Preview

အမ်းတလိုင်းတောင်ရွာမှစစ်တပ်ကရိုက်နှက်ဖမ်းဆီးထားသူမှာ ခရစ်ယာန်သိက္ခာတော်ရဆရာတစ်ဦးဖြစ်ပြီး သူ့ကိုလက်ရှိစစ်ကြောင်းနှင့်အတူခေါ်ယူသွားဟုဆို

အောက်တိုဘာ ၀၈/ ၂၀၂၂ | ကြည့်ရှုသူ :9638
ရခိုင် သတင်း

နိရဥ္စရာ၊ အောက်တိုဘာ၈/၂၀၂၂

ရခိုင်ပြည်နယ်၊အမ်းမြို့နယ်၊ တလိုင်းတောင်ကျေးရွာမှ စစ်တပ်က ရိုက်နှက် ဖမ်းဆီး နှိပ်စက်ခံထား၇သူ ဦးအောင်ဆန်းမှာ အရပ်ဆေးဆရာတစ်ဦးသာမက ခရစ်ယာန်ိက္ခာတော်ရဆရာတစ်ဦးလည်းဖြစ်ကြောင်း၊ လက်ရှိသူ့ကိုစစ်ကောင်စီစစ်ကြောင်း တစ်ခုကတူခေါ်ယူသွားကြောင်းအသင်းတာဝန်ရှိသူများက နိရဉ္စရာသတင်းဌာနသို့ပြောဆိုသည်။


၎င်းသူမှတလိုင်းတောင်ကျေးရွာနေသုခမြန်မာအသင်းတော်မှ သိက္ခာတော်၇ ခရစ်ယာန်ဆရာတစ်ဦးလည်းဖြစ်သလိုချင်းအမျိုးသား အရပ်ဆေးဆရာ တစ်ဦးလည်း ဖြစ်ကြောင်း သိရှိ၇သည်။


သူ့ကိုစစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ အောက်တိုဘာ ရက် နံနက် ၁၀နာရီခန့်တွင် နေအိမ်ကို ဝင်ရောက် ဖမ်းဆီးရိုက်နှက်နှိပ်စက်ခဲ့ကာ ညနေ ၆နာရီကျော်၌ ရွာမှ အဆိုပါစစ်ကြောင်း ထွက်ခွာချိန်တွင်အတူ  ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။

စစ်ကြောင်းနှင့်အတူဖမ်းဆီးခေါ်ဆောင်ခံ၇သည့် ဦးအောင်ဆန်းသည်ယနေ့ အောက်တိုဘာလ ၈ ရက်အထိ ပြန်လွတ်လာခြင်းမရှိ၍ မိသားစုဝင်များနှင့်ဒေသခံများ အထူးစိုးရိမ်နေ၇ကြောင်း တလိုင်းတောင်မှ ရပ်ဖိရပ်ဖတစ်ဦးက ပြောသည်။

" သူတို့ဖမ်းသွားတဲ့ ဦးအောင်ဆန်းကိုကသူတို့နဲ့အတူခေါ်သွားပါတယ်။ စစ်သားတွေက မနေ့က ၆ နာရီ ၁၅လောက်ကနေရွာက ထွက်သွားပါပြီ။ အခုထိ ဘယ်လိုမှဆက်သွယ်လို့လည်းမ၇၊မိသားစုတွေလည်းတွေ့လို့မ၇တော့သူ့အခြေအနေကို မသိ၇ပါဘူး"ဟု ပြောသည်။


စစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားသူ ဦးအောင်ဆန်းကို လူမြင်ကွင်းတွင် ရိုက်နက် နှိပ်စက်ပြီး ရရှိထားသည့် ဒဏ်ရာများဖြင့်  စိုးရိမ်၇သည့် အနေအထားဖြစ်နေကြောင်း၊ အသက်(၇၅)နှစ်အရွယ်မိခင်မှာလည်း သားစိတ်နှင့် ကျန်းမာရေး ထိခိုက်မည်ကိုစိုးရိမ်နေ၇ကြောင်းဦးအောင်ဆန်း၏ ညီဖြစ်သူ ဦးအောင်ငြိမ်းက ပြောသည်။

"ဦးအောင်ဆန်းက သူ့အိမ်မှာသူနေတာပါ။အဲ့ဒါကို ဖမ်းယူပြီး သေနတ်တွေနဲ့ထု၊ ပြီးတော့ အုပ်ချုပ်ရေးမှူးအိမ်ရှေ့မှာအများကြီးထုရိုက်ပါတယ်။ အဲ့လိုရိုက်ပြီး လက်နှစ်ဘက်ကိုကြိုးချည်ပြီးခြေဖျားမမှီတမှီတွဲထားပါတယ်။ မနေ့က မနက် ၁၁ နာရီလောက်မှာ တလိုင်းတောင်ချောင်းတံတားဦးကို ခေါ်ထုတ်လာပြီး တလိုင်းတောင်အထက်ရွာ၊ အောက်ရွာ၊ရွာသစ် သုံးရွာလုံးမြင်၇အောင်ဆိုပြီး နောက်ပြန်ကြိုးတုတ်ပြီးမကြည့်နိုင်အောင်ရိုက်ပါတယ်။ နောက်ပိုင်း သူတို့ဖမ်းချုပ်ထားပြီး မနေ့က သူတို့စစ်ကြောင်းထွက်တော့ဆွဲခေါ်သွားပါတယ်။ လက်ရှိ စိုးရိမ်ရတာက (၇၅) နှစ်အမေအိုပါ။သားစိတ်နဲ့ ငိုပဲငိုယိုနေပါတယ်"ဟု ပြောသည်။

ဦးအောင်ဆန်းမှာဓမ္မအမှုတော်ဆောင်တစ်ဦးဖြစ်သလိုနိုင်ငံရေးနှင့်လည်းပတ်သက်မှုမရှိ၍ ယခုကဲ့သို့ နိုင်ထက်စီးနင်းလုပ်ရပ်ကိုမလိုလားဘဲအမြန်ဆုံးပြန်လွှတ်ပေးရန် ၎င်းက တောင်းဆိုသည်။

"နိုင်ငံရေးနဲ့လည်းမပတ်သတ်ဘဲသူက ပါစတာပါ။ ဓမ္မအမှုတော်ဆောင်တစ်ယောက်ဖြစ်လို့ ဒီလိုလူတစ်ယောက်ကိုတော့အခုလိုနိုင်ထက်စီးနင်းလုပ်တာကိုတော့ မလိုလားပါဘူး။ ကျေးလက်အတိုင်းအတာနဲ့လည်းဆေးကုပါတယ်"ဟု ပြောသည်။

ရခိုင်တွင် စစ်ရေးတင်းမာလာသည်နှင့်အမျှမြို့နယ်အနှံ့အပြားတွင် စစ်ကောင်စီက ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟုဆိုကာသံသယရှိသူများကို ဆက်တိုက်ရှာဖွေ ဖမ်းဆီးခြင်းများပြုလုပ်နေပြီးအပြစ်မဲ့ ဒေသခံအရပ်သားများကိုလည်း ဖမ်းဆီးမှုများရှိလာနေသည်ဟု ဒေသခံများက ပြောသည်။(NN-7)


(ဓာတ်ပုံ- စစ်ကောင်စီတပ်ဖွဲ့ တစ်ခုကိုတွေ့၇စဉ်/ပုံဟောင်းသာဖြစ်ပါသည်)

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.