၇ခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်းရှိ လိပ်၇နယ်ခြားစောင့်စခန်းကို ရက္ခိုင့်တပ်တော်(AA)က ယနေ့နံနက်တွင်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကာ နယ်ခြားစောင့်တပ်ဖွဲ့ဝင်၁၄ ဦး အေအေထံ လက်နက်ချ အလင်းဝင်ခဲ့သည်ဟု သိ၇သည်။
လိပ်၇နယ်ခြားစောင့်စခန်းအနီးတွ
“လိပ်၇စခန်းကိုသိမ်းလိုက်တဲ့
ယင်းသို့တိုက်ခိုက်သိမ်းပိုက်အပြီးနောက် နယ်ခြားစောင့် ၁၄ ဦးသည် AA ထံ အလင်းဝင်ရောက်ခဲ့သည်ဟုလည်း ၎င်းကပြောဆိုသည်။
တစ်ခြား ဒေသခံများကလည်း ယခုသတင်းအပေါ် အတည်ပြုကြပြီး ယနေ့နံနက် ရ နာရီတွင် အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့သည်ဟု ပြောဆိုသည်။
ယခုလိပ်ရစခန်း သိမ်းပိုက်မှုနှင့် ပတ်သက်ပြီး အေအေဘက်သို့အတည်ပြုချက်ယူရန် ဆက်သွယ်နေဆဲဖြစ်ပါသည်။
လက်ရှိတွင် မောင်တောကြိမ်ချောင်းရှိ အမှတ်(၇) နယ်ခြားစောင့်စခန်း (နခခ-၇)ကလည်း လက်နက်ကြီးများဖြင့်လိပ်ရဘက်သို့ ဆက်လက်ပစ်ခတ်လျက်ရှိပြီး နှစ်ဘက်တိုက်ပွဲလည်းဆက်လက်ဖြစ်ပွားလျက်ရှိသည်ဟု ဒေသခံများက ပြောသည်။