Preview

မြန်မာဘက်က ဆန်တန်ချိန် ၂၁၀၀၀ ဘင်္ဂလားဒေရှ်ကိုတင်ပို့၊ ၇ခိုင်ကဆန်တန်ချိန် ၂၅၀၀ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကဝယ်ယူ

အောက်တိုဘာ ၁၃/ ၂၀၂၂ | ကြည့်ရှုသူ :1091
ရခိုင် သတင်း

နိရဉ္စရာ၊ အောက်တိုဘာ၁၃/ ၂၀၂၂

 

မြန်မာနိုင်ငံမှ ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန် ၂၁၀၀၀ကို တင်ပို့ရန် သဘောတူညီထားပြီးနောက် ယခု အခါ ၎င်းဆန်များကို စတင် တင်ပို့နေပြီဖြစ်ကြောင်းသိရှိ၇သည်။

 

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF)သို့ ရခိုင်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအနေဖြင့် တစ်တန်ကိုဒေါ်လာ ၄၀၀ နူန်းဖြင့် ပို့ကုန် အရည်အသွေးမှီ ဆန်တန်ချိန် ၂၅၀၀ အားရောင်းချခွင့်ရရှိထားသည်ဟုသိ၇သည်။

 

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဆိပ်ကမ်း အရောက်တစ်တန်လျှင် ၄၆၅.၅ ဒေါ်လာနှုန်းဖြင့် ရောင်းချရန် ဘင်္ဂလားဒေ့ရှ်နှင့် သဘောတူညီမှုရရှိထားကြောင်းRSCCI တွင် သတင်းဖော်ပြထားသည်။

 

ရခိုင်ပြည်နယ်တွင် ပို့ကုန်အရည်အသွေးမှီ ကြိတ်ခွဲနိုင်သောအင်္ဂါရပ်ပြည့်စုံသည့် ခေတ်မှီ ဆန်စက်ကြီး (ရ) လုံးရှိပြီး ယင်းတို့မှာ ကျောက်တော်မြို့နယ်တွင်၃ လုံး၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် (၂)လုံးနှင့် စစ်တွေမြို့နယ်တွင် (၂)လုံးရှိကာ ဆန်များကိုအသုတ်လိုက်ရောင်းချမည်ဟု ၎င်း သတင်းတွင် ဖော်ပြသည်။

 

ဘင်္ဂလားဒေ့ရှ်သို့ တန်ပို့မည့် ဆန်များအထဲမှ တန်းမြင့်ဆန်တန်ချိန်၂၀၃၀၀ ကို ရန်ကုန်မြို့ ဆူးလေဆိပ်ကမ်းတွင် ရောက်ရှိနေသည့် MV VTC Ocean သင်္ဘောဖြင့်ပို့ဆောင်ရန် စီစဉ်နေပြီဖြစ်ကြောင်း စစ်ကောင်စီပိုင်သတင်းစာတွင် ယမန်နေ့က ဖော်ပြထားသည်။

#စိုက်ပျိုးရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.