နိရဉ္စရာ၊ အောက်တိုဘာ ၁၄/၂၀၂၂
၇ခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်၊ ကန်စောက်အနီးအခြေစိုက်ထားသည့် ခမ၇၅၃၉ တပ်ရင်းမှတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လက်နက်ကြီးများဖြင့် ယနေ့ နေ့လယ်က ထပ်မံပစ်ခတ်ခဲ့သည်ဟုဒေသခံများမှ သိ၇သည်။
အောက်တိုဘာလ၁၄ရက်၊ ယနေ့ နေ့လယ် ၁၂နာရီ၅၀မိနစ်ခန့်တွင် ခမ၇၅၃၉ တပ်မှ အနည်းဆုံး လက်နက်ကြီး ၈ လုံးခန့် ရွက်မညှိုးတောင်တောင်ပေါ်သို့ ဦးတည်ပြီး ပစ်ခတ်ခဲ့သည်ဟုဒေသခံတစ်ဦးကပြောသည်။
"တိုက်ပွဲဖြစ်တာတော့မရှိဘူး။ဒီအတိုင်းပစ်နေတာ။ ရွက်မညှိုးတောင်တောင်ပေါ်မှာကျ
ထိုသို့နေ့လယ် ၁နာရီကျော်အထိလက်နက်ကြီးစုစုပေါင်း ၈လုံးခန့် ပစ်ခတ်ခဲ့ပြီးနောက်ရပ်သွားခဲ့သည်ဟု သိ၇သည်။
"၁နာရီကျော်အထိပစ်တယ်။ အားလုံး ၈လုံးရှိတယ်။ရွက်မညှိုးတောင်တော
ပစ်ခတ်သည့် အကြောင်းအရင်းကို မသိရသေးသော်လည်း နေ့ညမပြတ်လက်နက်ကြီးများဖြင့် စစ်ကောင်စီတပ်က ပစ်ခတ်နေသဖြင့် ပြည်သူများအနေဖြင့် သွားလာလုပ်ကိုင်ရှာဖွေစားသောက်ရေးမှာအခက်အခဲဖြစ်နေကြသည်ဟု ဆိုသည်။ (NN-12)