Preview

UECက သတိပေးသော်လည်း ရခိုင်ပြည်သူအကျိုးအတွက်လိုအပ်ပါကဆက်လက်လုပ်ဆောင်မည်ဟုဆို

အောက်တိုဘာ ၁၃/ ၂၀၂၂ | ကြည့်ရှုသူ :8188
ရခိုင် သတင်း

နိရဉ္စရာ၊ အောက်တိုဘာ ၁၃/၂၀၂၂

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က ၇ခိုင်အမျိုးသားပါတီ(ANP) မှ တာဝန်ရှိသူများအား နောင်တွင် ဥပဒေနှင့်အညီသာ ထုတ်ပြန်ချက်များကို ထုတ်ပြန်ရန် သတိပေးပြောဆိုခဲ့သော်လည်း ရခိုင်ပြည်သူများအတွက် လိုအပ်လာပါက ဆက်လက် ထုတ်ပြန်သွားမည်ဟုပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက နိရဉ္စရာသတင်းဌာနကို ပြောသည်။

''စက်တင်ဘာ၂၉ ထုတ်ပြန်တာကို နိုင်ငံရေးပါတီတွေ လိုက်နာ၇မယ့် နည်းဥပဒေတွေကို လိုက်နာဖို့ခေါ်ပြောတာ။တဖက်သတ်ဆန်တယ်တဲ့ ကျနော်တို့ကပြည်သူတွေရဲ့လိုအပ်ချက်၊နစ်နာချက်တွေကို ပြောဖို့တာဝန်ရှိတယ်လို့ ပြန်ပြောခဲ့တယ်။ပြည်သူတွေအတွက်ဖွဲ့ထားတဲ့ပါတီအနေနဲ့ နောင်ကိုလည်းလိုအပ်ရင်လိုအပ်သလို ထုတ်ပြန်သွားပါမယ်''ဟု ၎င်းက  နိ၇ဉ္စရာသတင်းဌာနကို ပြောဆိုသည်။

၇ခိုင်အမျိုးသားပါတီ(ANP)၏ စက်တင်ဘာလ ၂၉ရက်နေ့အချက် (၄) ချက်ပါထုတ်ပြန်ချက် တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

၎င်းထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ၇ခိုင်အမျိုးသားပါတီကို တွေ့ဆုံရန် အောက်တိုဘာ ၄ ရက်နေ့က ဖိတ်ခေါ်ခဲ့ရာ၇ခိုင်အမျိုးသားပါတီမှ  ဥက္ကဋ္ဌ ဦးသာထွန်းလှပါအဝင်၃ ဦက ယမန်နေ့ အောက်တိုဘာ ၁၂ ရက်နေ့၌ နေပြည်တော်သို့  သွားရောက် တွေ့ဆုံခဲ့သည်။

ရခိုင်ပြည်သူတွေအတွက်နစ်နာချက်၊လိုအပ်ချက်ရှိလို့ ထုတ်၇ခြင်းဖြစ်ပြီး နောင်တွင်လည်းလိုအပ်သလို လုပ်ဆောင်သွားမည်ဟု ၇ခိုင်အမျိုးသားပါတီ ဥက္ကဌ ဦးသာထွန်းလှက ဆိုသည်။

ရခိုင့်နိုင်ငံရေးဆောင်းပါးများကိုရေးသားနေသူ စာရေးဆရာမင်းထီးက ANP ကိုယခုကဲ့သို့ ဆင့်ခေါ်ခြင်းမှာမဖြစ်သင့်ကြောင်း ယခုလုပ်ရပ်က၂၀၀၈ဖွဲ့စည်းပုံအောက်ကနိုင်ငံရေးပါတီများအနေဖြင့် ဘာမှ မျှော်လင့်လို့မ၇ကြောင်းသက်သေပြနေသည်ဟု ပြောကြားသည်။

'' ANPရဲ့ထုတ်ပြန်ချက်ဟာ အများကြီးလျော့ပေါ့ပြောထားတာ။ ဒါကို ဆင့်ခေါ်တာကတော့မဖြစ်သင့်ဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအောက်က ပါတီတွေအနေနဲ့တော့ ဘာမှမျှော်လင့်လို့မရဘူး။လက်ရှိကာလဟာ ANP အတွက်အကြပ်အတည်းကာလ လို့ပြောရမယ်။စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကိုမျှော်လင့်နေလို့မ၇ဘူး။ ပြည်သူနဲ့ပြတ်ပြတ်သားသားရပ်တည်၇မယ်အချိန်ပါ'' ဟု ၎င်းက နိရဉ္စရာသတင်းဌာနကိုပြောသည်။

၇ခိုင်အမျိုးသားပါတီက စက်ဘာလ၂၉ ရက်နေ့က စစ်တပ်က လက်နက်ကြီးပစ်ခတ်၍ အရပ်သားသေဆုံးမှုများကို ရှုတ်ချကြောင်း အပါအဝင်INGO / NGOအဖွဲ့များကို ပိတ်ပင်ထားခြင်းကိုပြန်ဖွင့်ပေးရန်၊လူနေဧရိယာများတွင် တိုက်ပွဲမဖော်ဆောင်ရန်နှင့် စစ်ပွဲဧရိယာနှင့်မဆက်ဆိုင်သည့်နေရာများကိုကုန်လမ်း၊ရေလမ်းပိတ်ဆို့ထားမှုသည် ဒေသခံများကိုဒုက္ခရောက်အောင် လုပ်ခြင်းဖြစ်သည်ဟု အချက်( ၄ )ချက်ပါသော ထုတ်ပြန်ချက်တစ်စောင်ကိုထုတ်ပြန်ခဲ့သည်။

၎င်းထုတ်ပြန်ချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က တစ်ဖက်သတ်ဆန်သည်ဟုဆိုကာ နောက်နောင်ယင်းကဲ့သို့ မထုတ်ပြန်ရန် သတိပေးမှု ပြုလုပ်ခဲ့သည်။

၇ခိုင်ပြည်နယ်တွင်စစ်တပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းကြောင့် ယနေ့အောက်တိုဘာလ(၁၃)ရက်နေ့အထိ အရပ်သား (၄) ဦးထက်မနည်းသေဆုံး၍ လူ(၃၀)ကျော်ထိခိုက်ဒဏ်ရာ၇ပြီးနေအိမ်နှင့်အဆောက်အုံ (၂၀)ထက်မနည်း ပျက်စီးခဲ့ပြီးနောက် ANP၏ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ရက္ခိုင့်တပ်တော်နှင့်မြန်မာစစ်တပ်တို့၏ တိုက်ပွဲများကြောင့်စက်တင်ဘာလ ၂၆ ရက်နေ့အထိ နေရပ်စွန့်ခွာစစ်ဘေးရှောင်ဦးရေ(၇၁၉၄၂)ဦးအထိရှိကြောင်း ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံး(UNHRC)စာရင်းအရ သိ၇သည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.