Preview

ဘူးသီးတောင်မြို့နယ်မှ မူဆလင်ရာအိမ်မှူးတစ်ဦး သေနတ်ပစ်ခံရကာသေဆုံး

အောက်တိုဘာ ၀၇/ ၂၀၂၂ | ကြည့်ရှုသူ :8213
ရခိုင် သတင်း

နိရဉ္စရာ၊ အောက်တိုဘာ ၇/၂၀၂၂

 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်းမှ မူဆလင်ရာအိမ်မှူးတစ်ဦးသေနတ်ပစ်ခံ၇ကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။

 

သေနတ်ပစ်ခံရ၍ သေဆုံးသွားသူမှာ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ဖိုးခေါင်ချောင်းကျေးရွာအုပ်စု၊ ကံပြင်မူဆလင်ကျေးရွာမှ ရာအိမ်မှူးဦးဆာလီဟာမောက်(၄၂)ဖြစ်သည်။

 

ဖြစ်စဉ်မှာ အောက်တိုဘာ ၆ ရက် ည ၈ နာရီခွဲအချိန်တွင် လူ  (၃)ဦးက နေအိမ်ထဲသို့ပီစတိုဖြင့် ဝင်ရောက် ပစ်ခတ်ခံ၇ပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း ဖိုးခေါင်ချောင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက နိရဉ္စရာကို ပြောသည်။

 

"သူက ကံပြင်ရွာက ရာအိမ်မှူးပါ။ သူ့အမျိုးသမီးပြောတာက မျက်နှာအုပ်ပြီး မူဆလင်လူ ၃ ယောက်ကအိမ်ထဲကို ဝင်ပစ်သွားတာ ဘယ်ဘက်ရင်ဘက်ကို ပစ်သွားတယ်လို့ပြောပါတယ်။ ရန်ငြိုးရန်စ တွေလည်း မရှိဘူးလို့ ပြောပါတယ်။ လောလောဆယ် ဒီနေ့ ၁၁ နာရီခွဲမှာ သင်္ဂြိုလ်လိုက်ပါပြီ"ဟုပြောသည်။

 

သေဆုံးသူကို ယနေ့ အောက်တိုဘာ ရ ရက် နံနက် ၁၁ နာရီခွဲတွင်သင်္ဂြိုလ်ခဲ့ကြောင်း သိ၇သည်။

 

ယခုကဲ့သို့ အကြောင်းမဲ့ဝင်ရောက်ပစ်ခတ်သတ်ဖြတ်ခံရသည့်အတွက်ဒေသခံကျေးရွာသားများအကြား စိုးရိမ်မှုများရှိနေပြီး လူမျိုးရေးပဋိပက္ခကိုအသွင်ဆောင်ဖန်တီးကာသတင်းမှားများနှင့် ပြဿနာ ဖန်တီးနေမှုများလည်း ရှိနေ၍ စဉ်းစားချင့်ချိန်ပြီး ယုံကြည်ကြရန်ဘူးသီးတောင်မြို့နယ်မှ အမည်မဖော်လိုသူ မူဆလင်ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

 

"လာပစ်တဲ့မူဆလင် ၃ ယောက်အထဲမှာ ဘင်္ဂလာဘက်ကိုပြေးသွားတဲ့ ကံပြင်ရွာသား တစ်ယောက်ပါတယ် ပြောပါတယ်။ အာဆာ ဟုတ်မဟုတ်ကိုတော့မပြောတက်ပေမယ့် မြင်ဖူးသိဖူးတဲ့လူကတော့ မျက်နှာအုပ်ထားလည်း ပုံစံကိုသိရင်မှတ်မိနိုင်ပါတယ်။ ရန်ငြိုးလည်းမရှိဘဲ အိမ်ထဲမှာအသတ်ခံလိုက်ရတာကတော်တော်စိုးရိမ်ဖို့ကောင်းပါတယ်။ ဒီအပေါ်မှာ လူမျိုးရေး မီးမွှေးချင်နေသူတွေကလည်း အမျိုးမျိုးသတင်းအမှားတွေလွှင့်ကြတယ်။ ဒါတွေအပေါ်စဉ်းစားချင့်ချိန်ပြီး ယုံကြည်ဖို့လည်း လိုပါတယ်"ဟု ပြောသည်။

#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.