နိရဥ္စရာ၊ အောက်တိုဘာ၁၂/ ၂၀၂၂
၇ခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်တွင် ညဉ့်သန်းခေါင်အချိန်လေယာဉ်များ ကျေးရွာများပေါ်က ပျံဝဲပြီးမြို့နယ်အတွင်း အခြေစိုက်သည့် တပ်ရင်းများကလည်း လက်နက်ကြီးများပစ်ခတ်သဖြင့် ပြည်သူများအနေဖြင့် အထူးအထိတ်တလန့်ဖြစ်ခဲ့၇သည်ဟု ဒေသခံများကပြောသည်။
ကျောက်တော်မြို့နယ်ရှိ ကန်စောက်အခြေစိုက်ခမ၇ ၅၃၉ တပ်ရင်းက ယနေ့ အောက်တိုဘာ ၁၂ ရက်၊ ညဉ့် ၁၂ နာရီကျော်ခန့်တွင်လက်နက်ကြီးများ ပစ်ခတ်နေခဲ့ပြီး များမကြာမီ လေယာဉ် ၂ စီးလည်း ပျံဝဲ ရောက်ရှိလာခဲ့ကြောင်း၊ ၎င်းလေယာဉ်များသည် ကန်စောက် အခြေစိုက် ၅၃၉ တပ်နှင့်အနီးအနားရှိ ကျေးရွာများဖြစ်သည့် ပန်းဖဲချောင်း၊ခမောင်းတော၊ ကန်စောက်၊ မီးရပ်ပြင်၊ ဝါးတောင်အစရှိသည့် ကျေးရွာများပေ
ဒေသခံတစ်ဦးက"လေယာဉ်မလာခင်ကနေလက်နက်ကြီးလှမ်းပစ်နေပြီ။ ည ၁၂ နာရီကျော်လောက် ရှိပြီ။ အသံကြားလို့နိုးလာတာ။ ကောင်းကင်မှာ လေယာဉ်လည်း ဝဲတယ်။ လက်နက်ကြီးလည်း ပစ်တယ်။ ညဉ့်အချိန်ဆိုတော့လက်နက်ကြီးပစ်လိုက်လို့ ကျည်က ကောင်းကင်မှာအရှိန်နဲ့သွားတဲ့မီးရောင်တောင်မြင်၇တယ်။ ဘယ်ကိုပစ်မှန်းတော့ မသိ၇ဘူး" ဟုပြောသည်။
နောက်ထပ် ဒေသခံတစ်ဦးက"အိမ်ပေါ်က ကောင်းကင်မှာ လေယာဉ်ပျံဝဲနေတော့ လေယာဉ်ပေါ်ကနေ ဗုံးပဲချပစ်ခဲ့မလား။လက်နက်ကြီးပဲ ကျလာမလား။ တစ်ညလုံး ရင်တထိတ်ထိတ်နဲ့ စိုးရိမ်နေ၇တယ်။ဗုံးခိုကျင်းထဲ ဝင်လည်း ပုန်းနေလိုက်တယ်။ ကြောက်လို့" ဟု ပြောသည်။
စစ်ကောင်စီတပ်က လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်ခြင်း၊ ကျေးရွာများပေါ်မှ လေယာဉ်ပျံဝဲခြင်းများနှင့် ပတ်သက်ပြီး အကြောင်းအရင်းကို မသိနိုင်ကြောင်း ဒေသခံများက ပြောသည်။
တခြားဒေသခံတစ်ဦးကလည်း " ဘာကြောင့် ဒီလို လုပ်သလည်းဆိုတာ မသိဘူး။ အရပ်သားတွေက ညဉ့်အချိန် လေယာဉ်ပျံလာတော့ အသံအကျယ်ကြီးကြား၇ပြီး လက်နက်ကြီးတွေပစ်တော့ လူတိုင်း ထိတ်လန့်ကုန်တယ်။လေယာဉ်မလာခင်ကနေ ၅၃၉ တပ်ကနေ လက်နက်ကြီးတွေပစ်တယ်။လက်နက်ကြီးတန့်သွားတော့ လေယာဉ်ဝဲတယ်။ကျောက်တော် ဦးစွန်းတောင်ဘက်ကိုလည်း လက်နက်ကြီး လှမ်းပစ်တယ်။ ပြီးတော့လေယာဉ်က ယိုးချောင်း ချောင်းဖျားဘက်ကို ပျံသွားတယ်။လေယာဉ်သွားပြီးတဲ့နောက် အဲဒီဘက်တွေကိုလက်နက်ကြီးနဲ့ လှမ်းလို့ပစ်ပေးတယ်" ဟု ပြောသည်။
၎င်းပြင် ကျောက်တော် စခက (၉) မှလည်း ပီချောင်းဘက်ကို ညဉ့်၁၂ နာရီ ၈မိနစ် ကစပြီး လက်နက်ကြီးများပစ်ခတ်ခဲ့ကြောင်း၊ များမကြာမီ လေယာဉ် ဂျက်ဖိုက်တာ၂ စီး ရောက်ရှိလာပြီး ပီချောင်းအထဲကတောင်တန်းထဲကိုပစ်ကြောင်း၊ လက်နက်ကြီးများကို ကျောက်တော်တပ်မကလည်း အဆက်မပြတ်ပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
ယခုကဲ့သို့ ညဉ့်အချိန် လေယာဉ်ပျံဝဲပြီး စစ်ကောင်စီတပ်ရင်းများကလက်နက်ကြီးများ ပစ်ခတ်ခဲ့မှုမှာ ၇ခိုင်လူထုကို အထိတ်တလန့်ဖြစ်အောင် ပြုလုပ်ခြင်းသာဖြစ်သည်ဟုဒေသခံပြည်သူများ ပြောဆိုကြသည်။ (NN-12)