Preview

အစိုးရတိုက်နယ်ဆေးရုံအတွက် ဆေးဝါးလမ်းကြုံသယ်လာသည့် စက်လှေပိုင်ရှင်အပါအဝင် ၃ ဦး အမှုဖွင့်ခံရ

အောက်တိုဘာ ၁၂/ ၂၀၂၂ | ကြည့်ရှုသူ :1208
ရခိုင် သတင်း
နိရဥ္စရာ၊ အောက်တိုဘာ၁၂/ ၂၀၂၂

ရခိုင်ပြည်နယ်၊မြေပုံမြို့နယ်၊ ငပသုန်ကျေးရွာ တိုက်နယ်ဆေးရုံအတွက် ဆေးဝါးများကို လမ်းကြုံသယ်ယူလာသည့်စက်လှေပိုင်ရှင်ပါအဝင် စက်လှေမှတာဝန်ရှိသူဦးကို  စစ်တပ်က အမှုဖွင့်ထားသည်ဟုကာယကံရှင်များက ပြောသည်။
ဖမ်းဆီးအမှုဖွင့်ခံထား၇သူများမှ မြေပုံမြို့နယ်၊ငပသုန်ကျေးရွာမှ စက်လှေပိုင်ရှင် ဦးသိန်းဘုချေ(၅၅ နှစ်)၊ စက်ဆရာဦးမောင်ခင်ဝင်း(၅၀ နှစ်)နှင့် စက်လှေမောင်းသူ ဦးအေးထွန်း (၄၅နှစ်)တို့ဖြစ်သည်။
သူတို့သည် ပြီးခဲ့သည်စက်တင်ဘာလ ၂၅ ရက်နေ့က ငပသုန်တိုက်နယ်ဆေးရုံအတွက် လိုအပ်သည့် ဆေးဝါးများကို စစ်တွေမြို့မှ စက်လှေဖြင့်လမ်းကြုံသယ်ဆောင်လာခဲ့ပြီး ပေါက်တောမြို့နယ်၊ မင်းဖူးရွာအနီးတွင်စစ်ဇက်ရေယာဉ်ပေါ်က ဖမ်းဆီးကာ စစ်တွေ အမှတ်(၂)ရဲစခန်းတွင်အမျိုးသားဆေးဝါးဥပဒေ ပုဒ်မ-၁၉(ခ)ဖြင့် အမှုဖွင့်ထားသည်ဟုအမှုဖွင့်ခံ၇သည့် ဦးသိန်းဘုချေက နိရဥ္စရာကိုပြောသည်။
"ဆေးရုံအတွက်လိုအပ်တဲ့ ဆေးဝါးကိုသယ်ယူလာတာ။ လမ်းကြုံလို့ သယ်ယူလာတဲ့သဘောမျိုးပါ။ ရေတပ်နေဗီက ဖမ်းပြီးရဲစခန်းအပ်တယ်။ ပြီးတော့ အမှုဖွင့်တာ။ စက်လှေနဲ့ဆေးဝါးတွေပါ သိမ်းသွားတယ်။ဒီဆေးကို ဘယ်ကိုသယ်တာလဲမေးတယ်။ကျွန်တော်က ဒီငပသုန်တိုက်နယ် ဆေးရုံအတွက် သယ်တာလို့ပြောပြီးဒေါက်တာဝင်နိုင်စိုးကို ဖုန်းဆက်တယ်။ ဒေါက်တာကိုပါ ဖမ်းတယ်"ဟုပြောသည်။
ယင်းသို့အမှုဖွင့်ခံ၇ပြီးနောက်သူတို့ ၃ ဦးကို စက်တင်ဘာလ ၂၇ ရက်တွင် အာမခံဖြင့် ပြန်လွှတ်ပေးလိုက်သည်ဟု ဆိုသည်။
အဆိုပါဆေးဝါးများသယ်ဆောင်မှုကြောင့် ငပသုန်တိုက်နယ်ဆရာဝန် ဒေါက်တာ ဝင်းနိုင်စိုးကိုလည်း စစ်ကောင်စီက ခေါ်ယူကာ စက်တင်ဘာလ ၂၇ ရက်တွင်ဖမ်းဆီးခဲ့ပြီး ပြီးခဲ့သည့်အောက်တိုဘာလ ၅ ရက်တွင် ပြန်လွှတ်ပေးခဲ့သည်။
ပြီးခဲ့သည့်အောက်တိုဘာလ ၃ ရက်ကလည်း မြောက်ဦးမြို့မဈေးထဲမှဆေးဆိုင်ရောင်းချနေသည့် အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ဦးကိုစစ်တပ်ကဖမ်းဆီးခဲ့ပြီး နောက်တစ်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။
အလားတူ ပြီးခဲ့သည့်စက်တင်ဘာလ ၆ ရက်ကလည်း တောင်ကုတ်မြို့တွင် ဆေးခန်းဖွင့်လှစ်ထားသည့်ဒေါက်တာ ကျော်သူ၇ထွန်းကို စစ်တပ်က ဖမ်းဆီးကာ အမှုဖွင့်ထားသည်ဟုသိ၇သည်။ (NN-12)

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.