Preview

စစ်ကောင်စီတို့ရခိုင်တွင်အဖမ်းအဆီးကြမ်း၊ ရမ်းဗြဲနှင့်ကျောက်ဖြူတို့တွင် ဒေသခံ ရ ဦးကိုထပ်မံဖမ်းဆီး

အောက်တိုဘာ ၁၁/ ၂၀၂၂ | ကြည့်ရှုသူ :2625
ရခိုင် သတင်း

နိရဥ္စရာ၊ အောက်တိုဘာ၁၁/၂၀၂၂

၇ခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်က အဖမ်းအဆီးကြမ်းနေပြီး ရမ်းဗြဲနှင့်ကျောက်ဖြူမြို့တို့တွင် နောက်ထပ် ဒေသခံ (၇) ဦးထပ်မံဖမ်းဆီးသွားကာ မိသားစုများထံသို့လည်း တစ်စုံတစ်ရာ ဆက်သွယ်ကြောင်းကြားခြင်းမရှိ၍ စိုးရိမ်နေကြ၇သည်ဟုဒေသခံများက ပြောသည်။

အောက်တိုဘာ ၉ ရက်နေ့က မ်းဆီးခံရသူများမှာ ကျောက်ဖြူမြို့နယ်၊စနဲမြို့ ကံပြင်စုရပ်ကွက်မှ ဦးခေါင်းချွန်း၊ ပန်းရံလုပ်သားဦးဧပြီကျော်၊  ကံပြင်စုရပ်ကွက်မှ သံတိုသံစဝယ်သူ ဦးဟန်ထွန်းနှင့်ချင်းမင်းပြင်ကျေးရွာမှ ဦးအောင်ကျော်ဝင်းတို့ဖြစ်ကြသည်။


အောက်တိုဘာ ရ ရက်နေ့က ဖမ်းဆီးခံခဲ့၇သူ ၃ ဦးမှာ ကျောက်ဖြူမြို့၊အစိုးရရပ်ကွက်မှ အစိုး၇ဝန်ထမ်းများဖြစ်ကြသည့် ဦးသိန်းဝင်း၊ ဦးမျိုးမင်းနိုင်(ခ)ချထူးနှင့် ဦးညီညီမျိုးထွန်းတို့ ဖြစ်ကြသည်။


ဦးခေါင်းချွန်း၊ ဦးဧပြီကျော်၊ ဦးဟန်ထွန်းနှင့် ဦးအောင်ကျော်ဝင်းတို့ ၄ဦးကိုအောက်တိုဘာ (၉) ရက် ည ၁၀ နာရီခန့်တွင်  ရဗ်းဗြဲမြို့မှကားနှင့်ထွက်လာစဉ်တွင်ခမောင်းခြေတိုင်ကျေးရွာဘ်းတော်ကြီး ကျောင်းတွင် တပ်စွဲနေသောစကစတပ်သားများက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး သူတို့ကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရသေးဘဲစစ်ဆေးမေးမြန်းနေကြောင်းသာ သိ၇သည်ဟု အမည်မဖော်လိုသူ တစ်ဦးက ပြောသည်။


"ခမောင်းခြေတိုင်နားမှာအဖမ်းခံ၇တာပါ သူတို့က။ အခု အဲ့ဒီဖမ်းထားတဲ့ ၄ ယောက်ကို စစ်ဆေးနေတယ်လို့တော့သိရပါတယ်။ ဘယ်မှာဘယ်လိုစစ်နေလဲ သေချာလည်းမသိ၇ပါဘူး"ဟု ပြောသည်။

ယင်းအပြင် ကျောက်ဖြူမြို့မှ  ဆက်သွယ်ရေးနှင့်ဆေးဘက်ဆိုင်ရာတို့က ဝန်ထမ်းများဖြစ်ကြသည့် ဦးသိန်းဝင်း၊ ဦးမျိုးမင်းနိုင်(ခ) ချထူးနှင့် ဦးညီညီမျိုးထွန်းတို့ကို  အောက်တိုဘာလ ရက်က စစ်တပ်က ဖမ်းဆီးသွားပြီးယနေ့တိုင်အောင်အဆက်အသွယ်မ၇သေး၍ မိသားစုများ စိုးရိမ်နေကြသည်ဟု သိ၇သည်။

ဖမ်းဆီးတာတော့မဟုတ်ဘူး။မေးမြန်းစရာရှိတယ်ဆိုပြီးခေါ်သွားတာ။ ကြည်ကြည်ဖြူဖြူ လိုက်သွားတယ်။ ခုထိတော့အဆက်အသွယ် မ၇သေးဘူးဟုဦးသိန်းဝင်း၏ မိသားစုဝင်တစ်ဦးကပြောသည်။

၎င်းတို့ကို ပြီးခဲ့သည့်အောက်တိုဘာ ရက် နေ့လယ်ပိုင်းက သူတို့နေအိမ်မှ အရပ်ဝတ်နှင့် လူတစ်စုက မေးမြန်းစရာရှိသည်ဟု ဆိုပြီး ကျောက်ဖြူမြို့အခြေစိုက်ခလ၇(၃၄) တပ်ရင်းကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့ခြင်းဖြစ်သည်ဟုသူတို့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

လက်ရှိ ရခိုင်မှကျောက်ဖြူ၊ ရမ်းဗြဲ၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊မောင်တော နှင့် မင်းပြားမှ ဒေသခံအရပ်သား ဖမ်းဆီးခံ၇သူများ ဆက်တိုက်ရှိနေပြီးအနည်းဆုံး (၇၀) အထိရှိနေကြောင်း သိ၇သည်။ ဖမ်းဆီးခံရမှုအထဲတွင်ကျောက်ဖြူမြို့မှအများဆုံးဖြစ်ကြောင်း သိ၇သည်။(NN-7/3)

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.