Preview

မင်းပြားကြပ်စင်တံတားအနီး တိုက်ပွဲဖြစ်၊ လက်နက်ကြီးများပစ်ခတ်၍ မြို့ထဲရှိ ဈေးဆိုင်များပိတ်

အောက်တိုဘာ ၀၇/ ၂၀၂၂ | ကြည့်ရှုသူ :3095
ရခိုင် သတင်း

နိရဉ္စရာ၊ အောက်တိုဘာ ၇/၂၀၂၂

၇ခိုင်ပြည်နယ်၊ မင်းပြားမြို့ နယ် ကြပ်စင်တံတားအနီးတွင် ယနေ့နေ့လယ်က ရက္ခိုင့်တပ်တော် (AA)နှင့်မြန်မာ့စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါတိုက်ပွဲသည် မင်းပြားမြို့အဝင် ကြပ်စင်တံတားအနီးတွင်နေ့လယ် ၁၂ နာရီ ၄၅ မိနစ်ခန့်ကပင် စတင်ဖြစ်ပွားနေခြင်းဖြစ်ပြီး လက်ရှိတွင်လည်းကျိန်းတောင်ပေါ်၌ တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ၅၄၁ တပ်ရင်းတို့မှ လက်နက်ကြီးများပစ်ကူးပေးနေကြောင်း ဒေသခံများက ပြောသည်။

"တိုက်ပွဲဖြစ်တယ်။  မင်းပြားမြို့ ကြပ်စင်တံတားမှာ ဖြစ်နေတာပါ။ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အပြန်အလှန်ဖြစ်နေကြတာပါ။ အခုတော့ ရပ်သွားပါပြီ။စကစတပ်ဘက်ကတော့ လက်နက်ကြီးတွေ ပစ်နေသေးပါတယ်။ အနီးအနားကရွာသားတွေလည်းဗုံးခိုကျင်းတွေထဲ ဝင်နေရပါတယ်" ဟု အနီးအနားရှိကျေးရွာသား တစ်ဦးက ယနေ့မွန်းလွဲ ၂ နာရီတွင် ပြောသည်။

နောက်ထပ်မင်းပြားဒေသခံတစ်ဦးက "စဖြစ်တာက ၁၂ မိနစ် ၅၀လောက်ကထင်တယ်။ ကြပ်စင်နားမှာဖြစ်နေတာပါ။ (၅၄၁) က လက်နက်ကြီးတွေ ပစ်ကူနေပါတယ်"ဟုပြောသည်။

လက်ရှိတွင်လည်း ကျိန်းတောင်ပေါ်ရှိ စစ်ကောင်စီတပ်နှင့် မင်းပြားအခြေစိုက်တပ်ရင်း၅၄၁ တပ်တို့မှ လက်နက်ကြီးများပစ်ခတ်နေဆဲဖြစ်ပြီး လက်နက်ငယ်သံများ မကြား၇တော့ကြောင်း ဒေသခံတစ်ဦးကပြောသည်။

ထို့သို့ အပြန်အလှန်တိုက်ပွဲဖြစ်ပွားနေမှုကြောင့် အနီးအနားရှိကျေးရွာဒေသခံများမှာ ဘေးလွှတ်ရာတွင် တိမ်းရှောင်ပုန်းခိုနေရပြီး မင်းပြားမြို့ပေါ်ရှိဈေးဆိုင်ခန်းများကိုလည်း ပိတ်ထားလိုက်ပြီဖြစ်ကြောင်း မင်းပြားမြို့ခံတစ်ဦးကပြောသည်။

"လက်နက်ကြီးတွေကတော့ ပိတ်နေဆဲပါဘဲ။ မြို့ထဲမှာတော့ လက်နက်ကြီးတွေ စပိတ်ကတည်းကဈေးဆိုင်တွေအကုန်လည်း သိမ်းထားကြပါပြီ။ နေ့လည် ၁ နာရီကျော်ကျော်လောက်ထိ အဲဒီအနီးအနားမှာသေနတ်သံတွေကြား၇ပါသေးတယ်" ဟုပြောသည်။

တိုက်ပွဲဖြစ်ပွားရာအနီးရှိ ဖလောင်းပြင်ကျေးရွာသို့ လက်နက်ကြီးကျည်ကျရောက်မှုကြောင့်လည်းရွာသားအချို့ ဒဏ်ရာရသွားကြောင်း ကျေးရွာသားတစ်ဦးကပြောသည်။

"၁၂ နာရီခွဲလောက်ကနေ ဖြစ်နေတာ။ လက်နက်ကြီးကတော့ အနည်းဆုံး ၁၀ လုံးလောက်ရှိပြီပစ်တာ။ ဖလောင်းပြင်မှာကျပြီး ၃ ယောက် ဒဏ်ရာရတယ်လို့ သိ၇တယ်။"

စစ်ကောင်စီတပ်သည် မင်းပြားမြို့၌ ပြီးခဲ့သည့် အောက်တိုဘာလ၃ ရက်နှင့် ၄ ရက်နေ့တို့တွင် ညည့်အချိန်၌ လက်နက်ကြီးပစ်ခတ်မှုများကိုပြုလုပ်ခဲ့ကြောင်းသိ၇သည်။

#အေအေ/စစ်ရေး/ နိုင်ငံရေး# စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.