Preview

ဘူးသီးတောင်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးဖမ်းဆီးခံရ

အောက်တိုဘာ ၁၂/ ၂၀၂၂ | ကြည့်ရှုသူ :9285
ရခိုင် သတင်း

နိ၇ဉ္စရာ၊အောက်တိုဘာ ၁၂/၂၀၂၂

၇ခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ်တွင်ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကိုစစ်တပ်ကဖမ်းဆီးသွားသည်ဟု သတင်းရရှိသည်။

ဖမ်းဆီးခံ၇သူမှာဘူးသီးတောင်မြို့နယ်၊ညောင်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူးဦးလင်းလင်း (၄၀)နှစ် (ဘ) ဦးရွှေမောင် ဖြစ်ကြောင်း သိ၇သည်။

အုပ်ချုပ်ရေးမှူးဦးလင်းလင်းသည် မနေ့ည ောက်တိုဘာလ ၁၁ရက်၊ညဥ့် ၁၀ နာရီခွဲအချိန်တွင် ဘူးသီးတောင်မြို့ ဈေးအနီးအနားရှိစက်လှေဆိပ်၌ စစ်တပ်ကဖမ်းဆီးခြင်းကိုခံလိုက်ရခြင်းဖြစ်သည်ဟုသိ၇သည်။

"သူက ဘူးသီးတောင်မှရှိတဲ့သူ့ယောက္ခမအိမ်ကိုသွားတာ။ အဲ့ဒီမှာအဖမ်းခံလိုက်၇တာ။ ဘာကြောင့်ဖမ်းလည်းတော့မသိ၇ဘူး"ဟု ဆွေးမျိုးတော်စပ်သူတစ်ဦးက ပြောသည်။

၇ခိုင်တွင် တကျော့ပြန် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က အရပ်သားရာနှင့်ချီပြီး ဖမ်းဆီးထားသည်ဟု သိ၇သည်။(NN-12)

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.