Preview

ရခိုင်အမျိုးသားဒီမိုကရက်တစ်ပါတီ(ဂျပန်)မှ ရသေ့တောင်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များသို့ ကျပ်သိန်း ၁၂၀ ကျော်လှူဒါန်း

အောက်တိုဘာ ၁၆/ ၂၀၂၂ | ကြည့်ရှုသူ :10801
ရခိုင် သတင်း

နိရဉ္စရာ၊ အောက်တိုဘာ ၁၆/ ၂၀၂၂

ဂျပန်နိုင်ရောက် ၇ခိုင်အမျိုးသားများဖြင့်ဖွဲ့စည်ထားသည့်ရခိုင်အမျိုးသားဒီမိုကရက်တစ်ပါတီ(ဂျပန်) ANDP-Japan မှ ရသေ့တောင်မြို့နယ်အတွင်းရှိစစ်ဘေးရှောင်ပြည်သူများအတွက် ငွေကျပ် (၁၂၀)သိန်း ၄သောင်းကျပ် ကို မကြာမီရက်ပိုင်းအတွင်းက လှူဒါန်းခဲ့သည်ဟု သတင်းရရှိသည်။

၎င်းငွေများကို မေယုကမ်းဒေသမှ လူမှုရေးလုပ်ငန်းများကို ဆောင်ရွက်နေသည့်မေယုရင်ငွိ့ လူမူကူညီရေးအသင်းမှတဆင့ ကူညီလှူဒါန်းခဲ့ခြင်းဖြစ်သည်။

ANDP-Japan ၏ ပြောရေးဆိုခွင့်ရှိသူ ကိုဘုန်းမြင့်က  ကျွန်တော်တို့ နိုင်ငံရပ်ခြားကို ရောက်နေကြပေမယ့်လည်း ရခိုင်ပြည်အတွက်အတတ်နိုင်ဆုံး နိုင်တဲ့ဘက်က လုပ်ကိုင် ဆောင်ရွက်ပေးနေပါတယ်။ အခုလည်း တိုက်ပွဲတွေကြောင့်ရခိုင် ပြည်သူတွေ ဒုက္ခရောက် နေကြရတော့ ဂျပန်မှာရှိတဲ့ ၇ခိုင်တွေကအမျိုးသားတွေက တတ်နိုင်သလောက်စုပေါင်းလှူဒါန်း ကြတာဖြစ်ပါတယ်။ ပြောချင်တာကတော့ ရခိုင်လူမျိုးတွေ ဒုက္ခရောက်နေကြပေမယ့်စိတ်ဓာတ်မကျကြဖို့နဲ့ ကြံ့ကြံ့ခံကြဖို့နဲ့ တကမ္ဘာလုံးမှာရှိတဲ့ ရခိုင်တွေဟာ ပြည်တွင်းမှာရှိနေတဲ့ရခိုင်တွေနဲ့ ထပ်တူရပ်တည်လျှက်ရှိတယ်ဆိုတာကို ပြောချင်ပါတယ်ဟု ပြောဆိုသည်။

ANDP-Japan မှ ကူညီပေးလိုက်သော ငွေများဖြင့် မေယုရင်ငွိ့လူမူကူညီရေးအသင်းမှ ဆန်နှင့်ရိက္ခာများဝယ်ယူပြီး ရသေ့တောင်မြို့နယ်၊ မေယုကမ်း ဒေသရှိ ေတီပြင်၊သစ်ကတိုး၊ ရန်အောင်ပြင်၊နော်ဝေ၊ကုန်တန်း စသည် ကျေးရွာများသို့ ထွက်ပြေးလာကြသည့် ထပ်တိုးစစ်ဘေးရှောင်ပြည်သူများနှင့် ရသေ့တောင်မြို့ပေါ်ရှိ စေတီရင်းစစ်ဘေးရှောင်စခန်း၊ သီရိသောမာရုံ စစ်ဘေးရှောင်စခန်းတို့ကို စစ်ဘေးရှောင်စခန်း တာဝန်ရှိလူကြီးများမှ တဆင့်အသီးသီးလှူဒါန်ခဲ့ပါသည်။

လက်ရှိမှာ စစ်ဘေးရှောင်ပြည်သူတွေ ရိက္ခာတွေပြတ်တောက်နေပြီး စားဝတ်နေထိုင်ရေး အခက်အခဲများစွာ ကျရောက်နေတာကို ကြားသိ၇တဲ့အတွက်ကျွန်တော်တို့ များစွာ စိတ်မကောင်းဖြစ်၇ပါတယ်။ စစ်ကောင်စီက စစ်ဘေးရှောင်ပြည်သူတွေကို  လှူဒါန်းတာတွေကို ပိတ်ဆို့တာ၊ ရိက္ခာတွေ ဖြတ်တောက်ထားတာကလည်း မလုပ်သင့်တဲ့ကိစ္စပါ။ သူတို့ဟာ ၇ခိုင်တွေဖြစ်ကြပေမယ့် အပြစ်မဲ့ပြည်သူတွေဖြစ်ကြသလို လူသားတွေ ဖြစ်ကြတဲ့အတွက် လူသားတစ်ယောက်ရဲ့ ၇ပိုင်ခွင့်ခံစားခွင့်တွေကို  ပိတ်ပင်ထားတာဟာ လူအခွင့်အရေး ချိုးဖေါက်မှုဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ ကန့်ကွက်ရှုတ်ချပါတယ်ဟု ကိုဘုန်းမြင့်က ပြောဆိုသည်။

၎င်းတို့ အဖွဲ့အစည်းအနေဖြင့် စစ်ဘေးရှောင်ပြည်သူများကို စဉ်ဆက်မပြတ် ဆက်လက် လှူဒါန်းသွားမည်ဖြစ်ကြောင်း၊ ယခုနှစ်အစောပိုင်းကလည်း  ကျောက်တော်မြို့၊ မီးဘေးသင့် စ်ဘေးရှောင်ပြည်သူများအတွက ကျပ်၁၁၅ သိန်းကို လည်း လှူဒါန်းခဲ့ပြီ ဖြစ်ကြောင်း သိ၇သည်။

၎င်းပြင် စစ်ဘေးရှောင်များအတွက် ူးပေါင်းပါဝင် ကူညီလှူဒါန်းခဲ့ကြသည့် အလှူရှင်များ စစ်ဘေးရှောင်များအား သွားရောက်ကူညီနေကြသည့်မေယုရင်ငွိ့လူမူကူညီရေးအသင်းသူ အသင်းသားအများ၊စစ်ဘေးရှောင်တာ၀နခံ လူကြီးများအားလုံးကိုလည်း  ANDP-Japan အနေဖြင့်အထူးကျေးဇူးတင်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသွားသည်။

စစ်ဘေးရှောင်ပြည်သူများဂုဏ်သိက္ခာရှိစွာဖြင့် မိမိတို့နေအိမ်သို့ လုံခြုံအေးချမ်းစွာ အမြန်ဆုံး ပြန်လည် နေထိုင်နိုင်စေရန် ဆုတောင်းမေတ္တာပို့သအပ်သည်ဟု ၎င်းက နိဂုံးချုပ်ပြောဆိုသွားခဲ့သည်။

#စစ်ဘေးရှောင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.