နိရဉ္စရာ၊ အောက်တိုဘာ ၁၃၊ ၂၀၂၂
နယ်ဒေသများမှ ခရီးသည်နှင့် ကုန်များကို သယ်ယူပို့ဆောင်ပေးနေသည့် စက်လှေ ၉ စီးကို စစ်ကောင်စီက ဖမ်းဆီးပြီး စက်လှေတစ်စီးမှ လူတစ်ဦးစီကို စစ်တွေအမှတ် (၁)ရဲစခန်းသို့ ခေါ်ဆောင်ကာ ချုပ်နှောင်ထားသည်ဟု သတင်းရရှိသည်။
၎င်းစက်လှေများကို စစ်တွေမြို့နယ်၊ အမြင့်ကျွန်း မင်းချောင်းတံတားအောက်တွင် ရပ်နားထားစဉ် စစ်တပ်နှင့်ရဲ အင်အား အများအပြားက စစ်ကား၄စီးဖြင့် ယမန်နေ့ ည ၅ နာရီခန့်က ရောက်ရှိလာပြီး ဖမ်းဆီးသွားသည်ဟု ဒေသခံမျက်မြင် တစ်ဦးက ပြောသည်။
"မနက်စောစောကနေရောက်နေတာ။ ဘာမှမပြောပဲ ဖမ်းတာ။ အရင်ကလည်း မကြာမကြာ ဒီစက်လှေတွေက နယ်က ခရီးသည်တွေကို ပို့ရင်းနဲ့ ရောက်နေကြတာ။ ရောက်တာ ၃ကြိမ်လောက်ရှိပြီ မဖမ်းဘူး။ မနေ့ကဆို ၄ကြိမ်မြောက်ရောက်လာတာ။ တာဝန်အရလုပ်၇တာလို့ပြောတယ်။ စက်လှေပိုင်ရှင်တွေကလည်းအရင်တု
၎င်းစက်လှေ ၉ စီးကို ဖမ်းကာ ရေချမ်းပြင်ဆိပ်ကမ်းသို့ ဆွဲယူသွားပြီး စက်လှေပေါ်တွင် ပါလာသည့် စက်လှေတာဝန်ရှိသူများကို တစ်စီးလျှင် တစ်ဦးကျ (၉) ဦးကို စစ်တွေ အမှတ်(၁) ရဲစခန်းတွင် ချုပ်နှောင်ထားသည်ဟု သိ၇သည်။
၎င်းစက်လှေများသည် စစ်တွေ ရေချမ်းပြင်ဆိပ်ကမ်းတွင် ရေယာဉ်များ အဝင်အထွက်ကို စစ်ကောင်စီက ပိတ်ထားသဖြင့် အမြင့်ကျွန်းအနီးရှိ မင်းချောင်းတံတားအောက် ဆိုက်ကပ်ပြီး ခရီးနှင့် ကုန်များကို အတင်အချပြုလုပ်နေကြသည့် ၇သေ့တောင်မြို့ပေါ်နှင့် စေတီပြင်၊ ဘူးသီးတောင်ဘက်က စက်လှေများဖြစ်ကြသည်ဟု ဆိုသည်။
“ အခုကနယ်က ရေယာဉ်တွေကို စစ်တွေမြို့ကို လာခွင့်ပိတ်ထားတယ်။ ၇သေ့တောင်အနားက မေယုမြစ်ထဲမှာလည်း ရေတပ် ရေယာဉ်တွေချထားပြီး သွားလာခွင့်ကို ပိတ်ပင်ထားတယ်။ ဘယ်လိုမှ သွားလာခွင့်မ၇တော့ နယ်က စက်လှေတွေက တစ်ပိုင်တစ်နိုင် ချောင်းတွေကို ဖြတ်သန်းမောင်းနှင်ပြီး စစ်တွေကိုလာကြတာ။ ခရီးသည်တွေနဲ့ ကုန်တွေကို နည်းနည်းပါးသယ်နေကြတာ။ ဒါကို လာဖမ်းတာပေါ့ဗျာ” ဟု ၎င်းက ပြောသည်။
နောက်ထပ်မျက်မြင်တစ်ဦးကလည်း ထွက်ပြေး၍ ၂ စီးသုံးစီးလွတ်သွားသော်လည်း အများစုမှာ အဖမ်းခံခဲ့၇သည်ဟု ပြောဆိုသည်.
"စစ်သားတွေက စက်လှေတွေကို ရေချမ်းပြင်ယူသွားတယ်။ စက်လှေပိုင်ရှင်တွေကိုလည်း ခေါ်သွားတယ်။ စက်လှေတွေကို ဖမ်းနေတာမြင်တော့ တစ်ချို့ စက်လှေသမားတွေက ကမန်ကတမ်းထွက်ပြေးကြတယ်။ ၂စီး။ ၃စီးလောက်တော့ လွတ်လိုက်တယ်။ ဖမ်းတဲ့အထဲ ရဲတွေလည်းပါတယ်" ဟုပြောသည်။
၎င်းပြင် စက်လှေပေါ်သို့ ချမည့် ကုန်များ၊ အထုပ်များကိုလည်း စစ်တပ်က သိမ်းသွားသည်ဟု ဆိုသည်။
"စက်လှေသမားတွေကို ဖမ်းနေတော့ ကုန်ထမ်းတဲ့သူတွေလည်း ဒီအတိုင်းရှောင်ပြီး ထွက်လာကြတယ်။ ပြန်လာကြတယ်။ ကားပေါ်ကနေ တံတားဦးမှာချထားတဲ့ ကုန်ပစ္စည်းတွေကိုလည်း စစ်သားတွေက သူတို့ဘာသာသူတို့ ချယူသွားတယ်" ဟု ပြောသည်။
၇ခိုင်ပြည်နယ်အတွင်း မြို့နယ်အချို့နှင့် စစ်တွေသို့ သွားလာမှုကို စစ်ကောင်စီတပ်က တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားသဖြင့် နယ်ဒေသအချို့တွင် ကုန်ပစ္စည်းများ ပြတ်လပ်ကာ အထူးအခက်အခဲဖြစ်နေကြ၇သည်ဟု သိ၇သည်။
မောင်တောမြို့နယ်နှင့် ၇သေ့တောင်မြို့နယ်တို့တွင် ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်က ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာစစ်တပ်တို့တိုက်ပွဲများ