စနေ၊ မေလ ၄ရက်၊ ၂၀၂၄

ကိုယ်တိုင်သင်တန်းတွေ ပြုလုပ်လာနိုင်အောင်သင်ကြားပေးခဲ့သည့် AA ကို ကျေးဇူးတင်ကြောင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကဖော်ပြ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ အောက်တိုဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 4.3k

နိရဉ္စရာ၊ အောက်တိုဘာ ၁၁/၂၀၂၂

 

ကိုယ်တိုင်သင်တန်းတွေ ပြုလုပ်လာနိုင်အောင် သင်ကြားပေးခဲ့သည့် ရက္ခိုင့်တပ်တော် (AA) အား ကျေးဇူးတင်ကြောင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA) ကွပ်ကဲရေးမှူးမှ ၎င်းတို့၏ အခြေခံ စစ်ပညာသင်တန်း အပတ်စဉ် (၄) သင်တန်းဆင်းပွဲသို့ ပေးပို့သော အမှာစာတွင် ဖော်ပြထားသည်။  

 

BPLA ရဲ့ ယခင်သင်တန်းတွေကို ရက္ခိုင့်တပ်တော်က သင်တန်းဆရာတွေရဲ့  ကြီးကြပ်သင်ကြားပေးမှုနဲ့ ပြုလုပ်ခဲ့ပြီး အပတ်စဉ် (၄) မှာတော့ BPLA ရဲ့ သင်တန်းဆရာတွေကိုယ်တိုင် ဦးဆောင်သင်ကြားနိုင်ခဲ့ပြီ ဖြစ်လို့ အားရကျေနပ်မိပါတယ်။ ခုလိုမျိုးသင်တန်းရေးရာတွေမှာ ကိုယ်တိုင်ရပ်တည်လာနိုင်အောင် စိတ်ရှည်လက်ရှည်နဲ့ သင်ကြားပေးခဲ့တဲ့ ရက္ခိုင့်တပ်တော် (AA) ကျေးဇူးအထူးတင်ရှိကြောင်း ဖော်ပြသည်။

 

၎င်းပြင် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA) အတွက် လိုအပ်တဲ့ နေရာအခင်းအကျင်း၊ လေ့ကျင့်ရေးပစ္စည်းစတာတွေကို လိုလေသေးမရှိအောင်ကူညီထောက်ပံ့ပေးခဲ့တဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)တို့ ကျေးဇူးအထူးတင်ရှိကြောင်း ဖော်ပြထားသည်။

 

၎င်းကျေးဇူးများကို ပြန်သိတတ်သောအနေဖြင့် မဟာမိတ်များအပေါ်  ကတိကဝတ်ပြုနိုင်သည်မှာ BPLA သည် မိမိ၏ နိုင်ငံရေးရည်မှန်းချက်များနှင့် တော်လှန်ရေးအပေါ်၊ မဟာမိတ်များအပေါ် မည်သည့်အခါမှ  သစ္စာမဖောက်ဘဲ ခိုင်ခိုင်မာမာလျှောက်လှမ်းသွားမည်ဟုလည်း ဖော်ပြထားသည်။

ဆက်စပ် သတင်းများ