နိရဉ္စရာ၊အောက်တိုဘာ ၁၇/၂၀၂၂
ရက္ခိုင့်တပ်တော် (AA)၏ မိုင်းခွဲတိုက်ခိုက်ခြင်းခံ၇ပြီးနောက် မင်းပြားအခြေစိုက်စစ်ကောင်စီတပ်များကအရပ်သားကျေးရွာများကို ပစ်မှတ်ထားကာလက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုကြောင့် ဒေသခံ အရပ်သား ၁၀ ဦးထက်မနည်းဒဏ်ရာ၇ရှိခဲ့ပြီး အနည်းဆုံး ၂ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ကနဦးသတင်းများ အ၇ သိ၇သည်။
ဖလောင်းပြင်ကျေးရွာက မခင်နွယ်စိုးနှင့် အလှဆန်းယိုင်တို့ ညီအမနှစ်ဦးမှာဒဏ်ရာပြင်းထန်ကြောင်းဖလောင်းပြင်ရွာမှ ဒေသခံတစ်ဦးက ပြောသည်။
" ဖလောင်းပြင်ရွာမှာ ၄ ယောက်ဒဏ်ရာ၇တဲ့ အထဲမှာ ၃ ယောက် ဒဏ်ရာပြင်းထန်ပါတယ်။ ဆင်ကြီးပြင်ရွာမှာကလေး ၃ ယောက်၊ လူကြီး ၂ ယောက် ဒဏ်ရာ၇ပါတယ်။ လောလောဆယ် ဗုံးတွင်းကမထွက်ရဲသေးလို့ အတိအကျ အတည်မပြုနိုင်သေးပါဘူး"ဟု ၎င်းက ပြောသည်။
မင်းပြားမြို့(၅၄၁) တပ်ရင်းနှင့် မင်းပြားအခြေစိုက်တခြားတပ်စခန်းကုန်းများမှ လက်နက်ကြီး ပစ်ခတ်မှုကြောင့်မင်းပြားမြို့နယ်၊ ဖလောင်းပြင်၊ ဆင်ကြီးပြင်၊ ဘူးပင်ကျေးရွာတို့ နှင့် မင်းပြားမြို့ဆေးရုံအနီးဝန်းကျင်မှဒေသခံများ ထိခိုက်ဒဏ်ရာရရှိမှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။
နောက်ထပ်ဒေသခံတစ်ဦးက "အခု လက်နက်ကြီးကျည်ဟာဆင်ကြီးပြင် ရခိုင်ရွာမှာ ၃ လုံးကျပြီး အိမ်တစ်ဆောင် မီးလောင်သွားပါတယ်။ မီးငြိမ်းပြီးတာတောင်မကြာသေးပါဘူး။ လူတွေလည်း ထိခိုက်မှုရှိတယ်လို့ သိ၇ပေမယ့် လက်နက်ကြီးတွေကလည်း ပစ်နေဆဲဆိုတော့ အတိအကျတော့ မပြောနိုင်သေးပါဘူး"ဟု ပြောသည်။
မင်းပြားမြို့ဆေးရုံအနီးနှင့်မိုင်းခွဲမှုဖြစ်ပွားခဲ့သည့် မင်းဘာကြီးရပ်ကွက်တွင်လည်း လက်နငါကြီးကျည်ထိမှန်ကာ ထိခိုက်ဒဏ်ရာရရှိမှုရှိသည်ဟုသိ၇သည်။
"မင်းပြားဆေးရုံနားကမူဆလင် အမျိုးသမီးတစ်ယောက်လည်း လက်မောင်းမှာထိတယ်လို့ သိ၇ပါတယ်။ မင်းဘာကြီးဘက်မှာလည်းအသက် (၄၀) ကျော်တစ်ယောက်၊ (၂၀) ကျော်တစ်ယောက် ထိခိုက်ဒဏ်ရာရတယ်။ ပြီးတော့ ကျားရှည်ပြင်ရွာမှာလည်းလက်နက်ကြီးထိလို့ ရွာတစ်ကောင်သေပြီးတစ်ကောင်ဒဏ်ရာရတယ်ကြားပါတယ်။ ဘယ်ကိုမှန်းမသိ လှည့်ပတ်ပစ်နေတော့လောလောဆယ် အတိအကျမသိနိုင်သေးပါဘူး"ဟု မင်းပြားမှ လူမှုရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။
ယင်းအပြင်ဘူးပင်ကျေးရွာမှ ဒေသခံနှစ်ဦးမှာလည်း လက်နက်ကြီးကျည်စထိမှန်၍ လက်ရှိမှာ မင်းပြားဆေးရုံတွင်ဆေးကုသမှုခံယူနေသည်ဟု သိ၇သည်။
မင်းပြားမြို့နယ်အတွင်းလက်ရှိ သေဆုံးသူများ နှင့် ထိခိုက်ဒဏ်ရာရရှိသူ စာရင်း၊အချက်အလတ်များကို စုံစမ်းနေဆဲဖြစ်၍အတိအကျကို နိရဉ္စရာအနေနှင့်အတည်မပြုနု်င်သေးပေ။