နိရဉ္စရာ၊အောက်တိုဘာ ၆/၂၀၂၂
၇ခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှ နာရေးအဖွဲ့တစ်ခုဖြစ်သည့် ၇တနာပါလအသင်းမှ အသင်းဝင်တစ်ဦးဖြစ်သူ ဦးမောင်ကျော်ညွှန့်ကို စစ်ကောင်စီတပ်က ယနေ့နံနက်က အိမ်ထဲကနေ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။
ဦးမောင်ကျော်ညွှန့်သည် ၎င်းအသင်း ကားအဖွဲ့၏ ဥက္ကဋ္ဌ တာဝန်ကို ယူထားသည်ဟုလည်း သိ၇သည်။
ယနေ့အောက်တိုဘာ ၆ ရက် နံနက် ၆ နာရီခွဲတွင် မြောက်ဦးမြို့၊ လက်ကောက်ဈီးရပ်ကွက်ရှိ သူ၏နေအိမ်မှ စစ်ကောင်စီတပ်ကလာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူတစ်ဦးက ပြောသည်။
"၆ နာရီခွဲက အိမ်ကိုဝင်ဖမ်းသွားတာပါ။သူကမြောက်ဦးနာရေးကားအသင်းက တာဝန်ခံပါ။ပြီးတော့ ဈေးမှာလည်း ကုန်စုံဆိုင်ရောင်းပါတယ်။ ဘာလို့အခုလိုဖမ်းတယ် မသိဘူး။ စစ်တပ်ကဖမ်းတာဖြစ်လို့တပ်ရင်း ၃ရ၇နဲ့ ၃၇၈ တစ်ခုခုကိုခေါ်သွားတယ်လို့ ပြောနိုင်ပါတယ်"ဟုပြောသည်။
မြောက်ဦးတွင်အကြောင်းမဲ့ စစ်ဆေးဖမ်းဆီးမှုများဆက်တိုက်ရှိလာ၍ ဒေသခံများမှာ လုံခြုံမှုမရှိဘဲ စိုးရိမ်ကြောင့်ကြနေကြရကြောင်းအမည်မဖော်လိုသူ ရပ်ကွက်ဥက္ကဌတစ်ဦးက ပြောသည်။
"လက်ရှိ မြောက်ဦးမှာ လူတွေစိုးရိမ်နေရပါတယ်။ညဘက်တွေဆို သူတို့ ဧည့်စာရင်းဝင်စစ်တယ်။ ဘယ်သူရယ်လို့ မဟုတ် ဟိုလူ့လိုက်ဖမ်း၊ ဒီလူ့လိုက်ဖမ်းနဲ့မချင်ရင်မချင်သလို ခေါင်းစဉ်တပ် ဖမ်းတာတွေကြောင့် အကုန်သတိထားပြီး စိုးရိမ်နေ၇တယ်တချိန်လုံး"ဟုပြောသည်။
မြောက်ဦးမြို့မှသတင်းထောက်ဟောင်း ကိုဖိုးသီဟ၊ ကိုရင်ဆို့(ခ)ကျော်ဇံဝေ၊ က မြောက်ဦးနန်းရိပ်ဂရုဏာ အခမဲ့အောက်စီဂျင်ကူညီရေးအဖွဲ့မှ ညီအစ်ကိုနှစ်ဦးတို့ကို စစ်ကောင်စီတပ်ကဖမ်းဆီးခဲ့ပြီး အောက်တိုဘာ ၃ ရက်နေ့ကလည်း ဆေးဆိုင်ဖွင့်လှစ်ရောင်းချသူ ဦးဘကျော်တို့ကိုဖမ်းဆီးခဲ့သည်။ (NN-7)