Preview

မင်းပြား(၃၇၉) တပ်ကဖမ်းဆီးသွားသည့် လူငယ်နှစ်ဦးပြန်လွတ်လာ

အောက်တိုဘာ ၀၇/ ၂၀၂၂ | ကြည့်ရှုသူ :5870
ရခိုင် သတင်း
နိရဉ္စရာ၊ အောက်တိုဘာ ၇/၂၀၂၂

 

မင်းပြားအခြေစိုက် စစ်ကောင်စီတပ်ရင်း (၃၇၉)တပ်ကဖမ်းဆီးသွားသည့်  မင်းပြားမြို့နယ်၊ ထောင့်ချောင်းကြီးရွာမှ လူငယ်နှစ်ဦးပြန်လည်လွတ်မြောက်လာကြောင်း သတင်းရရှိသည်။

 

ယနေ့ နံနက် ၉  နာရီခွဲအချိန်ခန့်ကခမ၇  (၃၇၉ ) တပ်ရင်းက မိဘများကို ခေါ်ပြီး ခံဝန်ကတိထိုးခိုင်းကာထိခိုက်မှုတစ်စုံတစ်ရာမရှိပဲ ကောင်းမွန်စွာပြန်လွှတ်ပေးလိုက်ကြောင်း ဖမ်းဆီးခံ၇သူများနှင့်နီးစပ်သူများက ပြောသည်။

 

"ဒီနေ့မနက်က ပြန်လွတ်လာတာပါ။ ဘာမှထိခိုက်ဒဏ်ရာရတာမရှိ အခုလိုကျန်းကျန်းမာမာ ပြန်လွတ်လာလို့အရမ်းဝမ်းသာပါတယ်"ဟု ထောင့်ချောင်းကြီးကျေးရွာသားတစ်ဦးက ပြောသည်။

 

ဖမ်းဆီးခံခဲ့၇သူများမှာ စိုးချေ(၁၉) နှင့် မောင်ခင်ဝင်း(၁၉)တို့ ဖြစ်သည်။

 

၎င်းတို့ ၂ ဦးကို အောက်တိုဘာ ၆ ရက် နေ့လယ် ၂ နာရီအချိန်တွင်ဆိုင်ကယ်နှင့်လာစဉ် (၃၇၉) တပ်ရင်းက ဖုန်းနှင့် ဆိုင်ကယ်များကို စစ်ဆေးခဲ့ကာ လက်ပြန်ကြိုးတုတ်ကာဖမ်းဆီးသွားခြင်းခဲ့ဖြစ်သည်။

 

မင်းပြားမြို့နယ် ၊ ရာမောင်တံတားအနီးတွင် စက်တင်ဘာ ၁၀ ရက်နေ့ကဆိုင်ကယ်နှင့်လာသည့် ဒေသခံနှစ်ဦးကို စစ်ကောင်စီတပ်က သေနတ်ပစ်တာဖမ်းဆီးခဲ့ပြီး စက်တင်ဘာ၂၁ ရက်နေ့ကလည်း နရမ်းကျေးရွာမှ ဒေသခံနှစ်ဦးကိုဖမ်းဆီးခဲ့သည့်အပြင် တခြား မင်းပြားမြို့နယ်မှဒေသခံတချို့ကိုလည်းစစ်ကောင်စီတပ်က ဖမ်းဆီးထားသည့်အတွက် လက်ရှိဖမ်းဆီးခံထားရဆဲ အပြစ်မရှိသည့် ဒေသခံများကိုလည်းအမြန်ဆုံးပြန်လွှတ်ပေးသင့်ကြောင်း လူမှုရေးလှုပ်ရှားသူများနှင့် ဒေသခံများက ပြောသည်။(NN-7)

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.