Preview

ရမ်းဗြဲတွင် စကစဗိုလ်ကြီးဟောင်းတစ်ဦးကို အေအေက ဖမ်းဆီးပြီးနောက် ဒေသခံ ရဦးကို စစ်ကောင်စီဖမ်းဆီး

အောက်တိုဘာ ၁၅/ ၂၀၂၂ | ကြည့်ရှုသူ :7480
ရခိုင် သတင်း

နိရဉ္စရာ၊ အောက်တိုဘာ ၁၅/၂၀၂၂

 

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့တွင် စစ်မှူးထမ်းဟောင်းဗိုလ်ကြီးတစ်ဦးကိုအေအေက ဖမ်းဆီးပြီးနောက် ဒေသခံ(ရ) ဦးကို စစ်ကောင်စီကဖမ်းဆီးထားကြောင်း သတင်းရရှိသည်။

 

ယနေ့ အောက်တိုဘာ ၁၅ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ရမ်းဗြဲမြို့၊အမှတ်(၃) အင်းတောင်ရပ်ကွက်ရှိ ကိုကျာ်မင်းဟန်ဝက်ရှော့မှ ကိုကျော်မင်းဟန်အပါအဝင် (၄)ဦး နှင့် တခြားဒေသခံ (၃)ဦး ကို ခမ၇(၃၀၈)တပ်ရင်းမှစစ်သား နှင့် ရဲတပ်သားများက ရဲစခန်းသို့ဖမ်းဆီးခေါ်ဆောင်သွားကြောင်းဒေသခံများက ပြောသည်။

 

"အမှတ်(၃) အင်းတောင်ရပ်ကွက်မှာ အိမ်တွေကို ဝင်ရှာတယ်။ ပြီးတော့ ကိုကျော်မင်းဟန်ဝက်ရှော့ကသူအပါအဝင် ၄ ယောက်ဖမ်းသွားပါတယ်။ ပြီးတော့ ၃ ဘီးသမား ၂ ယောက် စုစုပေါင်း ၆ ယောက်ကိုဖမ်းသွားတာပါ။ပြီးတော့ နောက်တစ်ယောက်ပါ အဖမ်းခံရတယ်။ စုစုပေါင်း ရယောက်အဖမ်းခံ၇တယ်"ဟု အမည်မဖော်လိုသူ တစ်ဦးက ပြောသည်။

 

ဖမ်းဆီးခံရသူများမှာ ဝက်ရှော့ပိုင်ရှင် ဦးကျာ်မင်းဟန်(၃၈)၊မောင်မျိုးအောင်ထက်(၁၉) နှစ်၊ ဦးသက်နိုင်ထွန်း(ခ) မောင်မောင် (၃၄)နှစ်၊ ဦးမျိုးမင်း(ခ)ဘာဘာကြီး(၃၄)နှစ်၊ဦးကိုကိုအောင်(၃၆)နှစ်၊ သုံးဘီးမောင်းသူများဖြစ်သည့် ဦးစံလင်း(၅၈)နှစ်၊ ဦးထွန်းထွန်းအောင်နှင့် နောက်ထပ် အမည်မသိသူတစ်ဦးတို့ ဖြစ်သည်။

 

"သူတို့လိုက်ဖမ်းနေတာက မြို့သူမြို့သားတွေ ကိုယ့်အလုပ်ကိုယ်လုပ်စားနေကြသူတွေပါ။လက်ရှိအဖမ်းခံရတာ ရ ယောက်လောက်တောင်ရှိပြီလို့ကြားပါတယ်။ အမှတ် (၃) ရပ်ကွက် တစ်ခုလုံးကို လိုက်စစ်လိုက်ဖမ်းနေတာမလို့အတိအကျလည်းပြောဖို့ခက်ပါတယ်"ဟုနောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

 

လက်ဆီးခံရသူအရေအတွက်အတိအကျနှင့်ပတ်သက်၍ နိရဉ္စရာက စုံစမ်းနေဆဲဖြစ်သည်။

 

ယခုကဲ့သို့ ဒေသခံများကို စစ်ဆေးဖမ်းဆီးခြင်းမှာ ရမ်းဗြဲမြို့အမှတ်(၅)၊ လောင်းချောင်းရပ်ကွက်နေ စကစဗိုလ်ကြီးဟောင်း ဦးထွန်းကြည်ကို ရက္ခိုင့်တပ်တော်(AA) ကဖမ်းဆီးသွားသည်ဟုသတင်းများထွက်ပေါ်ပြီးနောက် ယခုကဲ့သို့ ဝင်ရောက်ဖမ်းဆီးမှုများနှင့် နေအိမ်များကို ဝင်ရောက်စစ်ဆေးမှုများပြုလုပ်နေခြင်းဟု နောက်ထပ် အင်းတောင်ရပ်ကွက်မှ ဒေသခံတစ်ဦးကပြောသည်။

 

"စကစဗိုလ်ကြီးဟောင်း ဦးထွန်းကြည်ကို အင်းတောင်က ဦးမောင်ကျော်အောင်ရဲ့ ဆေးဆိုင်မှာULA/AA  က ဖမ်းသွားတယ်လို့ သိရပါတယ်။ ဒါကြောင့် မဆီမဆိုင် အခုလိုဒေသခံတွေကို ဝင်ဖမ်းနေတာလို့ သိ၇ပါတယ်" ဟု ပြောသည်။

 

စကစဗိုလ်ကြီးဟောင်း ဦးထွန်းကြည်ကို အေအေဖမ်းဆီးခြင်းဟုတ်မဟုတ်ကိုရက္ခိုင့်တပ်တော် ပြောခွင့် ၇သူ ဦးခိုင်သုခနှင့် ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါသည်။

 

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်သည် ကျောက်ဖြူခရိုင်တွင်တည်ရှိပြီးလက်ရှိ ရက္ခိုင့်တပ်တော် ဝင်ရောက်လှုပ်ရှားမှုရှိနေသည့် မြို့နယ် တစ်ခုဖြစ်သော်လည်းတိုက်ပွဲများကြီးကြီးမားမား ဖြစ်ပွာခြင်း မရှိသေးကြောင်းသိရှိ၇သည်။  (NN-7)

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.