Preview

၇ခိုင်တွင် ၃ ရက်အတွင်း လူပေါင်း ၂၀ကျော်ကိုစစ်ကောင်စီဖမ်းဆီး၊ တစ်ဦးသတ်ဖြတ်ခံရ

အောက်တိုဘာ ၁၇/ ၂၀၂၂ | ကြည့်ရှုသူ :10637
ရခိုင် သတင်း
နိရဉ္စရာ၊ အောက်တိုဘာ ၁၇/၂၀၂၂

အောက်တိုဘာ ၁၄ ရက်မှ ၁၆ ရက်နေ့အထိ (၃) ရက်အတွင်း ၇ခိုင်တွင်လူပေါင်း ၂၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး ထိုအထဲက တစ်ဦးမှာ ဖမ်းဆီးထားစဉ်အတွင်းသတ်ဖြတ်ခံခဲ့၇သည်။

ဖမ်းဆီးခံ၇သူများမှာ မောင်တောက ၂ ဦး၊ မြောက်ဦးက ၁ ဦး၊ အမ်းက၂ ဦး၊ ရမ်းဗြဲက ၁၂ ဦးနှင့် တောင်ကုတ်က ၆ ဦးတို့ ဖြစ်ကြသည်။

မောင်တောမြို့မှ ဖမ်းဆီးခံရသူများမှာ မောင်တောမြို့နယ်ဂရုဏာကွန်ယက်မှ ဘဏ္ဍာရေးမှူး ဦးလှသိန်း(၃၅နှစ်)နှင့် ဦးထွန်းလင်းကျော်(ခ)ညီညီ(၄၂နှစ်)တို့ဖြစ်ပြီး သူတို့ကို  အောက်တိုဘာ ၁၅ ရက် နံနက်အစောကြီးညဉ့်အချိန်တွင် ဖမ်းဆီးသွားခဲ့သည်ဟု သိ၇သည်။ ၎င်းတို့ ၂ ဦးကို လက်ရှိအချိန်တွင်မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့်ထားသည်ဟု သိ၇သည်။

မြောက်ဦးမြို့မှ ဖမ်းဆီးခံ၇သူမှာညောင်ပင်ဈီးရပ်ကွက်မှဦးကျော်သိန်း(၅၃နှစ်)ဖြစ်ကြောင်း သိ၇သည်။

၎င်းသည် ကြက်ဈီးခွဆုံ၊ကမ္ဘာ့ရတနာဘဏ်ရှိ၌ဒေါ်နုနု အမည်ဖြင့်စားသောက်ဆိုင်ဖွင့်ထားသူ ဖြစ်ပြီး စစ်ကောင်စီတပ်များသည် ဆိုင်အတွင်းကိုဝင်ပြီး ဦးကျော်သိန်းအား ဖမ်းဆီးသည့်အပြင် စားသောက်ဆိုင်မှ အရက်ပုလင်း ၅၀ခန့်ကိုလည်း သိမ်းယူသွားကြောင်း မျက်မြင်ဒေသခံများက ပြောကြားသည်။

အမ်းမြို့နယ်မှ ဖမ်းဆီးခံ၇သူ နှစ်ဦးမှာ ဦးမျိုးမြင့်ဇော် (ခ)ဦးဗြားကြီး (၄၀) နှစ်နှင့်ဒေါ်ညိုညို (၅၀) နှစ်တို့ဖြစ်ကြသည်။

သူတို့နှစ်ဦးထဲမှ ဦးမျိုးမြင့်ဇော် (ခ) ဦးဗြားကြီးကို အမ်းမြို့နယ် တောင်မော်ကျေးရွာအတွင်း အောက်တိုဘာ ၁၄ ရက် နံနက်က ၈ နာရီခန့်က အိမ်ကားတစ်စီးဖြင့် ဝင်ရောက်ပြီးသေနတ်ဖြင့် ပစ်ဖမ်းကာ နောက်ပိုင်းတွင် စစ်ကောင်စီတပ်က ညှဉ်းပမ်းနှိပ်စက်ကာ သတ်ဖြတ်ပစ်ခဲ့သည်။၎င်းသည် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA) ၏ ဒုတိုက်နယ်မှူးအဆင့်ရှိသူတစ်ဦးဖြစ်သည်ဟုလည်း သိ၇သည်။

နောက်အမျိုးသမီးတစ်ဦးဖြစ်သူ ဒေါ်ညိုညိုကို စစ်ကောင်စီတပ်က မ်းမြို့နယ်၊ဟင်းရွက်ရွာထဲကို အိမ်စီးကား(၂)စီးဖြင့် ဝင်ရောက်လာပြီး သူမ၏ နေအိမ်မှ ဖမ်းဆီးကာ အမ်းမြို့သို့ ခေါ်ဆောင်သွားကြောင်းမျက်မြင်ဒေသခံများက ပြောသည်။

