Preview

ကျောက်တော်မြို့နယ်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရ၍ ဝါးဖောင်စက်လှေမောင်းသမားတစ်ဦး ဒဏ်ရာရ

အောက်တိုဘာ ၁၆/ ၂၀၂၂ | ကြည့်ရှုသူ :5678
ရခိုင် သတင်း
နိ၇ဉ္စရာ၊အောက်တိုဘာ ၁/၂၀၂၂

၇ခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်တွင် အောက်တိုဘာ ၁၄ရက် ညဉ့်အချိန် စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်၍ ဝါးဖောင်ကို စက်လှေဖြင့်ဆွဲယူလာသူ ဒေသခံတစ်ဦးဒဏ်ရာရရှိသွားသည်ဟု သိ၇သည်။

ဒဏ်ရာရရှိသွားသူမှာ ကျောက်တော်မြို့နယ်၊လောင်းရှည်ကျေးရွာမှ ဦးဇော်မင်းဦး(၃၄) နှစ်ဖြစ်သည်။

၎င်းသည် အောက်တိုဘာ၁၄ရက်နေ့၊ ညအချိန် ၉နာရီခန့်က လောင်းရှည်ကျေးရွာမှ ရွှေပြည်သို့ ဝါးရောင်းရန် ဝါးဖောင်ကို စက်လှေဖြင့်ဆွဲကာ ထွက်ခွာလာခဲ့ပြီး မျောက်တောင်ကျေးရွာအနီးတွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့၇သည်ဟု ဆိုသည်။

"ဝါးရောင်းဖို့အတွက်ညဦးကနေ ထွက်လာတာလို့သိရတယ်။ ဝါးဖောင်က ဒီရေစီးတဲ့အတိုင်း လိုက်မယ်ဆိုရင် မိုးလင်းလို့လည်းဝါးရောင်းမယ့်ရွာကိုရောက်မှာမဟုတ်ဘူး။ ဒါကြောင့် ဝါးဖောင်ကိုစက်လှေနဲ့ဆွဲယူလာတာလို့တော့ သိ၇တယ် အဲဒီမှာ မျောက်တောင်ရွာအနီးမှာအပစ်ခံ၇တာ"ဟု မြို့ခံတစ်ဦးကပြောသည်။

ပစ်ခတ်ခံ၇သည့် ထိုစက်လှေပေါ်တွင် ၎င်းနှင့်အတူတစ်ရွာတည်းနေဦးသင်္ခါကျော်၊ ဒေါ်သန်းယဉ်နု၊ ဒေါ် မသန်းရီတို့လည်း အတူလိုက်ပါလာကြပြီး ၎င်းတို့မှာ ရွှေပြည်ရွာတွင် သံပုရာသီးများရောင်းချရန်  လိုက်လာခဲ့ကြသည်ဟု သိ၇သည်။

၎င်းဝါးဖောင်သည် မန်နေ့အောက်တိုဘာ ၁၅ရက်၊ ညဥ့်၁ နာရီခန့်တွင် မျောက်တောင်ရွာ ဘုရားတောင်အောက်အရောက် တောင်ထက်၌တပ်စွဲထားသည့် စစ်တပ်က သေနတ်ဖြင့်လှမ်းပစ်ကာ ဦးဇော်မင်းဦးတွင  ဦးခေါင်း၌ ကျည်ရှပ်ထိကာဒဏ်ရာရရှိသွားသည်ဟု ဆိုသည်။

"ဝါးရောင်းသွားတဲ့ စက်လှေမှန်းသိတယ်။သိသိကြီးနဲ့ကိုပစ်တာ။ သူတို့မသိမှာစိုးလို့တောင် ဝါးရောင်းသွားတဲ့စက်လှေလို့အော်ပြောကြသေးတယ်။ ဒါပေမဲ့ပစ်တာပဲ။ ဦးဇော်မင်းဦးခေါင်းမှာရှပ်ထိတယ်။ အသက်အန္တရာယ် စိုးရိမ်စရာမရှိဘူး။ ဆေးရုံမှာဆေးကုသနေတယ်" ဟု ဒဏ်ရာရရှိသူနှင့်  နီးစပ်သူတစ်ဦးကပြောသည်။

ရခိုင်ပြည်အတွင်း စစ်ရေးတင်းမာနေပြီး တိုက်ပွဲများလည်း မကြာခဏဖြစ်ပွားနေသဖြင့်ဒေသခံပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး ညဉ့်အချိန် ခရီးသွားလာခြင်းများ မပြုလုပ်ကြရန်လိုအပ်သည်ဟုလည်း ၎င်းကျောက်တော်မြို့ ဒေသခံက ပြောကြားသည်။

အဆိုပါနေ့က ကျောက်တော်တွင် ကျောက်တော် အခြေစိုက်စကခ (၉)၊ စစ်ကောင်စီအခြေစိုက် ကျောက်တော် တပ်မနှင့် စစ်ကောင်စီကင်းစခန်းချနေရာများမှ  လက်နက်ကြီးများဖြင့် တစ်ညဥ့်လုံး ပစ်ခတ်ခဲ့ကာ စစ်ကောင်စီကင်းစခန်းချနေရာများမှ အနီးအနားရှိ တောင်တန်းများကိုလည်းသေနတ်ငယ်များဖြင့် ပစ်ခတ်ခဲ့သည်။(NN-12)

#လက်နက်ကိုင်တော်လှန်ရေး#စစ်ကောင်စီ# မြန်မာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.