Preview

စစ်တွေတွင် ညဥ့်အချိန် စစ်ကောင်စီတပ်က ဧည့်စာရင်းဝင်စစ်ပြီး ဒေသခံ ၅ ဦး ဖမ်းဆီးခေါ်ဆောင်သွား

အောက်တိုဘာ ၁၄/ ၂၀၂၂ | ကြည့်ရှုသူ :9794
ရခိုင် သတင်း
နိရဥ္စရာ၊ အောက်တိုဘာ၁၄ /၂၀၂၂

၇ခိုင်ပြည်နယ်စစ်တွေမြို့တွင် ပြီးခဲ့သည့်ညဥ့်အချိန်က စစ်ကောင်စီတပ်က ဧည့်စာရင်းဝင်စစ်ပြီး ဒေသခံ ၅ ဦး ဖမ်းဆီးခေါ်ဆောင်သွားသည်ဟုသိ၇သည်။

ဖမ်းဆီးခံလိုက်ရသူများမှာစစ်တွေမြို့၊ စက်ရုံစုကယ်ဆယ်ရေးတွင်နေထိုင်သည့် ဦးအောင်သန်းဝင်း၊ဦးသန်းကျော်လှိုင်၊ ဦးထွန်းဝင်းနိုင်၊ ဦးခင်မောင်ဇော်နှင့် စစ်တွေမြို့နယ်ရွာသာယာကျေးရွာမှ ဦးမောင်ဆန်းဌေးတို့ဖြစ်ကြသည်။

သူတို့သည် ယနေ့အောက်တိုဘာလ ၁၄ ရက် ညဥ့် ၁ နာရီခန့်တွင် စက်ရုံစုရပ်ကွက်ရှိ ကယ်ဆယ်ရေးသို့စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့ကဧည့်စာရင်းဝင်စစ်စဉ် ဖမ်းဆီးခံလိုက်၇ခြင်းဖြစ်သည်ဟု ဖမ်းဆီးခံရသူတစ်ဦး၏ မိသားစုဝင်တစ်ဦးကနိရဥ္စရာကိုပြောသည်။

သူတို့က အတူတူရှိနေကြတာတော့မဟုတ်ဘူး။ ကျောင်းဆရာဆိုသူ အသက်ကြီးကိုတော့ အိမ်ကနေဖမ်းသွားတာ။ကျန်တဲ့သူတွေကိုတော့ ဟိုနားက တစ်ယောက်၊ ဒီနားက တစ်ယောက် ဖမ်းသွားတာဖြစ်ပါတယ်။အဲဒီထဲမှာ ကျမမောင်လေးလည်း ပါသွားတယ်။ ဘာကြောင့်ဖမ်းလည်းတော့ မသိဘူးဟု ပြောသည်။

ဖမ်းဆီးခံလိုက်၇သူများသည်အသက် ၃၀ ကျော်မှ ၄၀ ဝန်းကျင်အတွင်းရှိပြီး ယင်းအနက် အသက်ကြီးကျောင်းဆရာဆိုသူတစ်ဦးလည်း ပါဝင်သည်ဟု ဆိုသည်။

ကျောင်းဆရာမှအပ ကျန်၄ ဦးသည် လက်သမားအလုပ်နှင့် ကြုံရာကျဘန်း လုပ်ကိုင် စားသောက်သူများဖြစ်သည်ဟုဖမ်းဆီးခံလိုက်၇သူတစ်ဦး၏ အစ်မဖြစ်သူက ပြောသည်။

ပြန်တော့ လွှတ်ပေးစေချင်ပါတယ်။သူတို့မှာလည်း အပြစ်ရှိတာမဟုတ်ဘူး။ အလုပ်လုပ်စားနေကြတာ။ ဆင်းရဲပင်ပန်းတယ်။ကျမမောင်လေးက အများကြီး ဆင်းရဲပါတယ်ဟု ပြောသည်။

လက်ရှိတွင်ဖမ်းဆီးခံလိုက်၇သူ ၅ ဦးကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရသည့်အတွက်သူတို့နှင့်ပတ်သက်ပြီး စိုးရိမ်ကြောင့်ကြနေ၇သည်ဟု မိသားစုဝင်များက ဆိုကြသည်။

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.