နိရဉ္စရာ၊အောက်တိုဘာ ၁၆ / ၂၀၂၂
အိန္ဒိယနိုင်ငံ၊ယူပီပြည်နယ်တွင်သီတင်းသုံးနေထို
အဆိုပါ ဝင်ရောက်ပွဲအခမ်းအနားကို အိန္ဒိယနိုင်ငံ၊Maharashtra ပြည်နယ်Nagpur ခရိုင်Bina Jo Banega ဒေသတွင်အောက်တိုဘာလ ၁၄ ရက် မွန်းတည့် ၁၂ နာရီတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ယင်းအခမ်းအနားတွင် ဘာသာမဲ့နှင့်ဘာသာခြား အမျိုးသားဦးရေ ၂၀၀ ကျော်နှင့် အမျိုးသမီးဦးရေ ၃၀၀ ကျော်ကိုရခိုင်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ဉာဏိဿ၇က ဗုဒ္ဓဘာသာအဖြစ်သို့ သွတ်သွင်းပေးခဲ့ခြင်းဖြစ်သည်ဟုဆရာတော် ဘုရားကြီး၏တပည့်ဖြစ်သူ အရှင်ဦးသာဂ၇က နိရဉ္စရာကိုမိန့်သည်။
"သူတို့က အရင်နှစ်ပေါင်း ၆၀ လောက်ကနေ အဲဒီနေရာမှာ ဗုဒ္ဓဘာသာအဖြစ် ကူးပြောင်းခဲ့ပြီးပြီ။ဒါပေမဲ့ ဗုဒ္ဓဘာသာဆရာတော်တွေက မရှိလို့ သူတို့တွေဟာ ဘာသာမဲ့လိုဖြစ်နေကြတာ။အဲဒါကို ဦးဇင်းနဲ့ နောက်ထပ် ၇ဟန်း ၂ ပါးတို့က အဲဒီနေရာကိုသွားရောက်ပြီးဆွမ်းခံကြွတယ်။ ရွာတွေကိုလှည့်ပြီးတော့ ဟောပြောစည်းရုံးတယ်။၁ နှစ်ပတ်လုံးစည်းရုံးခဲ့၇တယ်။ ပြီးတော့မှ ဗုဒ္ဓဘာသာကိုဝင်မဲ့သူဦးရေစာရင်း
ယင်းကဲ့သို့ဗုဒ္ဓဘာသာအဖြစ်သွတ်သွင်းပေးပြီး
ဗုဒ္ဓဘာသာပျောက်ကွယ်လုနီးပါးဖြ
"အခုလိုလုပ်ပေး၇လို့ ဂုဏ်လည်း ယူတယ်။ ဝမ်းလည်း သာပါတယ်"ဟု မိန့်သည်။
အိန္ဒိယနိုင်ငံတွင် ဟိန္ဒူဘာသာဝင်၇၀ရာခိုင်နှုန်း၊ မူဆလင် ၂၅ ရာခိုင်နှုန်း၊ ဗုဒ္ဓဘာသာဝင် ၃ ရာခိုင်နှုန်း၊ဘာသာမဲ့နှင့် ခရစ်ယာန် ၂ ရာခိုင်နှုန်းရှိသည်ဟုလည်း အရှင်ဦးသာဂ၇ကမိန့်သည်။
သက်တော် ၈၆နှစ်ရှိပြီဖြစ်သော ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ဉာဏိဿရသည် ၇ခိုင်ပြည်နယ် မင်းပြားမြို့နယ်၊ဇီးပင်ကြီးကျေးရွာဇာတိဖြစ်ပြီး အိန္ဒိယနိုင်ငံတွင် သီတင်းသုံးနေသည်မှာနှစ်ပေါင်း ၆၀ ခန့်ရှိပြီဟု သိ၇သည်။
ဆရာတော်ဘုရားကြီးသည်အိန္ဒိယနိုင်ငံတွင် ဗုဒ္ဓသာသနာထွန်းကားပြန့်ပွားရေး
ဆရာတော်ကြီးသည် ပြီးခဲ့သည့်ဖေဖော်ဝါရီလ၁၃ ရက်ကလည်း အိန္ဒိယနိုင်ငံရှိ ဘာသာမဲ့နှင့် ဘာသာခြား ဦးရေ ၅၀၀ဦးကို ဗုဒ္ဓဘာသာအဖြစ် သွတ်သွင်းပေးခဲ့သေးသည်။
ဆရာတော်ကြီးသည်လွန်ခဲ့သည့်နှစ်ပေါင်း ၅၀ ခန့်ကပင် အိန္ဒိယနိုင်ငံအတွင်းဗုဒ္ဓသာသနာထွန်းကားပြန့်ပွားရေး
ယင်းနေ့ကပြုလုပ်ခဲ့သည့် အခမ်းအနားသို့အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်လည်းတက်ရောက်ချီးမြှင့်ခဲ့သည်ဟု သိ၇သည်။
ဓာတ်ပုံ- ဦးသာဂ၇