Preview

၁၄ ကြိမ်မြောက် နိုင်ငံတကာအလှမောင်ပြိုင်ပွဲတွင် ရခိုင်လူမျိုးမော်ဒန် စံသာက နိုင်ငံကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည်

အောက်တိုဘာ ၁၃/ ၂၀၂၂ | ကြည့်ရှုသူ :7319
ရခိုင် သတင်း

နိရဥ္စရာ၊ အောက်တိုဘာ၁/၂၀၂၂

၁၄ ကြိမ်မြောက်နိုင်ငံတကာ အလှမောင်ပြိုင်ပွဲတွင် ၇ခိုင်လူမျိုးဖြစ်သည့် မော်ဒန်စံသာကမြန်မာကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည်ဟု  သိ၇သည်။

အဆိုပါပြိုင်ပွဲကိုဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် လာမည့်အောက်တိုဘာလ ၂၀ ရက်၌စတင်ကျင်းပမည်ဖြစ်ပြီး  နိုင်ငံပေါင်း၄၀ ခန့်ဝင်ပြိုင်ယှဉ်ပြိုင်မည်ဟုသိ၇သည်။

ရခိုင်လူမျိုးတစ်ဦးဖြစ်သည့်မော်ဒန်ကိုစံသာက မြန်မာနိုင်ငံကိုယ်စားပြုဝင်ပြိုင်၇ခြင်း အပေါ် ဂုဏ်ယူကြောင်း၊အပြိုင်ချင်ဆုံး ပြိုင်ပွဲတစ်ခုလည်းဖြစ်ကြောင်း၊ ယခု ဝင်ပြိုင်ခြင်းသည်သူ၏နောက်ဆုံးပြိုင်ပွဲတစ်ခုလည်း ဖြစ်ကြောင်း ပြောကြားသည်။

"ကျွန်တော်အပြိုင်ချင်ဆုံးပြိုင်ပွဲတစ်ခုဆိုလည်း ဟုတ်တယ်။ ဒီနိုင်ငံတကာပွဲမှာကျွန်တော်ရဲ့အသက်အရွယ်အပိုင်းအခြားနဲ့ ဆိုရင် နောက်ဆုံးပြိုင်ပွဲဖြစ်ပါတယ်။ ဒီအတွက် ကျွန်တော်အနေနဲ့ အသေအချာ ဆုံးဖြတ်ချက်ချပြီးမှဝင်ပြိုင်တာဖြစ်တယ်" ဟု ပြောသည်။

နိုင်ငံကိုယ်စားပြုဝင်ပြိုင်ရခြင်းအတွက်ပခုံးပေါ်တွင် တာဝန်တစ်ခုရှိနေသည်ဟု ခံစား၇ပြီး ပြိုင်ပွဲအတွက်လည်းအကောင်းဆုံးလုပ်ဆောင်နေသည်ဟု ဆိုသည်။

ကိုစံသာက"ဒီပြိုင်ပွဲကအနိုင်ရရင်တော့ Mister International Myanmar 2022 ဖြစ်လာမယ်။ ဥပမာ သာမန်ထက် အခုကျွန်တော်က စံသာဖြစ်နေရင်။ ကျွန်တော်နောက်က (Mister International Myanmar)စံသာဖြစ်လာမယ်"ဟု ပြောသည်။

မော်ဒန်ကိုစံသာသည် ၇ခိုင်ပြည်နယ်၊ပေါက်တောမြို့ဇာတိဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ကလည်း Mister GrandMyanmar 2019 ကိုဝင်ပြိုင်ခဲ့သည်ဟုလည်း သိ၇သည်။

မော်ဒန်ကိုစံသာသည်စစ်တွေတွင် Akyab Star အမည်ရှိမော်ဒန်အနုပညာသင်တန်းတစ်ခုကိုလည်း ထူထောင်ဖွင့်လှစ်ထားသူဖြစ်သည်။ (NN-12)

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.