Preview

စစ်တွေ၊ ဆတ်ရိုးကျ ကြက်ဝိုင်းကို စစ်တပ်နှင့်ရဲက သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ဖြိုခွင်း၍ ၃ ဦးသေ၊ သေဆုံးသူ ၂ ဦးအလောင်းပျောက်ဆုံး၊ ဒဏ်ရာ၇သူ ၂ ဦးရှိ၊ ပစ်ခတ်သံများကြောင့် သက်ကြီးအမျိုးသမီး ၁ ဦး နှလုံးရပ်သေဆုံး

အောက်တိုဘာ ၀၈/ ၂၀၂၂ | ကြည့်ရှုသူ :488
ရခိုင် သတင်း

နိရဥ္စရာ၊ အောက်တိုဘာ၈/ ၂၀၂၂
၇ခိုင်ပြည်နယ်၊ စစ်တွေမြို့၊ဆတ်ရိုးကျရပ်ကွက် ကယ်ဆယ်ရေးအကွက်(၂)ရှိ ကြက်ဝိုင်းကို စစ်တပ်နှင့်ရဲကသေနတ်ဖြင့်ဝင်ရောက်ပစ်ခတ် ဖမ်းဆီးရာ ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကာပစ်ခတ်သံများကြောင့် သက်ကြီးအမျိုးသမီး ၁ ဦးလည်း နှလုံးရပ်သေဆုံးသွားခဲ့သည်ဟုရပ်ကွက်နေပြည်သူများက ပြောသည်။
သေဆုံးသူ ၃ ဦးအနက်၂ ဦး၏ အလောင်းပျောက်နေသည်ဟု ဆတ်ရိုးကျအကွက်(၁)မှ အမည်မဖော်လိုသူတစ်ဦးက ပြောသည်။
"သေနတ်ပစ်လို့ပွဲချင်းပြီး ၂ ယောက်သေသွားတယ်။ ကျန်တစ်ယောက်ကအရေးပေါ်ဆေးရုံပို့လိုက်၇တယ်။ ဒီနေ့မနက် နာရီလောက်ကပဲ ဆေးရုံမှာသေသွားတယ်လို့ပြောတယ်။ ပွဲချင်းပြီး သေသွားတဲ့ နှစ်ယောက်ရဲ့အလောင်းကပျောက်နေတယ်။ စစ်တပ်က ယူသွားတယ်လို့ ထင်နေကြတယ်။ ၂ ဦးဒဏ်ရာရတယ်လို့လည်းသိ၇တယ်" ဟု ပြောသည်။

ပွဲချင်းပြီးသေဆုံးသွားသည့် နှစ်ဦးမှာစစ်တွေမြို့၊ ဆတ်ရိုးကျကယ်ဆယ်ရေး အကွက်(၂)မှ ကိုမောင်ဝင်းချေ၊ ကိုကျောက်ဖြူတို့ဖြစ်ပြီးယနေ့ အောက်တိုဘာလ ၈ ရက်တွင် ဆေးရုံ၌ သေဆုံးသွားသူမှာ စစ်တွေမြို့၊ပြည်တော်သာရပ်ကွက်မှ အသက် ၄၀ ကျော်အရွယ် ဦးမောင်နီသာဖြစ်သည်ဟုသိ၇သည်။

စစ်တွေမြို့၊ဆတ်ရိုးကျကယ်ဆယ်ရေး အကွက်(၂)ရှိ ကြက်ဝိုင်းကို ယမန်နေ့ အောက်တိုဘာလ ရ ရက်၊ ညနေ ၄နာရီ ၁၅ မိနစ်တွင်စစ်တပ်နှင့်ရဲက စစ်ကား ၂ စီးဖြင့်ဝင်လာပြီး ကြက်ဝိုင်းကိုသေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်များက ပြောသည်။
အမည်မဖော်လိုသူ မျက်မြင်တစ်ဦးက"ကယ်ဆယ်ရေး အကွက်(၁)၊ တပ်ရင်း ၁၂ က စစ်ကား၂ စီးနဲ့လာပြီးဝင်ဖမ်းတာ။အကွက် (၂)ကို ဝင်တယ်။ အကွက်(၂)လမ်းမပေါ်မှာ ၁ စီး ရပ်တယ်။အကွက်(၂)ထဲကို ၁ စီးဝင်တယ်။ ခဏကြာတော့ ပစ်သံကြားတယ်။ ကြက်ဝိုင်းကို ဖြိုပစ်တယ်လို့သိရတယ်" ဟု နိရဥ္စရာကိုပြောသည်။
ယင်းအပြင် သေနတ်ပစ်ခတ်သံကြောင့်စစ်တွေမြို့၊ ဆတ်ရိုးကျအကွက်(၂)မှ အသက် ၇၀ အရွယ် အမျိုးသမီးတစ်ဦးနှလုံးရပ်သေဆုံးသွားသည်ဟုလည်း သိ၇သည်။
အဆိုပါပစ်ခတ်ဖြိုခွင်းမှုကိစ္စနှင့်ပတ်သက်ပြီး၇ခိုင်ပြည်နယ်စစ်ကောင်စီသတင်းထုတ်ပြန်ချက်များကို ထုတ်ပြန်နေသည့် ရခိုင်နေ့စဉ်သတင်းတွင်တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူ အပါ အဝင် တရားခံ ၁၈ ဦးကို ဖမ်းဆီးရရှိခဲ့သည်ဟု ဖော်ပြသည်။

