Preview

မြောက်ဦးတွင် ဖမ်းဆီးသွားသူ အရပ်သား၃ ဦးကို စစ်ကောင်စီတပ် ပြန်လွှတ်ပေး

အောက်တိုဘာ ၀၈/ ၂၀၂၂ | ကြည့်ရှုသူ :9375
ရခိုင် သတင်း

နိရဥ္စရာ၊ အောက်တိုဘာ၈/၂၀၂၂

၇ခိုင်ပြည်နယ်၊မြောက်ဦးမြို့တွင် စစ်ကောင်စီတပ်ကဖမ်းဆီးသွားသည့် လူ ၃ ဦး မနေ့က ပြန်လွှတ်ပေးလိုက်သည်ဟု သိ၇သည်။

ပြန်လွတ်မြောက်လာသူများမှာ မြောက်ဦးမြို့ရတနာပါလနာရေးကူညီမှုအဖွဲ့မှ အသင်းဝင်တစ်ဦးဖြစ်သူ ဦးမောင်ကျော်ညွန့်၊မြောက်ဦး ဝါဈေးအထက်လမ်းနေ ဦးသင်္ခါကျော်၏ သားနှစ်ဦးဖြစ်သည့်အသက် ၃၀ ကျော်အရွယ် မြောက်ဦးမြို့မှ နန်းရိပ်ကရုဏာအခမဲ့ အောက်စီဂျင်ကူညီရေးအဖွဲ့မှအတွင်းရေးမှူးဖြစ်သူ ကိုသန်းထွန်းနှင့် ညီဖြစ်သူ ကျော်သန်းလှိုင်တို့ဖြစ်သည်ဟုသိ၇သည်။
သူတို့ ၃ ဦးအနက်ကိုသန်းထွန်းတို့ညီအစ်ကို ၂ ဦးကို ယမန်နေ့ အောက်တိုဘာလ ရက်၊ ညနေ ၈နာရီခန့်တွင် နေအိမ်သို့ပြန်လွှတ်လိုက်ခြင်းဖြစ်သည်ဟုသူတို့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
"မနေ့က ည၈ နာရီလောက်မှာ အိမ်ကိုရောက်ကြပါပြီ။ သူတို့ကျန်းကျန်းမာမာပါပဲ။ အေအေနဲ့ပတ်သက်ပြီးစစ်တာဆေးတာတွေတော့ ရှိတယ်ပြောပါတယ်။ ကျနော်လည်း သူတို့နဲ့အေးအေးဆေးဆေးမပြောရသေးတော့ အသေးစိတ်မသိ၇သေးဘူး" ဟု ပြောသည်။
သူတို့နှစ်ဦးကို ပြီးခဲ့သည့်စက်တင်ဘာလ ၂၅ ရက်၊ နံနက် ၁၁ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က တောင်ရပ်ဈေးနှင့်ရှေ့ဆိုင် လမ်းသွယ်အနားရှိဆိုင်မှ ဖမ်းဆီးသွားခြင်းဖြစ်သည်။
မြောက်ဦးမြို့ရတနာပါလနာရေးကူညီမှုအဖွဲ့မှ အသင်းဝင်တစ်ဦးဖြစ်သူဦးမောင်ကျော်ညွန့်ကိုလည်း ယမန်နေ့ ညနေ ၈ နာရီအချိန်တွင်စစ်ကောင်စီတပ်က ကားဖြင့်အိမ်ပြန်လွှတ်လိုက်သည်ဟု ဖမ်းဆီးခံခဲ့၇သည့်ဦးမောင်ကျော်ညွန့်က ပြောသည်။
" ၈နာရီကျော်မှာအိမ်ကိုရောက်တယ်။ ကားနဲ့ပြန်ပို့တာ။ စစ်ဆေးတာတွေကတော့ နာရေးရုံးကိစ္စတွေပေါ့။ပြီးတော့ နိုင်ငံရေးနဲ့ ကင်းကင်းရှင်းရှင်းနေဖို့ပြောတယ်။ဖမ်းတုန်းက မျက်စိကိုစည်းပြီးဖမ်းသွားတာ။စစ်ဆေးလည်း မျက်နှာစည်းပြီးစစ်တယ်။ ပြန်လွှတ်ပေးတော့လည်းမျက်နှာစည်းပြီးလွှတ်ပေးတယ်" ဟု ပြောသည်။
ဦးမောင်ကျော်ညွန့်ကို ပြီးခဲ့သည့်အောက်တိုဘာလ ၆ ရက်၊ နံနက် ၆ နာရီခွဲတွင် မြောက်ဦးမြို့၊ လက်ကောက်ဈီးရပ်ကွက်ရှိသူ၏နေအိမ်မှ စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်
၇ခိုင်တွင် အောက်တိုဘာလအတွင်း ယနေ့အောက်တိုဘာ၈ ရက်နေ့အထိ မြောက်ဦး၊ ကျောက်တော်၊ တောင်ကုတ်၊ မင်းပြား မြို့နယ်တို့မှ ဒေသခံ၁၄ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားသည်ဟု သိ၇သည်။ (NN-12)

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.