နိရဉ္စရာ၊အောက်တိုဘာ ၁၁/၂၀၂၂
ချင်းပြည်နယ်၊ပလက်၀မြို့နယ်တွင် စစ်ကောင်စီတပ်ကဖမ်းဆီးသွားသည့် အလယ်တန်း ကျောင်းအုပ်ဆရာကြီးတစ်ဦးနှင့် အလယ်တန်းပြဆရာတစ်ဦးတို့ မိသားစုနှင့် အဆက်အသွယ်မရ ပျောက်ဆုံးနေကြောင်းသတင်းရရှိသည်။
အောက်တိုဘာလရ ရက်နေ့၊ ည ၈ နာရီဝန်းကျင်တွင် ပလက်၀မြို့ပေါ်ရှိ ၎င်း၏နေအိမ်မှ စစ်ကောင်စီတပ်ကဖမ်းဆီး ခေါ်ဆောင်သွားသည့် နှမဒါကျေးရွာအလယ်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးဇော်တင်၊ အသက်(၄၀ခန့်)မှာယနေ့ထိ မိသားစုနှင့် အဆက်အသွယ်မ၇ဘဲ ဖြစ်နေသည်ဟု မိသားစုများက ပြောသည်။
ယနေ့အောက်တိုဘာလ၁၁ ရက်အထိ သတင်းအစအနတစ်စုံတစ်ရာမရဘဲ ဖမ်းဆီးခံထား၇ဆဲ ဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူတစ်ဦးကပြောသည်။
" ပလက်၀မြို့ကသူ့အိမ်ကနေခေါ်သွားတာပါ။ ဘာအကြောင်းကြောင့်နဲ့ခေါ်သွားမှန်းလည်းမသိ၇ဘူး။ ၂၈၉ တပ်ရင်းကိုခေါ်သွားတာပဲဖြစ်မယ်လေ။ သွားကြည့်လို့လည်းမရတော့ ဘာမှမသိရဘူး။ ဘာသတင်းမှလည်း မထူးသေးဘူး။ တချို့ပြောကြတာကတော့ပညာရေးဝန်ထမ်းတွေကို ကိစ္စတစ်ခုခုနဲ့စစ်တပ်ကခေါ်သွားရင် သုံးရက်မြောက်ရှိရင် အကြောင်းကြား၇မယ်လို့ ပြောတယ်။ ဘယ်လိုကြောင့် ခေါ်သွားလဲဆိုတာ ပြောပြ၇မယ်လို့ ပြောတယ်။ ဒါပေမယ့်အခုတော့ဘာမှလည်း မသိ၇သေးဘူး" ဟုပြောသည်။
အလယ်တန်းကျောင်းအုပ်ကြီးတစ်ဦးကိုပြီးခဲ့သည့်အောက်တိုဘာလ ရ ရက်နေ့က ပလက်၀အခြေစိုက် ၂၈၉တပ်ရင်းမှ စစ်ကောင်စီတပ်သားများကဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သတင်းအစအန မရဖြစ်နေကြောင်းသိ၇သည်။
အလားတူ ပလက်၀မြို့နယ်နှမဒါကျေးရွာ အလယ်တန်းကျောင်းမှ အလယ်တန်းပြဆရာတစ်ဦးဖြစ်သူ ဦးမောင်ဝင်းသန်းကိုလည်း ပြီးခဲ့သည့်အောက်တိုဘာလ ၆ ရက်၊ နံနက် ၉ နာရီခန့်က ကျောက်တော်မှ ပလက်၀မြို့သို့အပြန် ပလက်၀အခြေစိုက်တပ်ရင်း(၂၈၉)အနီးရှိ လောင်းစုတံတားတွင် စစ်ကောင်စီ တပ်သားများ၏ဖမ်းဆီးခြင်းကို ခံလိုက်၇ပြီး ယနေ့အချိန်အထိ အဆက်အသွယ် မ၇ဖြစ်နေကြောင်း သူ၏မိသားစုဝင်တစ်ဦးကပြောသည်။
"အခုထိလည်းဘာသတင်းမှမကြား၇သေးပါဘူး။ ဒိနေ့မနက်က သူ့အဒေါ် ၂၈၉ ကိုသွားမလို့ လုပ်တာလည်း သွားခွင့်မရလို့ပြန်လှည့်လာရပါတယ်။အရပ်ထဲမှာတော့ လူတွေကသတင်းတွေ အမျိုးမျိုးပြောနေကြတော့ စိတ်ပူနေ၇ပါတယ်"ဟုပြောသည်။
၎င်းအလယ်တန်းပြကျောင်းဆရာဦးမောင်ဝင်းသန်းအား လွန်ခဲ့သည့်လပိုင်းက ဒွါရာ၀တီ ဖေ့စ်ဘုတ် စာမျက်နှာတွင် အေအေအတွက် ငွေကြေး ကောက်ခံပေးနေသူဟုဆိုကာလွဲမှားစွာ စွပ်စွဲရေးသားမှုများ ရှိခဲ့ကြောင်း၊၎င်းမှာရိုးရိုးသားသား ကျောင်းဆရာလုပ်ကိုင်နေသူဖြစ်ကြောင်း ၎င်း၏မိသားစုဝင်ကဆက်ပြောသည်။
လက်ရှိတွင်ဖမ်းဆီးခံထားရသည့် ကျောင်းဆရာနှစ်ဦးစလုံးအား ပလက်၀အခြေစိုက်တပ်ရင်း ၂၈၉ တွင် ဖမ်းဆီးထိမ်းသိမ်းထားကြောင်း သိ၇သည်။
ပလက်၀မြို့တွင်ပြီးခဲ့သည့် ဇွန်လကလည်း ပလက်၀မြို့ခံ သက်ကြီးပိုင်း အမျိူးသားသုံးဦးကို စစ်ကောင်စီကဖမ်းဆီးထားပြီးနိုင်ငံတော်ဆူပူ လှုံဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅(က)ဖြင့် ဖမ်းဆီးတရားစွဲဆိုထားကြောင်းသိ၇သည်။