Preview

၇ခိုင်တွင် စစ်ကောင်စီက စစ်ကားအစီး ၅၀ကျော်ဖြင့် စစ်လက်နက်အင်အားများထပ်မံဖြည့်တင်း

အောက်တိုဘာ ၁၄/ ၂၀၂၂ | ကြည့်ရှုသူ :8980
ရခိုင် သတင်း

နိရဉ္စရာ၊အောက်တိုဘာ ၁၄/၂၀၂၂

စစ်ကောင်စီသည် ၇ခိုင်တွင် စစ်လက်နက်အင်အားများကို ထပ်မံဖြည့်တင်းနေပြီးယမန်နေ့က စစ်ကားကြီးအစီး (၅၀) ကျော်ဖြင့် စစ်လက်နက်ပစ္စည်းများကို စကစ အနောက်ပိုင်းတိုင်းစစ်ဌာချုပ်တည်ရှိရာ အမ်းသို့ထပ်မံပို့ဆောင်ခဲ့သည်ဟု မျက်မြင်ဒေသခံများက ပြောကြားသည်။

ယမန်နေ့အောက်တိုဘာ ၁၃ ရက် နေ့လယ် ၃ နာရီခန့်တွင် ပြည်မဘက်မှ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့ရှိ ထောက်ပို့တပ်သို့  စစ်ကားကြီး (၅၃)စီးဖြင့် စစ်လက်နက် ပစ္စည်းများ ရောက်ရှိလာကြောင်း ၎င်းကပြောသည်။

"၃နာရီကျော်မှာ ထောက်ပို့တပ်ကို မိုးကာဖုံးစစ်ကားကြီး (၅၃) စီး ဝင်ပါတယ်။ ပြည်မဘက်က စစ်လက်နက်တွေတင်လာတာပါ။(၅၃) စီးဆိုတဲ့ ပမာဏကပေါ့သေးသေးတော့မဟုတ်ဘူး။ ကြည့်ရတာ သူတို့ရှိသမျှအင်အားနဲ့ ရခိုင်ဘက်ကိုပိုဖိမယ့် သဘောရှိပါတယ် " ပြောသည်။

စစ်ကောင်စီအနေနှင့်ယခုကဲ့သို့ ရခိုင်ကို စစ်လက်နက်အင်အားအလုံးအရင်းတိုးချနေခြင်းမှာ

လက်ရှိဖြစ်ပွားနေသည့်ရခိုင်စစ်ပွဲကို အရှိန်မြှင့်ကာ အစွမ်းကုန်တိုက်ခိုက်လာမည့် အနေအထားကို တွေ့မြင်နေ၇သည်ဟု နောက်ထပ် အမ်းမြို့မှ ဒေသခံတစ်ဦးက  ဆိုသည်။

"ကျနော်သိသလောက်က၁၂ ရက်နေ့ကတည်းက ပြည်မဘက်ကနေ ထောက်ပို့လာတာပါ။ အမ်းထောက်ပို့တပ်ကို မနေ့က ၃ နာရီ ၂၀မိနစ်လောက်က (၅၃) စီးလုံးဝင်ပါတယ်။ အဲ့ဒီ (၅၃) စီးလုံးအမိုးတွေအုပ်ထားပါတယ်။ လက်နက်ခဲယမ်းတွေဖြစ်မယ်လို့ခန့်မှန်းမိပါတယ်"ဟု ပြောသည်။

တိုက်ပွဲပိုမိုပြင်းထန်လာသည်နှင့်အမျှမြန်မာစစ်တပ်က လူထုကို ပိုမို ဦးတည်တိုက်ခိုက်လာမည်ကို စိုးရိမ်များရှိကြောင်း ၎င်းက ပြောသည်။

ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့တကျော့ပြန်တိုက်ပွဲများပြင်းထန်လာပြီးနောက် စစ်ကောင်စီက တပ်စခန်းအချို့ကို လက်လွှတ်ခဲ့၇ပြီး ကျန်ရှိသည့်တပ်စခန်းများလည်း အတိုက်မခံရရန်လည်း  အေအေဝင်လာနိုင်သည့် လမ်းကြောင်းများ၊ အေအေရှိနိုင်သည့်တောတောင်များကို  နေ့စဉ် လက်နက်ကြီးများဖြင့် ခန့်မှန်းပစ်ခတ်နေသည်ဟုလည်း သိ၇သည်။

ထိုသို့ ပစ်ခတ်စဉ် ကျေးရွာများထဲကို လက်နက်ကြီးကျည်များကျကာအရပ်သား သေဆုံးမှု၊ ဒဏ်ရာရရှိမှုများလည်း ရှိနေကြောင်း သိ၇သည်။

၎င်းပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလည်း စစ်လေယာဉ်များဖြင့်စစ်တပ်စခန်းအနီးဝန်းကျင်နှင့် လူနေကျေးရွာများ အနီးဝန်းကျင်ကိုပါ ပစ်ခတ်မှုများ မပြတ်ပြုလုပ်လျက်ရှိသည်ကိုတွေ့၇သည်။

(ဓာတ်ပုံ- ယမန်နေ့ အောက်တိုဘာ ၁၃ ရက်နေ့က အမ်းမြို့ကို ရောက်ရှိလာသည့် စစ်ကောင်စီ စစ်ကားများကိုတွေ့၇စဉ်)

#လက်နက်ကိုင်တော်လှန်ရေး#စစ်ကောင်စီ# မြန်မာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.