Preview

ဖမ်းဆီးခံခဲ့ရသည့် မြေပုံ ငပသုန်တိုက်နယ်ဆရာဝန်ကို စစ်ကောင်စီကပြန်လွှတ်ပေး

အောက်တိုဘာ ၀၇/ ၂၀၂၂ | ကြည့်ရှုသူ :7507
ရခိုင် သတင်း
နိရဥ္စရာ၊ အောက်တိုဘာ၇ / ၂၀၂၂


၇ခိုင်ပြည်နယ် မြေပုံမြို့နယ်ငပသုန်တိုက်နယ်ဆရာဝန် ဒေါက်တာဝင်းနိုင်စိုးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ၉ရက်အကြာတွင် ပြန်လွှတ်ပေးလိုက်သည်ဟုသူနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

သူသည် အောက်တိုဘာလ ၅ ရက်ကပြန်လွတ်လာခြင်းဖြစ်သော်လည်း တာဝန်ကျသည့် ငပသုန်တိုက်နယ်ဆေးရုံသို့ ယနေ့အောက်တိုဘာ ရ ရက်အထိ ရောက်ရှိလာခြင်းမရှိသေးဟု သူနှင့်နီးစပ်သူက ဆိုသည်။

လွတ်တော့ လွတ်လာပြီ။ဒါပေမဲ့ ဆေးရုံကိုတော့ မရောက်သေးဘူး။ လက်ရှိမှာ သူ ပေါက်တောမှာရောက်နေသလိုလိုသိ၇ပါတယ်ဟုပြောသည်။

ငပသုန်တိုက်နယ် ဆေးရုံတွင်အသုံးပြုရန်ဆေးဝါးများသယ်ဆောင်ကာ စစ်တွေမှ စက်တင်ဘာလ ၂၅ ရက်ကထွက်ခွာလာသည့်မော်တော်ဘုတ်ကို စစ်တပ်က ပေါက်တောမြို့နယ် တောင်းဖူးကျေးရွာအနီးဖမ်းဆီးပြီးနောက် စက်တင်ဘာလ ၂၇ ရက်တွင် ဒေါက်တာဝင်နိုင်စိုးကိုမေးမြန်းစရာရှိသည်ဟု ဆိုကာ စစ်တပ်က စစ်တွေသို့ခေါ်ယူသွားပြီးဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သိ၇သည်။

ဆေးဝါးများသယ်ဆောင်ခဲ့သည့်မော်တော်တော်ဘုတ်ကိုစက်တင်ဘာလ ၂၈ ရက်တွင် ပြန်လွှတ်ပေးခဲ့သော်လည်း ဒေါက်တာဝင်နိုင်စိုးဆက်လက်ဖမ်းဆီကာ စစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟု သိ၇သည်။

ငပသုန်တိုက်နယ်ဆေးရုံကိုငပုသုန်ကျေးရွာအပြင် အနီးအနားရှိကျေးရွာပေါင်း ၁၀ ကျော်ကအားထားနေရသည့်ဆေးရုံတစ်ခုဖြစ်သည်ဟုလည်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ၆ ရက်ကလည်း တောင်ကုတ်မြို့မှ သွားဆရာဝန် ဒေါက်တာကျော်သူ၇ထွန်းကိုစစ်ကောင်စီတပ်ကဖမ်းဆီးကာ မတရားအသင်းဆက်သွယ်ရေးပုဒ်မ ၁၇(၁) ဖြင့်စက်တင်ဘာ ၂၅ ရက်တွင် အမှုဖွင့်တရားစွဲထားသည်ဟု သိ၇သည်။

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.