့သည်ဟု ဒေသခံများက ပြောသည်။
ဒေသခံတစ်ဦးက “အဲဒီနေရာကို မနက် ၄ နာရီလောက်အထိ ပစ်ပါတယ်။ ညဥ့် ၂ နာရီ၄၉ မိနစ်လောက်ကနေ မနက် ၄ နာရီလောက်အထိ လက်နက်ကြီးနဲ့လှမ်းပစ်ပါတယ်”ဟုပြောသည်။
သရက်တောင်ကျေးရွာအနီးတွင် ယမန်နေ့အောက်တိုဘာလ ၅ ရက် နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းတို့က ရက္ခိုင့်တပ်တော်(AA)နှင့်စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
ယင်းနေရာများကို ယမန်နေ့ကစစ်ဇက်ရေယာဉ်ကလည်း လက်နက်ကြီးများ ပစ်ကူမှုများရှိခဲ့ကြောင်း စိမ်းညှင်းပြားကျေးရွာသားတစ်ဦးက ပြောသည်။
အောက်တိုဘာလ ၃ရက်ကလည်း ဂူတာပြင်ကျေးရွာအနီးတွင် AA နှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သေးသည်ဟုလည်
ဓာတ်ပုံ - ရသေ့တောင်မြို့နယ်ကုန်တန်းကျေးရွာအနီး ယမန်နေ့ အောက်တိုဘာ ၅ ရက် နံနက် ၁၀ နာရီခန့်ကစစ်တပ်၏ဂျက်ဖိုက်တာတစ်စီး၏ လက်နက်ကြီး ၃ ကြိမ်တိုင်တိုင် လာရောက်ပစ်ခတ်ခြင်းခံခဲ့ရ၍မီးခိုးလုံးများ ထွက်ပေါ်နေသည်ကိုတွေ့၇စဉ်။