Preview

စစ်တွေတွင် ဧည့်စာရင်းစစ်စဉ် ဖမ်းဆီးခေါ်ဆောင်ခံရသည့် အမျိုးသားဖြစ်သူ သေဆုံးသွားပြီဟု သတင်းထွက်နေသဖြင့် အဖြစ်မှန်ကိုပြောပြကြစေလိုသည်ဟု ဇနီးဖြစ်သူပြော

အောက်တိုဘာ ၁၂/ ၂၀၂၂ | ကြည့်ရှုသူ :6807
ရခိုင် သတင်း
နိရဥ္စရာ၊ အောက်တိုဘာ၁၂/၂၀၂၂

၇ခိုင်ပြည်နယ် စ်တွေမြို့စက်ရုံစုရပ်ကွက်တွင်နေထိုင်သူ သူမ၏အမျိုးသားအား အောက်တိုဘာ ၅ ရက် ညဉ့်အချိန် ဧည့်စာရင်းစစ်စဉ်ဖမ်းဆီးသွားပြီး နောက်တစ်ရက်အကြာ အောက်တိုဘာ ၆ ရက်နေ့တွင် သေဆုံးသွားပြီဟု ALPရုံးက တစ်ယောက်က ဖုန်းဆက်လာသဖြင့်သူမ၏ အမျိုးသားအတွက် စိုးရိမ်နေ၇ပြီး အဖြစ်မှန်ကို ပြောပြကြစေလိုသည်ဟု ဇနီးဖြစ်သူဒေါ်ဦးခင်သိန်းက ပြောသည်။

အသက် ၄၀ နှစ် အရွယ် ဒေါ်ဦးခင်သိန်းသည် သူမ၏အမျိုးသားဖြစ်သူ ဦးလေမောင်သိန်း(၄၂) နှင့် အတူ ပြီးခဲ့သည့်အောက်တိုဘာလ ၅ ရက် ည ၁၁နာရီအချိန် စစ်တွေမြို့၊စက်ရုံစုရပ်ကွက် ဆီဆိုင်တန်းနောက်ဘက်ကို ဧည့်စာရင်းစစ်ရာတွင်ဖမ်းဆီးခံခဲ့၇သည်။

ဧည့်စာရင်း စစ်ရာတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များပါဝင်ပြီးသူတို့ နှစ်ဦးအား ရပ်ကွက်တွင်းရှိ ALPရုံးသို့ ခေါ်ဆောင်ခံခဲ့၇သည်ဟု သူမကပြောဆိုသည်။

  ကျွန်မတို့လင်မယားနှစ်ယောက်ကို ဧည့်စာရင်း မတိုင်ဘူးဆိုပြီးဖမ်းတယ်။ ဖမ်းပြီးတော့ ရပ်ကွက်အတွင်းက ALP ရုံးကိုယူဆောင်လာခဲ့တယ်။ အဲဒီရုံးက စ်ဆင့်ရဲကားနဲ့  ကျွန်မကို  စစ်တွေမြို့မ ရဲစခန်းကို ခေါ်ဆောင်လာခဲ့တယ်။ ကျွန်မရဲ့ အမျိုးသား ဦးလေမောင်သိန်းကိုတော့  စစ်ကားပေါ်တင်ပြီး ယူသွားတယ်။ ဘယ်နေရာကို သူ့ကို ခေါ်ဆောင်သွားတယ်ဆိုတာကို ကျွန်မမသိဘူးဟု ဒေါ်ဦးခင်သိန်းက နိရဉ္စရာသတင်းဌာနကို ပြောသည်။

စစ်တွေအမှတ် (၁) ရဲစခန်းတွင် သူမအား ချုပ်နှောင်ထားစဉ် အမျိုးမျိုးစစ်ဆေးမေးမြန်းခဲ့ပြီးတစ်ရက်အကြာ အောက်တိုဘာ ၆ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်ဟုဆိုသည်။

ကျွန်မကို စစ်တွေ အမှတ်()စခန်းမှာချုပ်နှောင်ပြီး စစ်ဆေးတယ်။ အမျိုးသားက ဘာလုပ်လဲ၊ ဘယ်ကလဲ။အိမ်ထောင်ကျတာ ဘယ်လောက်ကြာပြီလဲ။ အဲဒါတွေကိုမေးတယ်။ နောက်တစ်ရက် အကြာ အောက်တိုဘာ  ရက်နေ့မှာတော့ ကျမကိုပြန်လွှတ်ပေးလိုက်တယ်ဟုပြောသည်။

ဦးလေမောင်သိန်းကိုမူစစ်ကားပေါ်တင်၍ မည်သည့်နေရာသို့ခေါ်ဆောင်သွားသည်ကို ယနေ့ အောက်တိုဘာလ ၁၂ရက်အထိ မသိ၇သေးသလို  ALP ရုံးက တစ်ယောက်က သူသေဆုံးသွားပြီဟုဖုန်းဆက်လာသဖြင့် အထူးစိုးရိမ်နေ၇သည်ဟု ဒေါ်ဦးခင်သိန်းက ဆက်လက် ပြောသည်။

