Preview

ရသေ့တောင်တွင် သတ္တမတန်းကျောင်းသားတစ်ဦး ဓာတ်လိုက်၍ သေဆုံး

အောက်တိုဘာ ၁၄/ ၂၀၂၂ | ကြည့်ရှုသူ :3564
ရခိုင် သတင်း

နိရဥ္စရာ၊ အောက်တိုဘာ၁၄/၂၀၂၂

ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့၊ အရှေ့တောင်ရပ်ကွက်တွင် ကျောင်းသားတစ်ဦး ဓာတ်လိုက်၍ သေဆုံးသွားသည်ဟုသိ၇သည်။

သေဆုံးသွားသူမှာအသက်(၁၃)နှစ်အရွယ် မောင်စွမ်းရည်ထူး(ခ) ပါးပူချေဖြစ်ပြီး ၇သေ့တောင်၊မြို့မ အထက(၂) တွင် သတ္တမတန်းပညာကို သင်ကြားနေသူဟု သိ၇သည်။

သူသည် ယမန်နေ့အောက်တိုဘာ ၁၃ ရက်၊ ညနေ ၅ နာရီခန့်တွင် ရေချိုးရန်အိမ်ပေါ်သို့တက်လာခဲ့ပြီး၀ရန်တာတွင်တင်ထားခဲ့သည့် ရေလှဲပုဆိုးသည် ၅ ပေကျော်ခန့်အမြင့်ရှိသည့်အိမ်ခေါင်မိုးပေါ်သို့ပြုတ်ကျသွားသည်ကိုကောက်ယူရာမှ ဓာတ်လိုက်၍သေဆုံးသွားခြင်းဖြစ်သည်ဟု ဦးလေးတော်စပ်သူဦးမောင်စိုးလွင်က နိရဥ္စရာကိုပြောသည်။

"သူက ခေါင်မိုးပေါ်ကျသွားတဲ့ပုဆိုးကို  ဝရံတာပေါ်ကတက်ပြီး ပုဆိုးကိုကောက်ယူတာကနေ ဓာတ်လိုက်တာ။ဝရံတာက စတီးဝရံတာ။ ဓာတ်စီးနေတာကို ဘယ်သူမှမသိကြဘူး။ ဓာတ်မီးတိုင်ရဲ့မီးကြိုးက လေတိုက်ပြီး အိမ်ခေါင်မိုးနဲ့ ပွန်းပဲ့နေတာ။တတိယအလွှာက စတီးဝရံတာကိုပဲ ဓာတ်စီးနေတာ" ဟု ပြောသည်။

ထိုလူငယ် ဓာတ်လိုက်နေ၍ဖခင်ဖြစ်သူနှင့် ဦးလေးဖြစ်သူတို့ကပါ ဝင်ဆွဲရာမှ သူတို့သုံးဦးပါဓာတ်လိုက်ခံ၇ပြီး ဖခင်နှင့် ဦးလေးမှာ အသက်ရှင်ကျန်ခဲ့ကြသည်ဟုလည်း ဆိုသည်။

"Breakerကိုချပြီး ဝင်ဆွဲလည်းဓာတ်လိုက်နေသေးတယ်။ ၁၀ မိနစ်လောက်ကြာတယ်။ နောက်မှ မီးရုံးကိုဖုန်းဆက်ပြီး သင်္ဘောဆိပ်ဘက်ကို မီးဖြတ်ခိုင်းလိုက်၇တယ်" ဟု းမောင်စိုးလွင်က ဆက်လက် ပြောသည်။

ယင်းသို့ဖုန်းဆက်အကြောင်းကြားလိုက်၍ ရသေ့တောင်မြို့နယ်လျှပ်စစ်ရုံးမှ တာဝန်ရှိသူများ ရောက်ရှိလာကြပြီး မီးကြိုးအသစ်သေချာတပ်ဆင်ပြုပြင်ပေးခြင်းများ ပြုလုပ်ပေးခဲ့သည်ဟုလည်းသိ၇သည်။

ယခုကိစ္စနှင့်ပတ်သက်ပြီးရသေ့တောင်မြို့နယ်လျှပ်စစ်ရုံးမှ တာဝန်ရှိသူတစ်ဦးက အရှေ့တောင်ရပ်ကွက်မှာ ဓာတ်လိုက်နေလို့ သင်္ဘောဆိပ်ခြမ်းဘက်ကိုမီးဖြတ်ပေးဆိုပြီး ဖုန်းဆက်လာတယ်။ချက်ချင်းဖြတ်ပေးလိုက်တယ်။ နောက်ပြီး ရုံးကတာဝန်ရှိသူတွေက သွားရောက်ပြီးတော့ ဓာတ်မီးတိုင်နဲ့အိမ်ကို မီးကြိုးအသစ် သေချာတပ်ဆင်ပြုပြင်ပေးခဲ့တယ်ဟု နိရဥ္စရာကိုပြောသည်။


၇ခိုင်တွင် ကျောက်ဖြူမြို့နယ်၊အုန်းတောကျေးရွာအုပ်စု၊ ကုန်းဘောင်ကျေးရွာတွင်လည်း ပြီးခဲ့သည့် သြဂုတ်လ၅ ရက်၊ ညနေ ၆ နာရီအချိန်ကလည်း အသက်(၄၆)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးမိမိခြံထဲရှိ ဝါးရုံတောကို ခြံရှင်းစဉ် ဝါးပင်အထက် ၅ ပေအကွာအဝေးရှိသည့်လျှပ်စစ်ဓာတ်ကြိုးမှ ဓာတ်လိုက်ကာ သေဆုံးသွားခဲ့သည်။ (NN-12)

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.