၇ခိုင်ပြည်နယ်၊တောင်ကုတ်မြို့နှင့် ကျောက်ဖြူမြို့တို့မှ ဒေသခံအရပ်သား အနည်းဆုံး၅ ဦးကိုစစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့သည်ဟု သတင်းရရှိသည်။
ဖမ်းဆီးခံ၇သူများမှာ တောင်ကုတ်မြို့နယ်တွင် ၄ ဦးနှင့် ကျောက်ဖြူမြို့မှ တစ်ဦးတို့ ဖြစ်ကြသည်။
တောင်ကုတ်မြို့နယ်က ဖမ်းဆီးခံ၇သူ ၄ ယောက်မှာ မိုးထိတိုက်နယ်၊မှန်နီကျေးရွာမှရာအိမ်မှူး ဦးကိုကြီး (၃၆) နှစ်၊ ရွာသားများဖြစ်ကြည့် ဦးဇော်ဌေး (၅၂) နှစ်နှင့်ဦးခင်လှ (၅၂နှစ်)၊ ကြိုးကြာကွင်း ကျေးရွာမှ ဦးဝင်းနိုင် (၄၀နှစ်)တို့ဖြစ်ကြသည်။
ဖမ်းဆီးခံ၇သူများအထဲမှ ရာအိမ်မှူးဖြစ်သူဦးကိုကြီးနှင့် အရပ်သားဖြစ်သူ ဦးဇော်ဌေးတို့ကို ပြီးခဲ့သည့်အောက်တိုဘာ ၁၀ရက်၊ ညနေ ၄ နာရီခန့်တွင် တောင်ကုတ်မြို့သို့ ဈေးဝယ်လာစဉ် တောင်ကုတ်မြို့မဘုရားကိုးဆူစစ်ဆေးရေးဂိတ်တွင် စစ်တပ်က စစ်ဆေးဖမ်းဆီးသွားခဲ့သည်ဟုသိ၇သည်။
"သူတို့နှစ်ယောက်ကမြို့ထက်ကို ဈေးသွားဝယ်တာလို့တော့ ပြောကြတယ်
ထို့အတူ မှန်နီကျေးရွာမှ ဦးခင်လှကို ပြီးခဲ့သည့် အောက်တိုဘာလ ၁၀ရက်နေ့၊ ည ၇ နာရီခွဲခန့်တွင်စစ်တပ်က နေအိမ်သို့ဝင်ရောက် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး ကြိုးကြာကွင်းကျေးရွာမှဦးဝင်းနိုင်ကိုလည်း ယင်းနေ့ ည၁၁နာရီခန့်တွင် စစ်တပ်ကနေအိမ်မှ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်ဟု
ယင်းအပြင်ပြီးခဲ့သည့် အောက်တိုဘာလ ၁၁ရက်နေ့၊ည ရနာရီကျော်အချိန်ခန့်၌ အရာရှိရပ်ကွက်တွင် နေထိုင်သူ အသက်(၃၀)နှစ်ရှိ Gym ရုံမှ ကိုယ်ကာယနည်းပြဆရာတစ်ဦးဖြစ်သူကိုတင်ထွန်းကို စစ်တပ်ကဖမ်းဆီးသွားခဲ့သည်ဟုလည်း သိ၇သည်။
ကိုတင်ထွန်းသည်ယင်းနေ့က ကုလားဘာတောင်ရပ်ကက်ရှိ Gym ရုံမှ သူ့နေအိမ်သို့အပြန်တွင် စစ်
တပ်က ဖမ်းဆီးခြင်းခံလိုက်၇သည်ဟု
"သူ့ကိုတော့မမြင်ဖူးဘူး။ ကုလားဘာတောင်ရပ်ကွက်မှာ Gym ရုံဆောက်ပြီး နည်းပြဆရာ လုပ်နေတာလို့တော့ကြား
ဖမ်းဆီးခြင်းမခံ၇မီ ပြီးခဲ့သည့် အောက်တိုဘာ ၆ရက်၊ရရက်နေ့ကလည်း အရာရှိရပ်ကွက်ရှိ ကိုတင်ထွန်းနေအိမ်ကိုလည်းစစ်တပ်က ညအချိန်စစ်တပ်ကဝင်ရောက်ရှာဖွေမှုများလည်းပြုလုပ်ခဲ့
သည်။
၇ခိုင်တွင်တကျော့ပြန် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ရခိုင်မှအရပ်သားများကို ဖမ်းဆီးမှုများ ဆက်တိုက်ဆိုသလို ရှိနေပြီး လက်ရှိအချိန်တွင် အရပ်သား ရာနှင့်ချီ ဖမ်းဆီးခံနေရကာတချို့မှာ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသည်ဟု သိ၇သည်။ (NN-12)