Preview

မင်းပြားမြို့နယ်တွင် နှစ်ရက်ကြာပျောက်ဆုံးနေသည့်အမျိုးသမီးတစ်ဦးကို ဒဏ်ရာများဖြင့်သေဆုံးလျက်ပြန်တွေ့

အောက်တိုဘာ ၁၇/ ၂၀၂၂ | ကြည့်ရှုသူ :8849
ရခိုင် သတင်း

နိရဉ္စရာ၊အောက်တိုဘာ ၁၇/၂၀၂၂

ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ် ဖားပြိုကျေးရွာမှ အမျိုးသမီးတစ်ဦးသည် ငါးဖမ်းလှေနှင့်အတူ နှစ်ရက်ကြာ ပျောက်ဆုံးနေပြီးနောက် အောက်တိုဘာ ၁၅ရက်နေ့က ဒဏ်ရာများနှင့်သေဆုံးလျက်အလောင်းကို ပြန်လည်တွေ့ရှိကြောင်းသိ၇သည်။

၎င်းအမျိုးသမီးကြီးမှာဖားပြိုကျေးရွာနေ ဒေါ်မအေးလှ (၅၂နှစ်)ဖြစ်သည်။

သေဆုံးသူ ဒေါ်မအေးလှ၏ လောင်းပေါ်တွင်လည်ဂုတ်၊ ညာဖက်နှစ်ရွက်အပေါ်တွင် တုတ်ဖြင့် ရိုက်ထားသည့်ဒဏ်ရာ၊ လည်ပင်းကိုလက်နှင့်ဖျစ်ညစ်ထားသည့်ပုံစံ ဒဏ်ရာနှင့် လက်မောင်းများနှင့် ကျောကုန်းများ၊ခါးတို့တွင် တုတ်ဖြင့်ရိုက်ထားသည့် ဒဏ်ရာများဖြင့် ညိုမဲဒဏ်ရာများရှိနေပြီး သူမ၏မျက်နှာပေါ်ရှိနှာခေါင်းရိုးကျိုးနေကာ ညာဖက်မျက်လုံးတွင်လည်း ဒဏ်ရာများရှိကြောင်း ဒေါ်မအေးလှ၏သားဖြစ်သူကနိရဉ္စရာသို့ပြောသည်။

သူမသည် ြီးခဲ့သည့် အောက်တိုဘာလ၁၃ ရက်က ၎င်း၏ခင်ပွန်းဖြစ်သူနှင့်အတူ နံနက် ၅ နာရီခန့်က ရွာနှင့်နှစ်မိုင်ခန့်ဝေးသည့်အရှေ့ဘက်ချောင်းကြောသို့ ၎င်းတို့၏လှေနှင့် ငါးရှာ၊ ပိုက်ချရန်သွားခဲ့သည်ဟု သိ၇သည်။

ဒီရေကျနေ၍ပိုက်ချနေခဲ့ပြီး ဒီရေပြန်တက်လာ၍ ထိုပိုက်ကိုပြန်ဆယ်ခဲ့ပြီးနောက်တွင် ၎င်းသည်ပိုက်ထဲရှိအမှိုက်များကို ဖယ်ထုတ်ပြီးပုဇွန်နှင့် ငါးျားကို ရွေးယူ၍ ငါးဖမ်းလှေပေါ်တွင် ကျန်ခဲ့ကာ၎င်း၏ယောင်္ကျားမှာ သူမနှင့်အလှမ်းဝေးသည့်နေရာသို့၎င်းတို့၏ကျွဲများကို ရှာဖွေရန် သွားရောက်ခဲ့ကြောင်းသိ၇သည်။

ထို့နောက်၎င်း၏ယောင်္ကျားဖြစ်သူ ကျွဲရှာ၍ပြန်လာချိန်၊ နံနက် ၈ နာရီကျော်ခန့်တွင် သူ၏မိန်းမနှင့်၎င်းတို့၏လှေပါမရှိတော့သည်ကို တွေ့ရှိခဲ့၇သည်ဟု ဆိုသည်။

ဒေါ်မအေးလှပျောက်ဆုံးသွားပြီးသည့်နောက်တွင်၎င်းနောက်ဆုံးရှိနေခဲ့သည့် နေရာအနီးတဝိုက်သို့ ရွာသားများနှင့်မိသားစုများက နှစ်ရက်ဆက်တိုက်သွားရောက်ရှာဖွေခဲ့၇လွန်ခဲ့သည့် အောက်တိုဘာလ ၁၅ ရက်၊ စနေနေ့တွင် ၎င်း၏အလောင်းကို ရွာအရှေ့က် နှစ်မိုင်ခန့်ဝေးသည့် ချောင်းထဲရှိ ချုံပုတ်ပေါ်တွင် တွေ့ရှိခဲ့၇ကြောင်း ဒေါ်မအေးလှ၏ သားဖြစ်သူက နိရဉ္စရာသို့ပြောသည်။

