Preview

မင်းပြားတွင်စစ်ကောင်စီစစ်ကြောင်းမိုင်းခွဲတိုက်ခိုက်ခံ၇ပြီးနောက် ၁၅မိနစ်ကြာတိုက်ပွဲဖြစ်ပွား

အောက်တိုဘာ ၁၇/ ၂၀၂၂ | ကြည့်ရှုသူ :2182
ရခိုင် သတင်း

 နိရဉ္စရာ၊အောက်တိုဘာ ၁၇/၂၀

၇ခိုင်ပြည်နယ်၊ မင်းပြားမြို့ နယ်၊ ကြပ်စင်တံတားအနီးတွင် စစ်ကောင်စီစစ်ကြောင်းတစ်ခုကို အောက်တိုဘာ၁၇ ရက် ယနေ့နံနက်က ရက္ခိုင့်တပ်တော် ( AA)တပ်ဖွဲ့ဝင်များက မိုင်းခွဲတိုက်ခိုက်၍ စစ်ကောင်စီ တပ်သားများအထိနာခဲ့ကာ နှစ်ဘက်တပ်ဖွဲ့များအကြား ၁၅ မိနစ်ကြာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံတစ်ဦးကပြောကြားသည်။  

ယနေ့နံနက် ၁၁ နာရီခွဲအချိန် ကြပ်စင်တံတား အနီးတွင် စစ်ကောင်စီစစ်ကြောင်းကို အေအေကမိုင်း(၄) လုံးခွဲကာ တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်သားများ ထိခိုက်ကျဆုံးမှုများရှိသည်ဟုသိ၇ကြောင်း၊ အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်ခန့် ဖြစ်ပွားခဲ့ကြောင်း ၎င်းကပြောသည်။ 

"စစ်သားတွေ သူတို့ က မင်းပြားဘက်ကမ်းကနေကြပ်စင်ဘက်ကိုသွားတာကို အေအေက မိုင်း ၄ လုံးခွဲပြီး တိုက်ခိုက်တယ်။ စစ်ကောင်စီတပ်သားတွေ မနည်းကျသွားတယ်လို့ သိ၇တယ်"ဟု ပြောသည်။ 

မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက်စစ်ကောင်စီတပ်သားများသည် လက်နက်ငယ်များနှင့် အေအေရှိရာဘက်ကိုမှန်းဆကာရမ်းသမ်းပစ်ခတ်မှုများရှိခဲ့ပြီး မင်းပြားအခြေစိုက်တပ်ရင်းများမှလက်နက်ကြီးများ ပစ်ခတ်ခဲ့သည်ဟု နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။ 

"ကျနော်တို့ထမင်းစားနေတုန်းမှာ ပစ်သံတွေကြားရလို့ အိမ်အောက်ကို ဆင်းပြေးလာ၇ပါတယ်။ ပစ်ခတ်သံတွေကတော့လက်နက်ကြီး၊ လက်နက်ငယ်တွေပါ အပြန်အလှန်ပစ်နေကြတဲ့ အသံတွေကြား၇ပါတယ်။ လက်နက်ကြီးတွေလည်းဆက်တိုက်ပစ်နေတာ ခုတော့ ငြိမ်သွားပါပြီ"ဟု ယနေ့ နံနက် ၁၂ နာရီခန့်က ပြောကြားသည်။

တစ်ခြား ဒေသခံတစ်ဦးကလည်း "အေအေက မိုင်းခွဲလို့ သူတို့က စကစ စစ်သားတွေ လက်နက်ငယ်တွေ ပစ်ပြီး တပ်ဆုတ်တာပါ အဲဒီနောက် မင်းပြားတပ်ရင်း၊ တောင်ကုန်းတွေကနေလက်နက်ကြီးတွေနဲ့ ပစ်ကူတာပါ"ဟု ပြောသည်။ 

ယခုတိုက်ပွဲတွင် စစ်ကောင်စီဘက်က အကျအဆုံးများကြောင်း ဒေသခံများကပြောသော်လည်း အရေအတွက် မည်မျှကျဆုံးမှု ရှိသည်ကို အေအေဘက်သို့ဆက်သွယ်၍ မရသဖြင့် အသေးစိတ်တင်ပြနိုင်ခြင်းမရှိသေးသလို ကျဆုံးမှုနှင့်ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်းလည်း မရှိသေးပါ။  

အောက်တိုဘာရ ရက် နေ့လယ်ကလည်း  မင်းပြားမြို့၊ ကြပ်စင်တံတား၌စခန်းချနေသော စစ်ကောင်စီတပ်ဖွဲ့အား ရက္ခိုင့်တပ်တော် (AA)က ဝင်ရောက် တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား (၈)ဦး သေဆုံးပြီး၊ နောက်ထပ် ဒဏ်ရာရသူတချို့လည်းရှိခဲ့ကြောင်း  အေအေကသတင်းထုတ်ပြန်ခဲ့သည်။ (NN-7)

(ဓာတ်ပုံ ပုံဟောင်း/  ရခိုင်တွင် ယခင်စစ်ပွဲအတွင်းက စကစ စစ်ကားမိုင်းခွဲတိုက်ခိုက်ခံ၇သည့် ပုံဖြစ်သည်။)

#အေအေ/စစ်ရေး/ နိုင်ငံရေး# စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.