သို့သော် ၎င်းသေဆုံးသူ အလောင်းမှာ မိသားစုထံသို့ လွှဲပြောင်းခြင်းမရှိဘဲပျောက်ဆုံးနေသည်ဟု ဒေသခံများကို မေးမြန်းရာ  ၎င်းတို့က ပြောကြားကြားသည်။

စစ်ကောင်စီ သတင်းများကိုဖော်ပြနေသည့် ၇ခိုင်နေ့စဉ်၏ သတင်းတွင် အဆိုပါရပ်ကွက်တွင်လောင်းကစားရုံဖွင့်လှစ်ကာလူ ၁၅၀ ဦးခန့်မှ ကြက်ဝိုင်း/ဖဲဝိုင်း လောင်းကစားခြင်း ပြုလုပ်နေသည့်အပြင်အော်ဟစ်ဆဲဆိုဆူပူခြင်းများကြောင့် အနီးပတ်ဝန်းကျင်ရှိပြည်သူများစိတ်ဒုက္ခ ရောက်နေကြောင်းသတင်းပို့လာသဖြင့် လုံခြုံရေးအဖွဲ့ဝင်များက သွားရောက်တားဆီးခဲ့ရာ လူအုပ်စုလိုက် ထွက်ပြေးတိမ်းရှောင်သွားပြီးလူအချို့မှာ ၎င်းတို့အသင့်ကိုင်ဆောင်ထားသော တုတ်/ဓားများဖြင့်လုံခြုံရေးအဖွဲ့ဝင်များကို ဝင်ရောက်ရန်ပြုလာသည့်အတွက် သေနတ် မိုးပေါ်ထောင်ကာ ၅ ချက်ပစ်ဖောက်သော်လည်း ရပ်တန့်ခြင်းမရှိသည့်အပြင် ထပ်မံရန်ပြု လာသဖြင့် ခြောက်လှန့်ပစ်ခတ်စဉ်ဝင်ရောက်ရန်ပြုသူများအဖွဲ့မှ တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရရှိခဲ့ပြီးဒဏ်ရာရရှိသူ အပါ အဝင် တရားခံ ၁၈ ဦးနှင့်အတူ ပိုင်ရှင်မဲ့ဆိုင်ကယ် ၄၁စီး၊ ဟာရီယာအမျိုးအစား မော်တော်ယာဉ် ၁ စီး၊ ကြက် ၄ ကောင်၊ ဖုန်း ရ လုံး၊ငွေကျပ်ရောရာ ၂၅၅,၀၀၀ကျပ် ဖမ်းဆီး၇မိခဲ့ကြောင်းယနေ့ အောက်တိုဘာ ၈ ရက် နံနက်တွင်ထုတ်ပြန်ဖော်ပြထားသည်။ (NN-12)

 

 

အင်္ဂလိပ်သတင်း ဝက်ဆိုက်- www.narinjara.com

မြန်မာသတင်း ဝက်ဆိုက် - https://burmese.narinjara.com/

သတင်းဖေ့စ်ဘုတ်ပေ့ချ်-https://www.facebook.com/narinjara.info/

ရုပ်သံသတင်း-https://www.facebook.com/Narinjara-TV-News-100125495251215/

ရေဒီယိုသတင်း-https://www.facebook.com/Narinjara-Radio-107181441819656

တွစ်တာ-https://twitter.com/NarinjaraN

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.