Preview

မင်းပြားမြို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် ဒေသခံ၅ဦးကိုအာရုဏ်တက်ချိန်တွင်စစ်ကောင်စီတပ်ကဝင်ရောက်ဖမ်းဆီးသွား

အောက်တိုဘာ ၀၈/ ၂၀၂၂ | ကြည့်ရှုသူ :8522
ရခိုင် သတင်း

နိရဉ္စရာ၊ အောက်တိုဘာ ၈/၂၀၂၂

၇ခိုင်ပြည်နယ်၊ မင်းပြားမြို့တွင် ယနေ့အောက်တိုဘာလ ၈ ရက်၊နံနက်အာရုဏ်တက် ၄ နာရီခန့် အချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦး အပါအဝင် ဒေသခံ ၅ဦးကိုစစ်ကောင်စီတပ်သားများက ဝင်ရောက်ဖမ်းဆီးသွားကြောင်း သိ၇သည်။

ဖမ်းဆီးခံရသူများမှာ မင်းပြားမြို့ ဥက္ကာပျံရပ်ကွက်အုပ်ချုပ်ရေးမှူးဦးအောင်ကျော်လှ (ခ) ညီဒေါင်းချေနှင့်  ဥက္ကာပျံရပ်ကွက်နေကိုမောင်ဆန်းနှင့် အခြားဒေသခံ ၃ ဦးတို့ဖြစ်ကြသည်။

၎င်းတို့ ၅ ဦးစလုံးအား မင်းပြားမြို့ ဥက္ကာပျံရပ်ကွက်မှစစ်ကောင်စီတပ်သားများက ယနေ့ နံနက်အာရုဏ်တက်အချိန်တွင် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်းအုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

"ဥက္ကာပျံအုပ်ချုပ်ရေးမှူးနဲ့ နောက်ထပ် လေးယောက်ပါသွားတယ်လို့သိရတယ်။ အခြားသူတွေကိုတော့ မသိရသေးဘူး။ မနေ့ကညည့်တုန်းက လက်နက်ကြီး လက်နက်ငယ်တွေလည်းပစ်တယ်၊ ပြီးတော့ ဥက္ကာပျံရပ်ကွက်က လက်နက်ငယ်ပစ်သံတွေလည်း ကြားလိုက်ရတယ်၊ ဘာအကြောင်းကြောင့်နဲ့ဖမ်းသွားလဲတော့ ကျနော်လည်းမသိ၇သေးဘူး" ဟုပြောသည်။

မင်းပြားမြို့တွင် ယမန်နေ့အောက်တိုဘာလ ၆ ရက် ညည့်အချိန်ကကြပ်စင်တံထား၊ ကျိန်းတောင်၊ မယ်တော်တောင်နှင့် အခြားစကစတပ်စွဲထားသည့်နေရာများမှ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် တစ်ညည့်လုံး ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း မင်းပြားမြို့ခံများကပြောသည်။

"ဖမ်းသွားတာက ငါးယောက်လို့သိရတယ် ဥက္ကာပျံအုပ်မှူးအပါအဝင်။ဥက္ကာပျံရပ်ကွက်က ဈေးဟောင်းပိုင်းအုပ်စုဘက်ကျမယ် အဖမ်းခံတဲ့သူတွေက။ မနေ့ညညည့် ကိုးနာရီလောက်ကနေစစ်သားတွေက မင်းပြားမြို့ထဲပတ်နေတယ်" ဟုပြောသည်။

ထိုသို့ ဖမ်းဆီးမှု၊ ပစ်ခတ်မှုများရှိနေသော်လည်း လက်ရှိတွင်မင်းပြားမြို့မှာ ဈေးဆိုင်အချို့မှာ သီတင်းကျွတ်မီးထွန်းပွဲတော်ရှိ၍ ပုံမှန်အတိုင်းဖွင့်လှစ်ရောင်းချနေကြောင်းသိ၇သည်။

ယမန်နေ့ အောက်တိုဘာလ ရ ရက်ကမင်းပြားမြို့ ကြပ်စင်တံတားပေါ်တွင်စစ်ကောင်စီတပ်များကို ရက္ခိုင့်တပ်တော်(အေအေ)က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား၈ ဦးသေဆုံးခဲ့ပြီး နောက်ထပ်ဒဏ်ရာရသူအချို့လည်းရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော်(အေအေ)၏ယမန်နေ့က သတင်းထုတ်ပြန်ချက်အရသိ၇သည်။

(NN-8)

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.