ရမ်းဗြဲမြို့က ဖမ်းဆီးခံ၇သူများမှာ ဝက်ရှော့ပိုင်ရှင်ဦးကျာ်မင်းဟန်(၃၈)၊ မောင်မျိုးအောင်ထက်(၁၉) နှစ်၊ ဦးသက်နိုင်ထွန်း(ခ)မောင်မောင် (၃၄)နှစ်၊ ဦးမျိုးမင်း(ခ)ဘာဘာကြီး(၃၄)နှစ်၊ ကိုပြည့်ဖြိုးအောင်(၂၄နှစ်) ဦးကိုကိုအောင်(၃၆)နှစ်၊ သုံးဘီးမောင်းသူများဖြစ်သည့် ဦးစံလင်း(၅၈)နှစ်၊ ဦးထွန်းထွန်းအောင် (၃၈) နှစ်၊ မောင်နိုင်လင်းဦး(၁၈နှစ်)၊ ဦး စိုးပိုင် (၄၅နှစ်) ဦးခင်မောင်ရွှေ(၃၇နှစ်)နှင့် ကိုမင်းထက်လွင်(၂၇နှစ်) တို့ဖြစ်ကြောင်း သိ၇သည်။

၎င်းတို့သည် ရမ်းဗြဲမြို့ အမှတ်(၅)၊လောင်းချောင်းရပ်ကွက်နေ စကစဗိုလ်ကြီးဟောင်း ဦးထွန်းကြည်ကို ရက္ခိုင့်တပ်တော်(AA) ကဖမ်းဆီးသွားပြီးနောက် ယခုလ ၁၅ ရက်နေ့က ဖမ်းဆီးခံ၇သူများဖြစ်ကြပြီး ခမ၇(၃၀၈)တပ်ရင်းမှစစ်သား နှင့် ရဲတပ်သားများက ရဲစခန်းသို့ဖမ်းဆီးခေါ်ဆောင်သွားကြောင်းဒေသခံများက ပြောသည်။

တောင်ကုတ်မြို့မှ ဖမ်းဆီးခံ၇သူူ၆ယောက်မှာဦးသန်းငွေ (၅၆) နှစ်၊ဦးကျော်ရင် (၆၄) နှစ် ဦးကျန်အောင် (၆၅) နှစ်၊ ဦးကြာနီအောင်၊ ဦးတင်ဖေနှင့် ဦးသန်းနုတို့ဖြစ်ကြသည်။

၇ခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှအသက် ၅၀ ကျော်အရွယ် အရပ်လူကြီး လူ ၃ ဦး ဖြစ်ကြသည့် ဦးသန်းငွေ ၊ ဦးကျော်ရင် ဦးကျန်အောင်တို့ကို အောက်တိုဘာ ၁၄ရက် နေ့လယ်၁ နာရီခန့်တွင်အရတ်ဝတ်စစ်ကောင်စီတပ်သားများက ကားဖြင့်စကခ(၅) သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

၄င်းတို့အနက်ဦးသန်းငွေကို ယင်းနေ့ညနေပိုင်းတွင်ပြန်လည်လွှတ်ပေးလိုက်ကြောင်း မိသားစုများက ပြောသည်။

အလားတူ  ချင်းပြည်နယ်ပလက်မြို့တွင်လည်း  ပြီးခဲ့သည့်အောက်တိုဘာလ ၁၃ ရက်နှင့် ၁၄ ရက်အတွင်းက  ပန်းရံလုပ်နေသည့်၇ခိုင်လူမျိုး ညီအစ်ကို းဖြစ်ကြသည့် ကိုမောင်ဆန်းဖြိုး(၂၅ နှစ်) နှင့်ရွာမရပ်ကွက်နေ ဦးစိုးလှ (၂၉ နှစ်)တို့ကို စစ်ကောင်စီတပ်သားများကလက်ထိပ်ခတ်၊ မျက်နှာဖုံးချုပ်ကာ ဖမ်းဆီးခေါ်ဆောင်သွားပြီး လမ်းခုလတ်တွင်လည်း ဝိုင်းဝန်းရိုက်နှက် သွားခဲ့သည်ဟု ၎င်း၏မိသားစုဝင်တစ်ဦးက ပြောသည်


(ဓာတ်ပုံဟောင်း/ မြေပုံမြို့နယ် စစ်ကောင်စီတပ်က စညင်းစစ်ရှောင်စခန်းကိုဝင်ရောက်စစ်ဆေးနေစဉ်)

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.