Preview

AAနှင့် ဆက်စပ်သံယဖြင့် သံတွဲမြို့မှဆောက်လုပ်ရေးကုမ္ပဏီတာဝန်ရှိသူတစ်ဦးဖမ်းဆီးခံ၇ပြီး နောက်ဝန်ထမ်းတစ်ဦးကိုလည်း ၁၇(၁)ဖြင့်အမှုဖွင့်

အောက်တိုဘာ ၀၈/ ၂၀၂၂ | ကြည့်ရှုသူ :9328
ရခိုင် သတင်း
နိရဥ္စရာ၊ အောက်တိုဘာ၈ /၂၀၂၂


ရက္ခိုင့်တပ်တော်  (AA) နှင့် ဆက်စပ်သံသယဖြင့် ံတွဲမြို့မှ ဆောက်လုပ်ရေးကုမ္ပဏီမန်နေဂျင်း ဒါရိုက်တာတစ်ဦးကို၎င်းနေအိမ်မှ စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားသလို အစိုး၇ဝန်ထမ်းတစ်ဦးကိုလည်း မတရားအသင်းဆက်သွယ်မှုပုဒ်မ၁၇(၁) ဖြင့် အမှုဖွင့်လိုက်သည်ဟု သတင်းရရှိသည်။

 

ဖမ်းဆီးခံ၇သူမှာ ပြည့်ဖြိုးသန္တာ ဆောက်လုပ်ရေးကုမ္ပဏီမန်နေဂျင်းဒါရိုက်တာ ယခင်စစ်မှုထမ်းဟောင်း ဦးအောင်ကျော်ဝင်း (၅၃) နှစ် ဖြစ်ပြီး မတရားအသင်းဆက်သွယ်မှုပုဒ်မ၁၇(၁)ဖြင့် အမှုဖွင့်ခံလိုက်၇သူမှာ သံတွဲခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ စာရေးဖြိုးမောင်မောင် ဖြစ်ဟု သိ၇သည်။

 

ပြည့်ဖြိုးသန္တာ ဆောက်လုပ်ရေးကုမ္ပဏီမန်နေဂျင်းဒါရိုက်တာ ဦးအောင်ကျော်ဝင်းဖမ်းဆီးခံ၇မှုနှင့် ပတ်သက်ပြီး သူနှင့်နီးစပ်သူတစ်ဦးကမနေ့က သူ့အိမ်ကနေစစ်တပ်က လာဖမ်းသွားတာ။ ကျနော်ကတော့ AA နဲ့ပတ်သက်တဲ့အတွက် ခေါ်သွားတာလို့ ထင်တယ်ဟု ပြောသည်။


၎င်းကို သံတွဲအခြေစိုက်၅၅ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ အောက်တိုဘာလရ ရက် နံနက် နာရီခန့်တွင် သံတွဲမြို့၊ ဒွါရာ၀တီကွက်သစ်၊အံတော် (၂)လမ်းရှိ သူ့နေအိမ်သို့ လာရောက်ကာ ဖမ်းဆီးသွားသည်ဟု ပြောသည်။


ဦးအောင်ကျော်ဝင်းသည်ယခင်က စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ပြီး တပ်ပြေးအဖြစ် ထောင်ကျခံကာ တပ်မှထွက်၍စီးပွားရေးလုပ်ကိုင်နေသူဖြစ်သည်ဟုလည်း နီးစပ်သူများက ပြောသည်။


သံတွဲမြို့ရှိစီးပွားရေးလုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာများကို ပြီးခဲ့သည့်အပတ်ကသံတွဲမြို့ ခရိုင်အုပ်ချုပ်ရေးမှူးရုံးအစည်းအဝေးခန်းမတွင် ၅၅တပ်ရင်းတွင် တာဝန်ကျနေသည့် ဗိုလ်မှူးချုပ်ကျော်ကျော်သန်းက ခေါ်ယူကာAA နှင့်မပတ်သက်ရန်နှင့်AA အားမထောက်ပံ့ကြရန်၊ ပတ်သက်ထောက်ပံ့ပါက ထိရောက်စွာအရေးယူမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သည်ဟုလည်းလုပ်ငန်းရှင်များက ပြောသည်။


ယင်းသို့ပြောဆိုပြီးနောက် သံတွဲမြို့ရှိ ပြည့်ဖြိုးသန္တာဆောက်လုပ်ရေးကုမ္ပဏီမန်နေဂျင်းဒါရိုက်တာ ဦးအောင်ကျော်ဝင်း ဖမ်းဆီးခံလိုက်၇ခြင်းဖြစ်သည်။


အလားတူပြီးခဲ့သည့်ရက်ပိုင်းကလည်း သံတွဲခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ စာရေးဖြိုးမောင်မောင်ကိုလည်းAA နှင့်ဆက်စပ်သည်ဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များကဖမ်းဆီးကာ ယမန်နေ့ အောက်တိုဘာလ ရက်က မတရားအသင်းဆက်သွယ်မှုပုဒ်မ၁၇(၁)ဖြင့် အမှုဖွင့်လိုက်သည်ဟု မြို့ခံများက ပြောသည်။


သံတွဲတွင် ယခုကဲ့သို့သံသယဖြင့်ဖမ်းဆီးမှုများ များလာနေ၍ စိုးရိမ်ကြောင့်ကြနေ၇သည်ဟုလည်း ဒေသခံများကပြောသည်။

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.