Preview

မလေးရှားရဲတပ်ဖွဲ့က ရက္ခိုင့်လူမှုကယ်ဆယ်ရေး(ARRC)ရုံးကို ဝင်ရောက်ပြီး လူ ၂၀ကိုဖမ်းဆီးသွား

အောက်တိုဘာ ၁၅/ ၂၀၂၂ | ကြည့်ရှုသူ :9068
ရခိုင် သတင်း

နိရဉ္စရာ၊ အောက်တိုဘာ ၁၄/၂၀၂၂

မလေးရှားနိုင်ငံမြို့တော် ကွာလာလာ်ပူရ်ရှိ ရက္ခိုင့်လူမှုကယ်ဆယ်ရေးရုံး(ARRC)ကို အောက်တိုဘာ ၁၂ ရက်က မလေးရှားရဲများက ဝင်ရောက်ပြီး  လူပေါင်း (၂၀) ဦးကို ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံ၇သူများမှာ ARRC ရုံးမှ ဥက္ကဋ္ဌ ဦးအေးကျော်၊ ဒု-ဥက္ကဋ္ဌ ဦးအောင်မျိုးသူ၊ ဦးကိုနိုင်ထွန်း (ကျန်းမာရေးတွဲဖက်တာဝန်ခံ) ၊ ဦးနိုင်ဇော်ဦး(စာရင်းစစ်)၊မောင်စိုးသန်း(ကျန်းမာရေးမှူး)၊ ကိုခိုင်မောင်ဝင်း (ကတ်တာဝန်ခံ)အပါအဝင် ARRC ကဒ်ပြုလုပ်ရန် ရောက်ရှိနေသူ စုစုပေါင်း ၂၀ ဦးတို့ဖြစ်ကြသည်ဟု သိ၇သည်။

ARRC နှင့် နီးစပ်သူတစ်နီးက"ရုံးမှာရှိတဲ့အဖွဲ့ဝင်တွေနဲ့ ကဒ်လာလုပ်သူတွေကိုပါဖမ်းသွားတာပါ။ကဒ်လာလုပ်ကြတာက ရခိုင်တွေအပြင် တခြားလူမျိုးတွေလည်း လာလုပ်ကြတာရှိပါတယ်။ ရုံးကတာဝန်ခံနဲ့နောက်တစ်ယောက်အပြင်ရောက်နေလို့ ဖမ်းတဲ့အထဲမပါသွားဘူးဟု နိရဉ္စရာသတင်းဌာနကို ပြောသည်။

လက်ရှိတွင် UN အပါအဝင် အဖွဲ့အစည်းတချို့က သူတို့ လွှတ်မြောက်အောင် ဆောင်ရွက်နေသည်ဟု သိ၇သည်။

 ရုံးတာဝန်ခံက အခု ဖမ်းဆီးခံ၇တာနဲ့ သွားဖြေရှင်းရင်း သူ့ကိုပါ ဖမ်းထားတယ်ပြောပါတယ်။ အခု UN ရော တခြားအဖွဲ့အစည်းတွေကပါ လိုက်ပါ ဖြေရှင်းပေးနေကြတယ်လို့ သိ၇ပါတယ်။ မကြာခင် လွတ်လာနိုင်တဲ့အခြေအနေရှိတယ်လို့လည်း ကြားနေ၇ပါတယ်"ဟု ပြောသည်။

ဖြစ်စဉ်သည်အောက်တိုဘာလ ၁၂ ရက်နေ့  နံနက်၁၁ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မလေးရှားရဲတပ်ဖွဲ့ဝင်များသည်  ရုံးကိုဝင်ရောက်လာပြီး တစ်စုံတစ်ရာ ပြောကြားခြင်းမရှိဘဲ ဖမ်းဆီးခြင်းဖြစ်ကြောင်း၎င်းက ပြောဆိုသည်။

မည်သည့်အတွက်ကြောင့် ယခုလို ဖမ်းဆီးသည်ကို သဲသဲကွဲကွဲ မသိ၇သေးသလို ယခု အဖမ်းအဆီးကြောင့်ကျန်ရှိနေသည့် အဖွဲ့ဝင်များလည်း တိမ်းရှောင်နေကြရသည်ဟုသိ၇သည်။ (NN-7)

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.