Preview

မောင်တောတောင်ပိုင်း ရသေ့တောင်မြို့နယ်အစပ် ကိုးတန်ကောက်ဆားငံချောင်းအနီး စကစကားနှစ်စီးကို အေအေက လက်နက်ကြီးဖြင့်ပစ်ခတ်၍ ထိမှန်မီးလောင်

အောက်တိုဘာ ၁၆/ ၂၀၂၂ | ကြည့်ရှုသူ :8029
ရခိုင် သတင်း

နိရဉ္စရာ၊  အောက်တိုဘာ ၁၆/၂၀၂၂

ရခိုင်ပြည်နယ်၊ အနောက်ဘက်နယ်စပ်၊ မောင်တောမြို့နယ်တောင်ပိုင်း၊ရသေ့တောင်မြို့နယ်နှင့် အစပ် ကိုးတန်ကောက်ကျေးရွာ မြောက်ဘက် ဆားငံချောင်းအနီး ကားလမ်းပေါ်တွင် စစ်ကောင်စီနယ်ခြားစောင့်ကားနှစ်စီးကို ရက္ခိုင့်တပ်တော် (AA)က အာရ်ပီဂျီဖြင့် ပစ်ခတ်တိုက်ခိုက်၍ ကားနှစ်စီးစလုံး မီးလောင်ကာ ထိခိုက်ပျက်စီးသွားခဲ့သည်ဟုသတင်းရရှိသည်။

ဖြစ်တာက မနေ့ည ၆ နာရီလောက်မှာ အင်းဒင်ကျေးရွာနဲ့ ကိုးတန်ကောက်အကြားဆားငံချောင်းအနီးမှာ အပစ်ခံရတာပါ။ ဒီနေရာက အရင်ကလည်း ဖြစ်နေတဲ့ နေရာပါ။ အေအေက အာရ်ပီဂျီနဲ့ပစ်တာ ကားနှစ်စီးစလုံးကို ထိမှန်ပြီး မီးလောင်သွားတယ်လို့ သိရတယ်။ အသေအပျောက်လည်း ရှိတယ်လို့သိ၇ပါတယ်ဟု ဒေသခံတစ်ဦးက ပြောသည်။

ကားနှစ်စီးတွင် တစ်စီးမှာ ကိုးတန်ကောက်ရဲမှူးကားဖြစ်ပြီးအင်းဒင်အခြေစိုက် နခခ မှ ကိုးတန်ကောက်စခန်းသို့ အပြန်တွင် တိုက်ခိုက်ခံ၇ကာ ကားနှစ်စီးစလုံးကိုထိမှန် မီးလောင်သွားသဖြင့် အသေပျောက်များနိုင်သည်ဟု ဆိုသည်။

အသေအပျောက်ကိုတော့ အရပ်သားတွေ သိဖို့မလွယ်ဘူး။ ဒါပေမယ့်ကားနှစ်စီးလုံးကို ပစ်ခတ်တာ ထိသွားတဲ့ အတွက် အသေအပျောက်တော့ များလိမ့်မယ်လို့  ပြောလို့၇ပါတယ်ဟု၎င်းက ပြောဆိုသည်။

တစ်ခြားဒေသခံများကလည်း ကားနှစ်စီးစလုံးမီးလောင်သွားသည်ကိုမြင်တွေ့ရပြီး ကားပေါ် ပါလာသူများ အားလုံးသေဆုံးသွားနိုင်ဖွယ်ရှိသည်ဟု ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အင်းဒင် နခခ နှင့်ကိုးတန်ကောက်နယ်ခြားစောင့် စခန်းတို့မှ ထုံးစံအတိုင်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုဖြစ်ပွားရာအနီးဝန်းကျင်သို့ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

နိရဉ္စရာသတင်းဌာနအနေဖြင့် သက်ဆိုင်ရာ ရက္ခိုင့်တပ်တော် ပြောခွင့်ရသူကိုဆက်သွယ်၍ မရသေးသလို စစ်ကောင်စီဘက်ကိုလည်း ဆက်သွယ်မေးမြန်း၍ မရနိုင်သဖြင့် ထိခိုက်သေဆုံးမှုအသေးစိတ်ကို တင်ပြနိုင်ခြင်း မရှိသေးပါ။

#အေအေ/စစ်ရေး/ နိုင်ငံရေး# စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.