Preview

ပုဏ္ဏားကျွန်းတွင် အရပ်သားစက်လှေများကို စစ်တပ်က လိုက်လံဖမ်းဆီးနေ

အောက်တိုဘာ ၁၄/ ၂၀၂၂ | ကြည့်ရှုသူ :5772
ရခိုင် သတင်း

နိရဥ္စရာ၊ အောက်တိုဘာ၁၄/၂၀၂၂

၇ခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင်ဒေသအတွင်း သွားလာနေသည့် စက်လှေများနှင့် ငါးဖမ်းစက်လှေများကိုစစ်တပ်က အကြောင်းမဲ့ လိုက်ဖမ်းနေသည်ဟု သိ၇သည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ခမောင်းတောကျေးရွာအထက်ရှိကုလားတန်မြစ်အတွင်း သွားလာနေသည့် စက်လှေများကို စစ်တပ်ကဖိုင်ဘာစက်လှေတစ်စီးဖြင့် ယမန်နေ့အောက်တိုဘာ ၁၃ ရက်၊ ညနေပိုင်းခန့်မှစတင်ကာလှည့်ကင်းလှည့်၍ လိုက်ဖမ်းနေပြီး ယနေ့ အောက်တိုဘာလ ၁၄ ရက်၊ နံနက် ၁၀နာရီခွဲခန့်အထိ လိုက်ဖမ်းနေသည်ဟု ဒေသခံများက ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်မှ ဒေသခံတစ်ဦးက"အခုလက်ရှိမြင်၇တာတော့ ကုလားတန်မြစ်ထဲက စက်လှေတွေကို စစ်တပ်ကဖိုင်ဘာစက်လှေတစ်စီးနဲ့လိုက်ဖမ်းနေတယ်။ မနေ့က ညနေစောင်းအချိန်လောက်ကနေကင်းလှည့်ပြီးတော့ လိုက်ဖမ်းနေတာ။ အခုလက်ရှိ အချိန်ထိဖမ်းနေဆဲ" ဟု ပြောသည်။

ယင်းသို့ဖမ်းဆီးနေမှုကြောင့်အရပ်သားစက်လှေတစ်စီးဖမ်းဆီးခံထားသည်ဟုလည်း ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက"လက်ရှိကျွန်တော်တို့မြင်တာ စက်လှေတစ်စီးကိုဖမ်းထားတယ်။ ကျွန်တော်တို့က ကုန်းပေါ်က၊သူတို့ကမြစ်ထဲကဖြစ်လို့ စစ်ဆေးမေးမြန်းမှုတွေကိုတော့ မကြား၇ဘူး။ပုဏ္ဏားကျွန်းမြို့နယ်၊ ကုလားတန်မြစ်၊ ငပိကျွန်းအောက်လောက်မှာ ဖမ်းထားတာ"ဟု ပြောသည်။

စစ်တပ်ကဒေသအတွင်းသွားလာနေသည့် အရပ်သား စက်လှေများကိုလိုက်ဖမ်းနေ၍ ငါးဖမ်း၊ပိုက်ချလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုလုပ်နေသည့်အရပ်သားပြည်သူများမှာလည်း စက်လှေများမထွက်ရဲဘဲ အခက်အခဲဖြစ်နေကြသည်ဟု သိ၇သည်။

နောက်ထပ် ဒေသခံတစ်ဦးက"ဒီလိုလိုက်ဖမ်းနေလို့ ဒေသအတွင်း ငါးဖမ်း။ ငါးရှာမသွားရဲဘူး။ အခက်အခဲဖြစ်နေတယ်။လူမှုရေး၊ ပညာရေး၊ ကျန်မားရေးတွေအတွက်ကော အခက်အခဲဖြစ်နေတယ်။သွားလာလို့မ၇ဘူး" ဟု ပြောသည်။

ပြီးခဲ့သည့်အောက်တိုဘာလ ၁၂ရက်၊ ညနေ ၅ နာရီအချိန်ခန့်ကလည်း စစ်တွေမြို့နယ်၊ အမြင့်ကျွန်းရွာအနားရှိမင်းချောင်းတံတားဦးတွင် ဆိုက်ကပ်ထားသည့် စက်လှေများကိုစစ်တပ်နှင့်ရဲ အင်အားအများအပြားက ဖမ်းဆီးသွားသည်ဟု သိ၇သည်။ (NN-12)

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.