Preview

တိုက်ပွဲထဲက လက်နက်ကြီးကျည်ရွာထဲကျ၍ ကျောက်စာတိုင်ကျေးရွာမှာ ခမီလူမျိုး ၃၀၀ ကျော်ထွက်ပြေးရ

အောက်တိုဘာ ၁၇/ ၂၀၂၂ | ကြည့်ရှုသူ :1527
ရခိုင် သတင်း

နိရဉ္စရာ၊အောက်တိုဘာ ၁၇/၂၀၂၂

၇ခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ဂူတာပြင်ကျေးရွာအုပ်စု၊ ကျောက်စာတိုင်(ခမီ) ကျေးရွာ အတွင်းသို့  ယမန်နေ့ကဖြစ်ပွားသည့် တိုက်ပွဲမှ လက်နက်ကြီးကျည်များကျရောက်ပေါက်ကွဲသဖြင့် ရွာသား ၃၀၀ ကျော်သည် ရွာကိုစွန့်ခွာကာ ဘူးသီးတောင်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင် လာကြသည်ဟုသတင်းရရှိသည်။

ယမန်နေ့အောက်တိုဘာလ၁၆ရက် နံနက်၆ နာရီဝန်းကျင်ကဘူးသီးတောင်မြို့နယ်၊ ဂူတာပြင် ကျေးရွာနှင့်ကျောက်စာတိုင်ကျေးရွာအနီးတို့တွင် ၇က္ခိုင့်တပ်တော်(AA)နှင့်မြန်မာစစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိ၇သည်။

၎င်းတိုက်ပွဲက ပစ်ခတ်သော လက်နက်ကြီးကျည်များသည်  ကျောက်စာတိုင်(ခမီ)ကျေးရွာ အတွင်းသို့ကျရောက်ခဲ့သဖြင့် ကျေးရွာသားများမှာ ရွာကိုစွန့်ခွာထွက်ပြေးလာကြ၇သည်ဟုဘူးသီးတောင်မြို့နယ်မှ ဒေသခံတစ်ဦးကပြောသည်။

"ဂူတာပြင်။ကျောက်စာတိုင်ပတ်ဝန်းကျင်မှာ မကြာမကြာဖြစ်တယ်။ ဖြစ်နေတာလည်းကြာပြီ ရက်ပေါင်း၁၀လောက်ရှိပြီ ဖြစ်နေတာ။ မနေ့ကမနက်တိုက်ပွဲထဲက လက်နက်ကြီးကျည်တွေကျတော့ရွာလုံးကျွတ်ထွက်ပြေးလာရတယ်လို့တော့ သိ၇တယ်" ဟု ၎င်းက ပြောသည်။

ထွက်ပြေးရှောင်တိမ်းလာရသည့်ကျောက်စာတိုင်(ခမီ)ကျေးရွာသားများသည် ဘူးသီးတောင်မြို့ပေါ်ရှိ ဂန္ဓာရီရွာသစ်(ခမီ)ရွာ၊ဂန္ဓာရီဘုန်းကြီးကျောင်းတို့တွင် ခိုလှုံနေကြသည်ဟုသိ၇သည်။

"ဂန္ဓာရီကျောင်းမှာရောက်နေကြတယ် မနေ့ကစာရင်းပြုစုထားတာတော့၃၀၈ယောက်ရှိတယ်။ စားရေး။ သောက်ရေးကတော့ အခက်အခဲရှိနေတယ်။ကယ်ဆယ်ရေးလည်း ယာယီပိတ်ထားတော့ ဘာမှမ၇သေးဘူး။ အခုလောလောဆယ်တော့ဂန္ဓာရီကျောင်းက ကူညီဆောင်ရွက်ပေးနေတယ်" ဟု အည်မဖော်လိုသည့်ဂန္ဓာရီကျောင်း တိုက်စစ်ဘေးရှောင်စခန်းတာဝန်ခံတစ်ဦးက

ပြောသည်။

ကျောက်စာတိုင်(ခမီ)ကျေးရွာတွင်အိမ်ခြေ ၆၄ အိမ်၊ ကျား၁၆၀ယောက်၊ မ ၁၄၈ယောက်ရှိပြီး စုစုပေါင်းလူဦးရေ ၃၀၈ဦးရှိကာ သက်ကြီးရွယ်အိုနှင့်ကလေးသူငယ်များပါမကျန် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်လာကြသည်ဟု သိ၇သည်။(NN-12)

 

( Photo by We Love Khamee Page)

#စစ်ဘေးရှောင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.