"အလောင်းကတော့ချောင်းမှာပေါ်ပြီးတော့ ချုံပုတ်ပေါ်မှာတင်ကျန်နေပါတယ်။ ပြောရမယ်ဆိုရင်တော့ ဖြစ်စဉ်ကအလောင်းဖျောက်တဲ့ပုံစံမျိုးပါ။ ကျနော်တို့ကြာသပတေးနေ့တစ်ရက် ညပိုင်းမှာ အဲဒီနေရာကိုသွားရှာခဲ့တုန်းကမ၇၊ တွေ့လည်းမတွေ့ခဲ့ဘူး။မနက်မိုးလင်းသောကြာနေ့မှာ တစ်ရက်လုံး သွားရှာခဲ့တယ်ချောင်းတစ်ကြောလုံး အထက်အောက် လုံး၀မတွေ့ခဲ့ဘူး။ စနေနေ့ မနက်မှာတော့ တွေ့တယ် အဲဒီနားမှာ။ ပြန်တွေ့တဲ့အခါအိမ်ကဝတ်သွားတဲ့အဝတ်အစားတွေ မရှိတော့ဘူး။ ဒါပေမယ့် သူ့မှာဘောလုံးဘောင်းဘီမျိူးဝတ်ထားပါတယ်။သူ့ခါးမှထုပ်ပြီးပါသွားတဲ့ ရွှေတွေနဲ့ပိုက်ဆံတွေလည်းပါသွားပါတယ်" ဟုပြောသည်။

အဆိုပါအသတ်ခံရသည့်အမျိုးသမီးတွင်ကိုယ်ပေါ်၌ဆောင်ထားသည့် ရွှေ ၄ ကျပ်ခန့်နှင့် ငွေကျပ် ငါးသိန်းကျော်တို့မှာလည်း ပျောက်ဆုံးသွားပြီး၎င်း၏လှေနှင့် ငါးရှာသည့်ပိုက်တို့မှာလည်း ပျောက်ဆုံးသွားကြောင်းနှင့် ယခုဖြစ်ရပ်တွင်ကိုယ့်ရပ်ရွာထဲကလူများပါနိုင်ကြောင်းနှင့် အဆိုပါဒေါ်မအေးလှတွင် ရွှေ၊ ငွေများကို ၎င်းကိုယ်နှင့်မခွာယူဆောင်သွားတတ်သည်ကိုအခြားရွာမှလူများမသိနိုင်ကြောင်းနှင့် အဆိုပါအကြောင်းကို သိထားသည့် ရပ်ရွာထဲမှလူများလည်းပါဝင်နိုင်သည်ဟု ၎င်း၏သားဖြစ်သူက မှတ်ချက်ပြုသည်။

"သူ့မှာခါးမှာခါးပတ်နဲ့ရွှေတွေကို ထည့်ထားတယ်။ သွားတဲ့နေရာတိုင်းကို ယူသွားတယ်။ သူကသားသမီးတွေကိုလည်းမယုံဘူး။ နောက်ပြီးတစ်ခုရှိတာက ကျနော်တို့မှာ ကျွဲရောင်းမယ်ဆိုပြီး သတင်းတွေဘာတွေ ထွက်လို့ရှိတယ်။ ဒါကြောင့်ကျွဲရောင်းထားတဲ့ပိုက်ဆံတွေပါ ပါမယ်ထင်လို့ လုပ်တာလို့ထင်တယ်။ ရွှေ ကျပ်နဲ့လောက်တော့လူတစ်ယောက်အသက်ကို ဒီလိုမျိုးသတ်နိုင်လိမ့်မယ်လို့မထင်ဘူး။ သက်ဆိုင်ရာတွေကိုတော့ ကျနော့်အမေကိုလူမဆန်စွာ ရက်ရက်စက်စက် သတ်ဖြတ်သွားတဲ့သူတွေကို အမြန်ဆုံးဖော်ထုတ်ပေးစေချင်တယ်လို့ပြောချင်ပါတယ်" ဟုပြောသည်။

အဆိုပါအသတ်ခံရသည့်အမျိုးသမီးတွင်၎င်း၏ရပ်ရွာထဲ၌ ရန်ငြိုးရန်စရှိသူမျလည်းမရှိကြောင်းနှင့် ပစ္စည်းဥစ္စာများကို မက်မော၍ယခုကဲ့သို့သတ်ဖြတ်ခံခြင်းဖြစ်နိုင်ကြောင်း ၎င်း၏မိသားစုဝင်များက ပြောသည်။

ပြီးခဲ့သည့်အောက်တိုဘာလ ၁၅ ရက်၊ နံနက်က ရွာနှင့်နှစ်မိုင်ခန့်ဝေးသည့် ၎င်းအမျိုးသမီး ပိုက်ချငါးရှာနေစဉ် ပျောက်ဆုံးသွားသည့် ချောင်းကြောအနီးတွင် အဆိုပါအလောင်းကိုတွေ့ရှိခဲ့ပြီးဖားပြိုရွာသို့ ယူဆောင်လာပြီးနောက်တွင် မင်းပြားပြည့်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံတွင် အလောင်းကိုခွဲစိတ်ခဲ့ပြီးယင်းနေ့ညနေပိုင်းတွင် ရွာသို့ပြန်ယူဆောင်လာကာ ဖားပြိုရွာ၌သဂြိုလ်ခဲ့ကြောင်း သိ၇သည်။

ရင်ခွဲရုံတွင်အလောင်းကိုခွဲစိတ်ထားသည့် စစ်ဆေးချက်များကိုလည်း မိသားစုများအနေဖြင့် ယနေ့အထိမသိရှိရသေးကြောင်းသိ၇သည်။

ယခုကဲ့သို့အသတ်ခံရမှုကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာ အဖွဲ့အစည်းများသို့လည်း တိုင်ကြားထားပြီး ယနေ့အထိ ၎င်းတို့ဖက်မှသတင်းတစ်စုံတစ်ရာမေးမြန်းလာခြင်းမရှိသေးကြောင်းသိ၇သည်။

(NN-8)

#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.