နိရဉ္စရာ၊ အောက်တိုဘာ၁၅/၂၀၂၂
၇ခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ကျောက်ရံသာစည်ကျေးရွာတွင် အနည်းဆုံးအိမ် ရ လုံးမှာ လက်နက်ကြီးကျည်ကျ၍ ပြိုပျက်နေသည်ကို တွေ့ရှိ၇သည်ဟု ဒေသခံများက ပြောသည်။
ကျေးရွာသားများမှာ စက်တင်ဘာ ၃၀ ရက်နေ့ကတည်းက လက်နက်ကြီးများပစ်ခတ်မှုကြောင့်ရွာကို စွန့်ခွာ ထွက်ပြေးသွားခဲ့ရပြီး ကျေးရွာသားအချို့ လက်နက်ကြီး ပစ်ခတ်သံများ မကြားရ၍ရွာသို့ ပြန်လာကြည့်စဉ် အိမ် ရ လုံး လက်နက်ကြီးကျည်ကျ၍ ပျက်စီးနေသည်ကို တွေ့ရှိရသည်ဟုကျေးရွာသားတစ်ဦးကပြောသည်။
“ လူတွေ ရွာကို စောစောစီးစီးစွန့်ခွာသွားကြတဲ့ အတွက် ကံကောင်းတယ်လို့ပြောရပါမယ်။ ရွာမှာသာရှိခဲ့ရင် အထိအခိုက်ကတော့ ရှိနိုင်ပါတယ်။ ကျွန်တော်တို့ထင်တာကတော့ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်နဲ့ ၅ရက်က ရေစိုးချောင်း စစ်ကောင်စီဗျူဟာကုန်းမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလက်နက်ကြီးပစ်တဲ့အခါ ထိတာလို့ယူဆပါတယ်။ ပျက်စီးတဲ့ လူနေအိမ် ၇ လုံးရှိပါတယ်” ဟု ၎င်းက ပြောသည်။
လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ ပျက်စီးသွားသောနေအိမ်များမှာ ဒေါ်ခင်ချေ၊ ဦးညီပု၊ ဦးသန်းညွန့်ချေ၊ ဒေါ်လှစိုးဖြူ၊ဒေါ်ဟန်သိန်းနု၊ ဒေါ်ဦးစောနုနှင့် ဦးမောင်လုံးဝင်းတို့ အိမ်များဖြစ်ကြသည်ဟု သိရှိ၇သည်။
၎င်းအိမ်များအထဲမှဒေါ်ခင်ချေ၏ ပျဉ်ခင်း၊ သွပ်မိုး၊ ပျဉ်နှင့်ဝါးထရံကာအိမ်မှာ လက်နက်ကြီးကျ၍တစ်အိမ်လုံးပျက်စီးသွားခဲ့ပြီး ဦးညီပုနှင့်ဦးသန်းညွန့်ချေတို့နေအိမ်တို့တွ
“ဒေါ်ခင်ချေတို့အိမ်က တစ်အိမ်လုံးပျက်သွားတာ။အပေါ်က အိမ်ခေါင်မိုးမှာလာကျတာ။ အကုန်လုံးပျက်တယ်။ အလယ်က ထရံကာထားတာတွေ၊အောက်က အိပ်ခန်းတွေပါပျက်တယ်။ လူတွေရှိလို့ကတော့အရိုးတစ်ခြား အသားတစ်ခြားဖြစ်သွားနိုင်ပါတယ်”ဟုပြောသည်
ကျန်အိမ်များတွင်မူလက်နက်ကြီး ကျည်စများကျရောက်မှုကြောင့် အိမ်အမိုးများတွင်အပေါက်ရာများဖြစ်သွားခဲ့သည်ဟု ပြောသည်။
လက်ရှိတွင် ယင်းကျေးရွာမှရွာသူ၊ ရွာသားများမှာ ရသေ့တောင်မြို့ပေါ်၊ ရေပုတ်၊ လိုင်ဂွင်နှင့်စေတီပြင် အစရှိသည့်ကျေးရွာများနှင့် နီးစပ်ရာဆွေမျိုးများရှိသည့်ကျေးရွာများတွင် ခိုလှုံနေထိုင်နေကြပြီး အခုလိုအခြေအနေမျိုးကြောင့် ရွာကို မပြန်ရဲဖြစ်နေကြသည်ဟု ပြောဆိုသည်။
ပြီးခဲ့သည့်စက်တင်ဘာ ၃၀ ရက်နေ့က မညှင်းတောင်နှင့် ကုလားချောင်းကျေးရွာဘက်မှ လက်နက်ကြီးပစ်ခတ်သံများကြား၍ကြောက်လန့်ထွက်ပြေးတိမ်းရှောင်
“ ကျွန်တော်တို့ကျောက်ရံသာစည်မှာ မနှစ်ကလည်း မညှင်းတောင်ဘက်ကနေ စစ်တပ်က ပစ်လို့ ရွာသား ၅ယောက်ဒဏ်ရာ၇ခဲ့တယ်။ အခုလည်း ကျနော်တို့ရွာကို ပစ်မှာကြောက်ပြီးကျနော်တို့ ထွက်ပြေးကြတာ”ဟုပြောသည်။
ယခုကဲ့သို့ စစ်ကောင်စီရေစိုးချောင်းဗျူဟာကုန်းမှ ကျေးရွာထဲကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလက်နက်ကြီးများ တမင်ရွယ်ရည်ချက်ရှိရှိပစ်ခတ်ခြ
“ကျနော်တို့ကတော့ဒီလိုပြည်သူလူထုအပေါ်မှာ အပြန်အလှန်ပစ်ခတ် နှစ်ဖက်တိုက်ပွဲဖြစ်တာမျိုးမရှိ
ယခုရက်ပိုင်းတွင်လည်း ရေစိုးချောင်းဗျူဟာနှင့် မညှင်းတောင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ဆက်လက် ရှိနေသည့်အတွက်ကျောက်ရံသာစည် ကျေးရွာသားများမှာ ရွာသို့မပြန်ဝံ့ဘဲတခြားကျေးရွာများတွင် ထွက်ပြေးခိုလှုံနေကြရဆဲဖြစ်သည်