နိရဥ္စရာ၊ အောက်တိုဘာ၁၁/၂၀၂၂
ရခိုင်ပြည်နယ်၊တောင်ကုတ်မြို့နယ်၊ ခူးတိုက်နယ်ရှိ သစ်တောဌာနဆင်ဝိုင်းမှ ဆင်မကြီးဇာနန်းလှက မွေးဖွား
ယနေ့ အောက်တိုဘာ ၁၁ရက် နံနက်ပိုင်းတွင် ဆင်ဖြူတော်အပါအဝင် ဆင် (၄) ကောင်ကို တောင်ကုတ်ဘက်သို့လုံခြုံရေးတင်းကျပ်စွာယူဆောင်သွ
"ကား (၄) စီးနဲ့ဆင်တစ်ကောင်ကျစီတင်ပြီးတောင်ကုတ်ဘက်ကို သွားတာတွေ့တယ်။ နောက်က အိမ်စီးကားလေးတွေလည်း ပါသွားတယ်။ စစ်ကား(၅) စီးနဲ့ စစ်သား၁၀၀ လောက်လည်း ပါပါတယ်။ နောက်က ဆင်ရိက္ခာတင်တဲ့ကားတွေရောပဲ ကားတွေတန်းစီလို့ထွက်သွားပါတယ်" ဟု ပြောသည်။
အဆိုပါဆင်များကို တောင်ကုတ်မြို့၊ရွှေလင်းယုန်ဆိပ်ကမ်းတွင် ချထားပြီး မည်သည့်နေရာကို ယူဆောင်မည်ကိုမသိ၇သေးကြောင်း တောင်ကုတ်ဒေသခံတစ်ဦးက ပြောသည်။
"ဆင်တွေကို ရွှေလင်းယုန်ဆိပ်ကိုချထားပါပြီ။ စစ်သားတွေလည်း မြို့ကိုပတ်သွားနေပါတယ်။ ရွှေလင်းယုန်ဆိပ်မှာလည်းလမ်းတစ်လျှောက်လုံးမှာ ပိတ်ပြီး စစ်ဆေးနေပါတယ်။ လူအသွားအလာကိုလည်းလုံး၀ပိတ်ထားပါတယ်။ ဆင်တွေကိုတော့ သူတို့ ဘယ်ကို၊ ဘယ်လိုပုံစံနဲ့ယူသွားမလဲမသိ၇သေးပါဘူး" ဟု ပြောသည်။
လက်ရှိမှာ ရွှေလင်းယုန်ဆိပ်ကမ်းနှင့်မြို့ထဲတွင်လည်း စစ်ကောင်စီတပ်သားများ သွားလာလှုပ်ရှားမှုများနေပြီးလမ်းများကိုပိတ်ကာ စစ်ဆေးမှုများလည်း လုပ်ဆောင်နေကြောင်း ၎င်းက ပြောသည်။
အဆိုပါ ဆင်ဖြူငယ်သည်ဇူလိုင် ၂၃ ရက်ကခူးတိုက်နယ်ရှိ မြန်မာ့သစ်တောဆင်ဝိုင်းတွင် မွေးဖွားခဲ့ခြင်းဖြစ်ပြီး ဆင်ဖြူတော်ကြန်အင်လက္ခဏာ ၇ချက်ဖြင့် ကိုက်ညီသောကြောင့် ဆင်ဖြူတော်အဖြစ် သတ်မှတ်လိုက်ကြောင်းစစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က သြဂုတ်လ ၃ ရက်နေ့တွင်သတင်းထုတ်ပြန်ခဲ့သည်။
ယခင်ပေါ်ထွန်းခဲ့သောဆင်ဖြူတော် ၉ စီး၌ပထမဆုံးပေါ်ထွန်းခဲ့သော ဆင်ဖြူ ၁ စီးသာလျှင် ကြန်အင်လက္ခဏာ ၇ချက်နှင့်ကိုက်ညီခဲ့ပြီး ကျန် ၈ စီးသည် အများဆုံး ၆ ချက်သာ ကိုက်ညီခဲ့ကာ ယခုဆင်ဖြူငယ်သည်လည်းကြန်အင် (၇) နှင့်ကိုက်ညီသည့်အတွက် ထူးခြားသည့် ဆင်ဖြူအဖြစ်စကစပြောခွင့်၇ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲတစ်ခုတွင်ပြောဆိုထားသည်။
မြန်မာနိုင်ငံတွင် ရရှိထားသော(၁၀) စီးတွင် (ရ) စီးမှာ ရခိုင်မှ ရရှိသောဆင်ဖြူများဖြစ်ပြီးနေပြည်တော်နှင့်ရန်ကုန်ရှိ မင်းဓမ္မကုန်း ၇တနာဆင်ဖြူတော် ဥယျာဉ်တို့တွင် ထိန်းသိမ်းထားကြောင်းသိ၇သည်။ (NN-7)