၇ခိုင်ပြည်နယ်၊စစ်တွေမြို့တွင် ယမန်နေ့ ညနေက အသက်၂၀ ကျော်အရွယ် လူငယ်တစ်ဦးကြိုးဆွဲချ သေဆုံးသွားခဲ့ပြီး စစ်တွေမြို့နယ်အတွင်း (၅) လအတွင်းကြိုးဆွဲချသေဆုံးသူမှာ ၆ ဦးရှိသွားပြီဟု သတင်းရရှိသည်။
ယမန်နေ့အောက်တိုဘာ ၇ရက် ည ၈ နာရီခွဲခန့်က ကြိုးဆွဲချ သေဆုံးသူ လူငယ်မှာ စစ်တွေမြို့၊ ရွာကြီးမြောက်ရပ်ကွက်၊ ငါးဆောင်စုနေ အသက် (၂၄)အရွယ် ကိုမောင်ဝင်းလှိုင် ဖြစ်သည်။
သူ၏နေအိမ်တွင်ကြိုးဆွဲချသေဆုံးနေသည်ကို သူ့အမျိုးသမီးကတွေ့မြင်ခဲ့ခြင်း
“သူက ဘယ်အချိန်ကတည်းကတွဲချသေနေတယ်မသိဘူး။ သူတို့က မိန်းမနဲ့ နှစ်ယောက်တည်း နေကြတာဆိုတော့မိန်းမရောက်မှသိတာ။ မိန်းမက သူ့အမေအိမ်ကိုသွားတာ။ တစ်ရပ်ကွက်တည်းပဲ”ဟုပြောသည်။
သူမသေဆုံးခင်ကလည်းစားရေး၊ သောက်ရေး၊ စီးပွားရေးမပြေလည်သည့်အတွက် ကြိုးဆွဲချသေမည်ဟု ပြောဆိုမှုများလည်း ရှိနေခဲ့သည်ဟုရပ်ကွက်အုပ်ချုပ်ရေးမှူးက ဆက်ပြောသည်။
“သူတို့ စီးပွားရေးလည်းမချောင်လည်ဘူး။ သူများအိမ်မှာ ငှားနေရတယ်။ လကုန်ရင် ပိုက်ဆံပေး၇မယ်။ လင်ကအလုပ်မလုပ်။ ကြိုးဆွဲချဖို့လုပ်တယ်၊ ကြိုးကိုပြတယ်၊ ကြိုးဆွဲချဖို့လုပ်တယ်နဲ့ဒီခေါက်တော့ ကပ်ပါသွားတယ်။ သူ့မှာက ကြိုးခေါ်နေတယ်နေမှာ” ဟုပြောသည်။
စစ်တွေမြို့နယ် ၅ လကျော်အတွင်း လူ ၆ ဦးကြိုးဆွဲချသေဆုံးသွားခဲ့သူများမှာ ယမန်နေ့ကစစ်တွေမြို့ရွာကြီးမြောက်ရပ်ကွက်တွင် နေထိုင်သူ ကိုမောင်ဝင်းလှိုင် (၂၄ နှစ်)၊ မင်းဂံဝန်ထမ်းအကွက် (၃)မှ ဒေါ်ဥမ္မာခင်၊ စက်ရုံစုရပ်ကွက်မှ ဦးကျော်မြတ် (၃၀နှစ်)၊ ဦးထွန်းသာစိန် (၅၈ နှစ်)၊ စစ်တွေမြို့နယ် ကန်ပြင်ကျေးရွာမှကိုထွန်းအေးကျော် (၂၁ နှစ်)နှင့် မယုယုလှိုင် (၁၈ နှစ်) တို့ဖြစ်ကြသည်။
သူတို့ ၆ ဦးသည်ယခုနှစ် မေလမှ ယမန်နေ့ အောက်တိုဘာ ၇ရက်အထိ ၅ လကျော်အတွင်း ကြိုးဆွဲချသေဆုံးသွားခဲ့သူများ