ကျမ ပြန်လွတ်လာပြီးနောက်စက်ရုံစုရပ်ကွက်မှာရှိတဲ့ ALP ရုံးကတစ်ယောက်က ဖုန်းနဲ့ ဆက်သွယ်လာပြီး ၆ ရက် ညနေ ၆ နာရီလောက်မှာဦးလေမောင်သိန်းဟာ ALP ရုံးမှာဆုံးသွားပြီဖြစ်လို့ည ၈ နာရီလောက်မှာ သင်္ဂြိုလ်ဖို့လုပ်နေကြတယ်လို့ ဆက်သွယ်လာတာရှိတယ်။ အဲလို ဆက်သွယ်လာပေမယ့် မသွားရဲလို့ ကျမတို့ကALP ရုံးကိုသွားမမေးဖြစ်ဘူး။ တကယ်သေသွားတယ် ဆိုရင်လည်း အဖြစ်မှန်ကိုပြောပြကြစေလိုပါတယ်ဟု သူမက ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၏ဒုဗိုလ်မှူးကြီးကျော်ဇောကို နိရဉ္စရာသတင်းဌာနကဆက်သွယ်မေးမြန်းရာ  ယခုကိစ္စမှာ ALPနှင့်ပတ်သက်မှုလည်းမရှိသလို ပါဝင်ဆောင်ရွက်ခဲ့ခြင်းလည်း မရှိဟု နိရဥ္စရာကိုပြောသည်။

"ကျနော်တို့ဘက်ကဒီကိစ္စနဲ့ လုံး၀မပတ်သက်ပါဘူး။ကျနော်တို့အနေအထားကလည်း ဒီကိစ္စမှာ ပါဝင်ဆောင်ရွက်ခြင်းမရှိဘူး။ဧည့်စာရင်းဝင်စစ်တာဆိုတော့ ရဲနဲ့ လ၀ကနဲ့ပဲသက်ဆိုင်မယ်။ ကျနော်တို့ကဒီအစိုးရနဲ့ပူးပေါင်းဆောင်ရွက်နေတာမျိုး မရှိသေးဘူး။သူတို့အထင်နဲ့ပြောနေကြတာပါ။ ဒါပေမယ့် လိုအပ်တယ်ဆိုရင် သက်ဆိုင်တဲ့ရာအိမ်မှူးဖြစ်ဖြစ်၊အုပ်ချုပ်ရေးမှူးဖြစ်ဖြစ် ဝင်ကြည့်လို့ရတယ်"ဟု နိ၇ဉ္စရာကိုပြောသည်။

ဒေါ်ဦးခင်သိန်းကမူသူမ၏ အမျိုးသားအား စစ်ကားပေါ်တင်၍ ခေါ်ဆောင်သွားသည်ကို မြင်တွေ့လိုက်၇ပြီ ယနေ့အောက်တိုဘာလ ၁၂ ရက်အချိန်ထိ အဆက်အသွယ်မ၇သေးသဖြင့် တိတိကျကျ အဖြစ်မှန်ကိုသိချင်နေသည်ဟု ပြောသည်။

သူသေသေ၊ ရှင်ရှင် ကျမတို့ကတော့ တိတိကျကျတစ်ခုကို သိချင်ပါတယ်။ ALPရုံးမှာလား၊စစ်တပ်မှာလား တိတိကျကျသိချင်တယ်။မိသားစုတွေလည်း အရမ်းကြောင့်ကြနေကြတယ်။ အမေဖြစ်သူကလည်း လုံး၀ကိုထမရောက်တော့ဘူး။ သူ့မှာအပြစ်ရှိတယ်ဆိုရင်လည်း ကျမတို့ကတော့ အပြစ်ပေး။တရားဥပဒေနဲ့အညီ အပြစ်ဒဏ်ပေး။ အဲလိုတောင်းဆိုချင်ပါတယ်။ ပြီးတော့ ဘယ်နေရာမှာရှိတယ်၊ဘယ်နေရာမှာမရှိဘူးဆိုတာ သိချင်ပါတယ် အဖြစ်မှန်ကိုပြောပြကြဖို့ တောင်းဆိုပါတယ်ဟုသူမက ပြောဆိုသည်။

ဖမ်းဆီးခံ၇ပြီးနောက် သေဆုံးသွားပြီဟု သတင်းထွက်နေသည့်  ဦးလေမောင်သိန်းသည်ပေါက်တောမြို့နယ် ဂြင်းချောင်းကျေးရွာဇာတိဖြစ်ပြီ စစ်တွေမြို့စက်ရုံစုရပ်ကွက်တွင် ဇနီးဖြစ်သူနှင့် ပြီးခဲ့သည့် ၂ လခန့်က ပြောင်းလာကာသစ်လုပ်ငန်းကို လုပ်ကိုင်နေသူဖြစ်သည်ဟု သိ၇သည်။

#ALP
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.