နိရဥ္စရာ၊ အောက်တိုဘာ၇ /၂၀၂၂
ရခိုင်ပြည်နယ်၊သံတွဲမြို့မှ စွယ်စုံရ ကာတွန်းသရုပ်ဖော်ဆရာ ဆရာထိုက်တန်(သံတွဲ)သည် အဆုတ်ရောဂါဖြင့်ကွယ်လွန်သွားခဲ့သည်ဟု သိ၇သည်။
ဆရာထိုက်တန်(သံတွဲ)သည် ပြီးခဲ့သည့်အောက်တိုဘာလ ၄ ရက်၊ ညနေ ၉ နာရီခွဲတွင် အဆုတ်ရောဂါဖြင့် သံတွဲခရိုင်ဆေးရုံကြီး၌ကွယ်လွန်သွားခြင်းဖြစ်သည်ဟု သူနှင့်နီးစပ်သူတစ်ဦးဖြစ်သူသံတွဲမြို့မှ ဆရာကိုတိုးလေး(မြို့ပျံ)က နိရဥ္စရာကို ပြောသည်။
"ရောဂါကတော့ သူကတီဘီဆေးသောက်နေတာ ၁ လလောက်ရှိပြီ။ သွေးဖြူဥတွေနည်းတယ်။ ပြီးတော့ သူကပိန်လည်းပိန်တယ်။ ဆေးလိပ်လည်းသောက်တယ်။ ရောဂါက အဆုတ်ကို သွေးလွှမ်းသွားတာလို့ ပြောတယ်" ဟု ပြောသည်။
ဆရာထိုက်တန်(သံတွဲ)၏ရုပ်အလောင်း
ဆရာထိုက်တန်(သံတွဲ)၏ ဈာပနာတွင်သံတွဲမြို့ စာပေအသိုင်းအဝိုင်းမှ စာရေးဆရာ၊ ဆရာမများနှင့် ဈာပနာသို့လာရောက်ကြသည့်စာပေဝါသနာရှင်များ၊ အသိမိတ်ဆွေများက ကဗျာရွတ်ဖတ်ခြင်းတို့ပြုလုပ်ခဲ့
"သူ့ရဲ့ဈာပနာမှာ စာပေနယ်ကရော။ဂီတနယ်ကရော။ နယ်ပယ်အစုံက မိတ်ဆွေတွေလည်းပါတယ်။ လွမ်းဆွတ်ဖွယ်ဂုဏ်ပြုကဗျာတွေ။အမှတ်တ၇စကားတွေပြောပြီး အသုဘမချခင် ၁ နာရီအထိ အခမ်းအနားလေးနဲ့လုပ်လိုက်ကြတယ်" ဟု ဆက်ပြောသည်။
ဆရာထိုက်တန်(သံတွဲ)သည် ပန်းချီ၊ပန်းပု၊ ကာတွန်းရေးဆွဲခြင်း၊ ဂီတပိုင်းတွင် လူရွှင်တော်၊ ပတ်တလား၊စောင်းတီးခြင်းများပြုလုပ်ခဲ့ကာ အနုပညာအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုခဲ့သူတစ်
ဆရာထိုက်တန်(သံတွဲ)ကိုသံတွဲမြို့နယ်၊ လက်ပံစုရွာတွင် ၁၉၅၉ ခုနှစ်က မွေးဖွားခဲ့ပြီး အမည်ရင်းမှာဦးထွန်းတင်ဖြစ်သည်။
သံတွဲမြို့၊ ညောင်ပင်ဈေးရပ်ကွက်တွင်မိသားစုများနှင့်အတူ အသက် ၆၃ နှစ်အထိနေထိုင်ခဲ့သူဖြစ်ပြီးကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူနှင့်အတူ သား၁ ဦးနှင့် သမီး ၁ဦးတို့ကျန်ရှိခဲ့သည်ဟုလည်း သိ၇သည်။ (NN-12)